ချက်တင်မှ

ဆူးOctober 25, 20101min23917

ဘယ်သူမှ မဖိတ်ကြားဘဲ အတင်း အပ်..
လာ ဟိုက် ပြန်တော့ မအား လို့ ပြန်ပြောရင် ကြီးကျယ်တယ်.. ဘာညာနဲ့
မအားဘူးဟေ.. မပြောဘူးလို့ ပြောလိုက်တော့.. အားမနာ လျှာမကျိုး..
နာမည်လိုက်မေး.. မပြောဘူး ဆိုတော့ ပြောပါ ပြောပါ တဂျီဂျီ..
ဘယ်က ချက်လဲ မေးတော့ အမြင်ကတ်လို့.. ကွန်ပြူတာ ရှေ့ကလို့ ဖြေလိုက်လည်း မကျေနပ်..
ဒီလောက် ခပ်တင်းတင်း ပြောတာလည်း အလိုက်မသိဘူး..
အလိုက်ကန်းစိုးမသိ.. ဘယ်က အပ်လဲ မေးတော့ မရေရာ.. မရေရာလည်း ဂျောင်း.. (ကုလားစကား ယူသုံးလိုက်သည်) ဘလော့လိုက်တယ်..
ဘလော့မလုပ်ချင်လို့ ခဏ ထားပါတယ်.. နာမည် မေးတာ မပြောဘူးလား.. ဂျီတော့ထဲမှာ နာမည် မသိတဲ့ လူမရှိဘူး ဒီတယောက်ထဲ မသိသေးတာ သိချင်လို့ပါ..
တခုပြန်မေးလိုက်သည်.. သူငယ်တန်းတုန်းက အတန်းထဲမှာ လူငယ်နှစ်ယောက် ရှိလဲ မှတ်မိလား.. အတန်းဖော်တွေ အားလုံး နာမည်မှတ်မိလား..
ဘယ်သူမဆို ကြာသွားရင်မေ့တာဘဲ.. မေးမနေနဲ့.. မပြောဘူး.. ဘုပြောပါ များတော့.. နောက်များ လာမချက်တော့ဘူး..

ဒါနဲ့ စွာတယ် ဆိုတာ ဘာလဲ.. ထက်တယ် ဆိုတာ ဘာလဲ..
ကွန်ပြူတာ ရှေ့မှာ ဘာလုပ်နေလဲ ဘယ်သူသိမလဲ.. မြင်မှ မမြင်ရတာ.. ဘယ်သူကိုမှ ဂရုမစိုက်ဘူး.. ကိုယ်အခွင့်အရေးနဲ့ကိုယ်.. စိတ်ကြိုက် ဘလော့ ပိုင်ခွင့်ရှိတယ်.. မကျေနပ်ရင် လာမအပ်နဲ့.. မျက်စိရှုပ်သက်သာတယ်..
သိတဲ့လူတွေ ဖြစ်မှာ စိုးလို့.. အပ်ပေးထားတာ.. ကြူချင်စိတ်တွေ ထိန်းမရ ဖြစ်နေတဲ့ ဂျီတော့ ယူဇာတွေက များနေတယ်။

17 comments

  • weiwei

    October 25, 2010 at 11:04 am

    အဲဒါမျိုး ခဏခဏကြုံခဲ့ဖူးတယ် .. အွန်လိုင်း ယဉ်ကျေးမှုမရှိကြတာ … မိန်းကလေးနံမည်ဆိုရင် အတင်း လိုက်အပ်ပြီး ပေါက်ကရက စမေးပါတယ် … အမအရွယ်လား အမေအရွယ်လား အဖွားအရွယ်လား သေချာမသိဘဲနဲ့ ရိုင်းစိုင်းကြတယ် … နံမည်တွေက ကိုယ်နဲ့သိတယ့်သူများလားဆိုပြီး လက်ခံလိုက်မိတယ် … အမှန်ကတော့ တစ်ယောက်ကို ဖိတ်ချင်ရင် ကိုယ်က အရင်ဘယ်သူဘယ်ဝါ ဘာအကြောင်းကြောင့် သိချင်ပါတယ်လို့တော့ အင်ထရိုလုပ်သင့်တာပေါ့ … အွန်လိုင်းယဉ်ကျေးမှုဆိုပြီး သီးသန့်သင်တန်းတောင် ဖွင့်ရမလိုဖြစ်နေပြီ … ကျွန်မကတော့ စိတ်ကုန်လို့ အွန်လိုင်းကို အီးမေးလ်အတွက်ပဲ သုံးတော့တယ် … ဂျီတော့မဖွင့်ဖြစ်တာ အတော်ကြာနေပြီ …

