စစ်အစိုးရဘာလို့ ၃ ဂဏန်းကိုကြိုက်ရတာလဲ??

politicalviewOctober 25, 20101min1237

အားလုံးသိကျတဲ့အတိုင်းဘဲဗျာ အောက်တိုဘာ ၂၁ ရက် ၃နာရီ မှာ ၃ရောင်ချယ် အလံကိုတင်ခဲ့ကျတယ်။ အံ့ဩဖို့ကောင်းတာတစ်ခုကဘာလဲဆိုတော့ရွေးကောက်ပွဲလုပ်မယ့်
၇.၁၁.၂၀၁ဝ အားလုံးကိုပေါင်းကြည့်လိုက်ရင် 7+1+1+2+1=3 အံ့ဩစွာဘဲ ၃ ဂဏန်းဘဲဖြစ်နေတာကိုတွေ့ရတယ်။ ဘာလို့ စစ်အစိုးရ ဒီလောက်တောင် ၃ ဂဏန်းကိုကြိုက်နှစ်သက်နေရတာလဲ။ ၃ယောက်မကဝင်ဆွေးနွေးပေးပါဦးဗျာ။

7 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 25, 2010 at 9:19 pm

    ရတနာ သုံးပါးဦးထိပ်ထားတယ်လေ
    သူတော်ဂေါင်းတွေ မဟုတ်ပါလား

  • bigcat

    October 25, 2010 at 10:53 pm

    သူတို့အသုံးမကျလို့ သုံးဆိုတဲ့ ဂဏန်းကို ကျကျနန ကတ်ကင်းရိုက်တာပေါ့ဗျာ။ ကျုပ်တို့က ကိုးဂဏန်းနဲ့ နိုးလို့ ပြန်ကတ်ကင်းရိုက်ကြရအောင်။

  • kglay

    October 26, 2010 at 5:06 am

    ကြည့်ရတာ သသုံးလုံးသေကိန်းရှိတယ်ထင်တယ်။ သန်းရွှေ၊သိန်းစိန် နဲ့သူရရွှေမန်း သုံးယောက် ထင်တယ်။

    • ဆူး

      October 26, 2010 at 5:59 am

      သား ၃ သား မဟုတ်တာ တော်သေးတာပေါ့.. အများနဲ့ ၃ယောက်.. အများ ကံကောင်းပါစေ

  • winyungwe

    October 26, 2010 at 6:15 am

    သူတို့အာဏာတွေ..
    ဆက်လက်အသုံးပြုနိုင်အောင်လို့လေ..
    သုံးကိုရွေးတာပေါ့နော်….
    😛

  • mG

    October 26, 2010 at 12:00 pm

    အင်း…..အကိုတို့ကလည်း ရှင်းနေတာပဲလေဗျာ။မြန်မာမှာက S1 , S2 , S3 ပဲရှိတာလေ။

  • winkyawaung

    October 26, 2010 at 12:07 pm

    စောက်သုံးမကျ လို့ ယတြာယာဆရာပြောတာ ကို သုံးနေကြတာပါကွယ်..။

Leave a Reply