ဆရာလုပ်တယ်လဲ မပြောပါနဲ့၊ သိပြီးသားဆိုရင်လဲ အပြစ်မတင်ပါနဲ့ ။ အထပ်စာလုံးတွေ အင်တာနက်ပေါ်မှာ မရေးတတ်ကြတာ တွေ့နေရတော့ သိတာလေး ပြန်ဝေမျှတယ်ပဲ သဘောထားပါ။

ဥပမာ ကမ္ဘာကို ကဘာ လို့ ရေးနေရတာ ဗုဒ္ဓ ကို ဗုတ်ဒ လိုရေးနေရတာတွေလေ၊

အခက်အခဲတွေ ပြေလည်စေချင်လို့ပါ။

ပထမဆုံးသိရမှာ တော့ ခလုပ်တစ်ခုစီ ပေါ်မှာရှိတဲ့ မြန်မာ စာလုံးနှစ်လုံးကိုပါ။ မြန်မာစာရိုက်တတ်သူတွေသိပါတယ်။ A ခလုပ်ပေါ်မှာ သဝေထိုးနဲ့ ဗထက်ချိုင့် ရှိပါတယ်။ သဝေထိုးက ရိုးရိုးရိုက်ရင်ပေါ်ပါတယ်၊ ဗထက်ချိုင့် ပေါ်စေချင်ရင် shift နဲ့ တွဲနှိပ်ရပါတယ်။  ရိုးရိုးရိုက်ရင်ပေါ်တဲ့စာလုံးကို အောက်စာလုံး ၊shift နဲ့ တွဲနှိပ်ရတဲ့စာလုံးဆိုရင် အပေါ်စာလုံးလို့မှတ်ပေးပါ။ Z မှာဆိုရင်-  ဖ – က အောက်စာလုံးပါ။ -ဇ- က အပေါ်စာလုံးပါ။

နောက်တစ်ခု Tide Key ဆိုတဲ့ ခလုပ်ကို မှတ်ပေးပါ။ tab အပေါ်မှာရှိပါတယ်။ (1)ခလုပ်ရဲ့ ညာဘက်ဘေးကပါ။ ပုံမှာလဲ ပါပါတယ်။ အဲဒါ အထပ်စာလုံး ရိုက်ဖို့ အဓိကလိုတဲ့ ခလုပ်ပါ။

ကမ္ဘာ ဆိုတဲ့ စာလုံး ရိုက်မယ် ဆိုရင် – က -နဲ့  – မ – ကို အရင်ရိုက်လိုက်ပါဦး။ အထပ်စာလုံးက – ဘ – ပါ။ဒါကြောင့် Tide Key ကို တစ်ချက်နှိပ်လိုက်ပါ။ ဖိမထားပါနဲ့ ။ တစ်ချက်ပဲ။ ပြီးရင် – ဘ – ရှိတဲ့ နေရာ B ခလုပ်ကို ဒီတိုင်း တစ်ချက်နှိပ်လိုက်ပါ။ ဒါဆို ဘကုန်းက အထပ်စာလုံးအနေနဲ့ ပေါ်လာပါလိမ့်မယ်။လွယ်ပါတယ်။ဘာမှမှတ်စရာမလိုဘူး။

အပေါ်စာလုံးဆိုရင်တော့ shift နဲ့ Tide Key ကိုတွဲနှိပ်ရပါလိမ့်မယ်။ ဥပမာ ၀ိဇ္ဇာ …

– ဇ – ဆိုတာ အပေါ်စာလုံးပါ။ shift နဲ့တွဲနှိပ်မှ ပေါ်တာပါ။အဲဒါကို အထပ်စာလုံးလုပ်မယ်ဆို shift နဲ့ Tide key ကို တွဲနှိပ်ပါ။ တချက်ပါပဲ။ ဖိမထားပါနဲ့။ပြီးရင် – ဇ – ရှိတဲ့နေရာ z ကို ဒီတိုင်းနှိပ်ပါ။ shift နှိပ်စရာ မလိုတော့ပါ။ ကျန်တာတွေလဲ ဒီအတိုင်းပါ။

အတိုချုပ်က ရိုးရိုးစာလုံးကို အထပ်လုပ်ချင်ရင် Tide Key ကို တစ်ချက်နှိပ်။ပြီးရင် အထပ်လုပ်ချင်တဲ့ စာလုံးကို နှိပ်

အပေါ်စာလုံးတွေ(shift နဲ့တွဲနှိပ်မှ ပေါ်မယ့်စာလုံးတွေ)ကို အထပ်လုပ်ချင်ရင်တော့ shift နဲ့ Tide Key ကိုတွဲနှိပ်။ ပြီးရင် စာလုံးရှိရာခလုပ်ကို ဒီတိုင်းနှိပ် (shift နဲ့ တွဲနှိပ်ရန် မလိုတော့ပါခင်ဗျာ။ )

တချို့စာလုံးတွေတော့ ဒီတိုင်းပေးထားပါတယ်။ ဤ ဆိုရင် T မှာ၊ ၌  ဆိုရင် Y မှာ ၊ ၍ ဆိုရင် I မှာပါ။  Tide Key ကိုတော့ တစ်ချက်အရင် နှိပ်ပေးပါ။

အသေးစိတ်ကြည့်ချင်ရင် လက်ကွက်ပုံစံ ခင်ဗျားအခုကိုင်နေတဲ့ စက်ထဲမှာရှိပါတယ်။ start >All Program>Alpha ZawGyi Unicode System>Alpha ZawGyi Unicode System  ကိုနှိပ်ပြီး ကြည့်နှိုင်ပါတယ်။

အဆင်ပြေပါစေ ………….

About မှော်ဆရာ

has written 58 post in this Website..

အပြုသဘောဆောင်တဲ့ ရေးသားချက်များကိုသာ ရေးသားနှိုင်အောင် ကြိုးစားနေပါတယ်. နိုင်ငံတကာ ဆက်ဆံရေးပညာနဲ့ ကျောင်းပြီးပါတယ်။ ပွင့်လင်းမှုနဲ့ ယဉ်ကျေးမှုကို မြတ်နိုးပါတယ်။ သဘောကောင်းပါတယ်။ လက်သီးထိုး ပြင်းပါတယ်။ ဓါးထိုးပက်စက်ပါတယ်။ CJ # 9222010