  • ghost

    October 25, 2010 at 11:45 am

    ေဩာ်…ဖြစ်မှဖြစ်ရလေ ..သတိတော့ထားပါ block တာငရဲကြီးတတ်တယ်

  • intro

    October 25, 2010 at 12:03 pm

    သနားစရာတောင် ကောင်းနေပြီ အစ်မရယ်… ပေါက်ကွဲသံစဉ်တွေ ရင်လာဖွင့်နေတယ်နဲ့ တူပါရဲ…

  • ဆူး

    October 25, 2010 at 12:20 pm

    intro ပြောမှဘဲ.. ဆူးလည်း ပေါက်ကွဲ သံစဉ် ဖြစ်မှန်း သတိထားမိတော့တယ်.. ဟီးဟီး.. အမြင်ကတ်လို့ ချရေးလိုက်တာ..

  • fatty

    October 25, 2010 at 1:43 pm

    ကျနော်တို့တော့ ဆူးစူးမှာကြောက်တယ်။

    • ဆူး

      October 26, 2010 at 4:32 am

      ဦးလေးဝတုတ်.. ရုတ်ရုတ် လုပ်တာနဲ့ ဦးလေးဝတုတ် စုဖုရားလတ်ကို သွားတိုင်မယ်.. ဦးလေး ဝတုတ် ခမည်းတော် မင်းတုန်း ခြေရာ မနင်းနိုင်သေးလို့ မန်းလေးဂေဇတ်မှာ သောင်းကျန်းထားကြောင်း သွားတိုင်လိုက်မယ်နော်.. ဟဲဟဲ..

  • manawphyulay

    October 25, 2010 at 2:29 pm

    ဟဟ… ဆူးရေ ဒီလိုပဲ လူတိုင်းကိုကိုယ့်စိတ်နဲ့နှိုင်းလို့မရဘူးလေ။ မနောဆိုလည်း ပိုဆိုးသေးတယ်။ အပေါင်းအသင်းများတော့ သူတို့ကနေတစ်ဆင့် လာအပ်တဲ့သူတွေရှိသလို မိတ်ဆွေ တွေလည်းများတယ်။ပြန်မပြောဖြစ်တာများတယ်လေ။ကိုယ်က ရတဲ့အချိန်လေးကို ကိုယ့်ဘာသာလေ့လာစရာတွေကများတော့လုပ်နေတာ။ တစ်ခါ ပြောရဦးမယ်။ အကောင့်နာမည်မကြည့်ပဲ ခေါ်ပါများတော့ ပြောလိုက်မိတယ်။ ညီမလေးရေပြော ဘာကူညီရမလဲလို့ ပြောလိုက်တော့ တစ်ဘက်က ပြန်ပြောတာ ကိုယ့်နဖူးကိုယ်ရိုက်မိရတော့တယ်လေ။ တစ်ဖက်က ပြန်ပြောတဲ့စကားက “ဦးဇင်းပါ ဒကာမကြီးတဲ့”…. ဟီး တောင်းပန်လိုက်ရတာ မပြောပါနှဲ့တော့။
    နောက်တစ်ယောက်ကတော့ ဘယ်သူဆိုတာ လာဖတ်ရင် ကာယကံရှင်သိပါလိမ့်မယ်။ ဟီး မပြောတော့ပါဘူး။ အလုပ်လုပ်နေတုန်း လာခေါ်တော့ ပိတ်ဟောက်မိတယ်။ သူ့ကိုလည်း နောက်မှ တောင်းပန်မိပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 25, 2010 at 9:34 pm


    တော်တော် ခံစားနေရတယ်လား
    ဘာတွေ ချက်ပြုတ် နေကြပါလိမ့်

  • bigcat

    October 25, 2010 at 10:50 pm

    နာမည်ဆိုတာ မေးတိုင်းမပြောကောင်းဘူးကွဲ့။ မတော်လို့ လက်ခံလိုက်သူက နာမည်ကိုကြည်ု့ပြီး နေ့နံနဲ့ကတ်ကင်း ရိုက်လိုက်မှဖြင့်။ ဒီလိုလုပ်လိုက်ပါကွယ်၊ အားလုံအဆင်ပြေသွားအောင် နာမည်မပြောတာ ဆူးကို တန်ဖိုးထားလို့ မလိမ်ချင်လို့ ဖြစ်မှာပါ။ ဟုတ်တယ်လေ မမြင်ရတဲ့ အင်တာနက်မှာ ကိုယ်ကြိုက်တဲ့ အမည်ပေလို့ရတာပဲ။ ကိုကြောင်ကြီးရဲ့ လူနာမည်က ဘရက်ဒ်ပစ်တဲ့။

