Numbers in USA history

smytu1996October 25, 20103min843

Remark: It was copied from for forward mail, just share u all only. pleases not report it if any problem or contact me .



ဒီသမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား

Aဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။

ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆ဝ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆ဝ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။

သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေး ဆုံးရှုံးခဲ့ရသည်။

သူတို့နှစ်ဦးလုံးသည် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံခံခဲ့ရပါသည်။
သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံခံခဲ့ရပါသည်။
သူတို့နှစ်ဦးလုံးကို တောင်ပိုင်းသားတွေက လုပ်ကြံသတ်ဖြတ်ခဲ့သည်။
သူတို့နှစ်ဦးလုံး၏နေရာကို ဆက်ခံသူများမှာလည်းတောင်ပိုင်းသားများဖြစ်ကြသည်။

ပို ၍ ထူးခြားတာက..

လင်ကွန်းအတွင်းရေးမှုး၏နံမည်သည် ကနေဒီ Kennedy ဖြစ်ပြီး
ကနေဒီအတွင်းရေးမှုး၏နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။

လင်ကွန်း၏နေရာဆက်ခံသူ Andrew Johnson သည် ၁၈၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။



ကနေဒီ ၏နေရာဆက်ခံသူ Lyndon Johnson သည် ၁၉၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။

လင်ကွန်းကို လုပ်ကြံခဲ့သူ John Wilkies Booth သည် ၁၈၃၉ တွင် မွေးဖွါးခဲ့သည်။

ကနေဒီ ကို လုပ်ကြံခဲ့သူ Lee Harvey Oswald သည် ၁၉၃၉ တွင် မွေးဖွါးခဲ့သည်။

သူတို့နှစ်ဦးလုံးတွင် နံမည် သုံးလုံးရှိပြီး
နံမည် သုံးလုံးတွင် အက္ခရာ ၁၅ လုံးရှိသည်။

လင်ကွန်းကို Ford အမည်ရှိ ပြဇတ်ရုံတွင် လုပ်ကြံခံရပြီး ကနေဒီကို Ford ကားကုမ္မဏီ မှထုတ်သော Lincoln အမည်ရှိကားပေါ်တွင် လုပ်ကြံခံရသည်။

သမ္မတလင်ကွန်းသည် ပြဇာတ်ရုံတွင်အပစ်ခံရပြီး ၎င်းကိုလုပ်ကြံသူသည် ဂိုဒေါင်တစ်ခုထဲသို့ပြေးပုန်းခဲ့သည်။
သမ္မတကနေဒီကို ဂိုဒေါင်တစ်ခုထဲမှ လှမ်းပစ်ပြီးလုပ်ကြံသူသည် ပြဇာတ်ရုံသို့ ပြေးပုန်းခဲ့သည်။
သမ္မတနှစ်ဦးလုံးကိုလုပ်ကြံခဲ့သူ Booth နှင့်Oswald သည်တရားရုံးမရင်ဆိုင်ရမှီ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။

လင်ကွန်းမလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် Monroe, Maryland ဟု အမည်ရသောနေရာတွင်ရှိနေခဲ့သည်။

ကနေဒီ မလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် ရုပ်ရှင်မင်းသမီးအဆိုတော် Marilyn Monroe နှင့်အတူရှိခဲ့သည်။
ဒီကိစ္စတွေ ဘယ်သူရှင်းနိုင်သလဲ…

3 comments

  • ဆူး

    October 25, 2010 at 11:45 am

    ဒီအကြောင်းကတော့ မေးထဲက ဖတ်ပြီးသားကြီးပါ.. သို့သော် တင်ပေးတယ် ဆိုလည်း ကြည့်လို့ရအောင် ပုံတွေ သေချာ တင်ပါ။ ဒီအကြောင်းတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပုံတွေ ဘာမှ မပေါ်ဘူး.. အီးမေးထဲက ဒီတိုင်း တင်ထားပုံရတယ်..

  • ဆူး

    October 25, 2010 at 12:25 pm

    အခု ပုံတွေ ပေါ်နေပြီ.. အားလုံးမြင်ရပါပြီ။

    • suzuki

      October 25, 2010 at 6:55 pm

      တစ်ယောက်တည်းကို အမျိုးမျိုးပဲ ။ လူဆိုး (သူလည်း နှစ်မျိုးပဲရှိတဲ့ဟိုလူတန်းစားထဲမှာပါတယ် . . အခုတစ်မျိုး တော်ကြာတစ်မျိုး) :p နောက်တာနော် စိတ်မဆိုးနဲ့။

Leave a Reply