    • ဆူး

      October 26, 2010 at 2:35 am

      ဘလက်လစ် လားဟင်.. ဂျဂာား မပီလို့ ပြန်မေးကြည့်တာ

      • bigcat

        October 26, 2010 at 3:16 am

        ဟေး… အန်တီဆူး ရာထူးတက်သွားပြီကွ။

  • meelay

    October 26, 2010 at 3:32 am

    မီးလဲ အခုနောက်ပိုင်းဆို လာအက် ရင် ပြန်မအက်တော့ဘူး။ တစ်ချို့က လာလဲ အက်သေးတယ်။ စကားပြောတာက မှာရေကြောရေနဲ့။ အဲလိုလူဆို လုံးဝကို ပြန်မပြောဘူး

  • snique

    October 26, 2010 at 6:04 am

    ရှိပါသေးတယ် ဗျာ ကို ့အကောင့် ထဲ လူသစ်ဝင်လာရင် ကို မသိလို ့လှမ်းမေးတယ် ဘယ်သူလဲ ဆို လူပေါ့ တဲ့ ။ အဲဒီမှာ ကျွန်တော့်ပါးစပ်နဲ ့တွေ ့ရော လူမဟုတ်လို ့ဘယ်ခွေးက ကီးဘုတ်ပေါ်လက်တက်ပြီး အားယားပြီး ငါ့အကောင့်အက်လဲ လဲဆိုရော ရိုင်းလိုက်တာတဲ့ အများကြီးပဲ အဲဒီလို ကြုံ ရ တာ ခဏခဏ ကျွန်တော်တို ့က ကို ့ကိစ္စ နဲ ့ကိုယ် အွန်လိုင်းတက်တုန်း ဆက်သွယ်ချင်လို ့ ချက်တင်ကို ဖွင့်ထားတာ သူတို ့လို အားယားပြီး ကြူကြူစိန်လုပ်ဖို ့တွေ များ မှတ်လား မသိဘူး စိတ်လေတယ်။

  • ဆူး

    October 26, 2010 at 6:13 am

    အဲဒါ အဟုတ်ဘဲ.. အသိမိတ်တွေ ကိစ္စ တစုံတရာ ရှိရင် ဆက်သွယ်လို့ရအောင်.. ဂျီတော့ ဝင်ထားတာ..
    အင်တာနက်ကို စသုံခါစ လူတွေ က အဲဒီလို အဖြစ်များတယ်.. အမှန်တော့ ချက်ဆိုတာ သိချင်ရင် ချက်လို့ရတဲ့ ဆိုက်တွေ ရှိတယ်.. အဲဒီမှာ ဝအောင်ချက်.. အဲဒိက လူတွေ အင်ဗိုက်လုပ်..
    နောက်တခု မျက်စိနောက်တာက.. ဖော်ဝပ်မေးတွေ သိပ်ရှုပ်တာဘဲ.. တနေ့တနေ့ လိုက်ဖတ်နေရတာ မေးထဲမှာတောင် ကျပ်နေပြီ.. တကယ်လိုအပ်လို့ ပို့တဲ့မေးက ဂျောင်ရောက်နေလို့.. မသိလိုက်တာတွေက ရှိသေးတယ် စိတ်လေတယ်..

  • mG

    October 26, 2010 at 12:48 pm

    အဟိ…..။အဲ့လို လူမျိုးများအတွက် Spy eddeing Soft-ware ပေါ်ပေါက်နေပါပြီဗျာ….။အဲ့ Soft-ware ကတော့ မိမိကို လာအပ်တဲ့လူတွေကို မိမိကိုအရင်ဆုံး သူ့ရဲ့ Google Register အရင်လာပြတာပါ….။ကိုသိရင်တော့ လက်ခံလိုက်ပေါ့

  • naywoonni

    October 26, 2010 at 1:25 pm

    ghost…ရေ.
    block လုပ်ရင်ဘာလို့ငရဲကြီးတာလဲ
    ဒီနေ့တော့ဟန်ကျတာပဲ
    မြန်မာပြည်ကွန်နက်ရှင်…gtalkဖွင့်မရဘူး
    ဝက်ဆိုဒ်တွေတော့ဝင်လို့ရနေတယ်
    ဘယ်သူနဲ့မှဂျကားမပြောရဘူး
    ကြာတော့ပျင်းလာပြီ

  • unclegyi1974

    October 26, 2010 at 3:31 pm

    အင် ချက်တဲ့လူတွေရဲ့ဒုက္ခကလဲမသေးကိုး
    အန်ကယ်တို့တော့အဲလိုဒုက္ခတွေမရှိ
    မရှိဆိုဂျီတော့ကို ဖွင့်ကိုမဖွင့်တာ
    အေးလိုက်တာမှ..

Leave a Reply