Sakya Monastry from Tibet

weiweiOctober 25, 20105min806

တိဗက်ပြည်နဲ့ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ Shigatse မြို့ရဲ့ အနောင်တောင်ဘက်မှာတည်ရှိပါတယ်။ ၁၂၆၈ ခုနှစ်မှာ ဘုန်းကြီးကျောင်းကို ကျောက်တောင်တွေကိုထွင်းပြီး တည်ဆောက်ခဲ့ကြတယ်။ ထူးခြားတယ့် ဗိသုကာလက်ရာတွေနဲ့ သမိုင်းအထောက်အထားတွေအများဆုံးရှိတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်။ သာသာနာဂိုဏ်းချုပ်နေရာလို့ပြောလို့ရမယ်ထင်ပါတယ်။ ၁၆ ရာစုနှစ်မှာပြန်လည်မွမ်းမံခဲ့ပါတယ်။ အဓိက စိတ်ဝင်စားစရာနေရာတွေက အတွင်းခန်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ပုံရိုက်ခွင့်မပြုလို့ ဓါတ်ပုံမဖော်ပြနိုင်ပါဘူး။ ဘုန်းကြီးတွေ ဘုရားရှိခိုးတယ့်နေရာမှာရှိတဲ့ သစ်သားတိုင်လုံးတွေ၊ စာကြည့်တိုက်လို့နံမည်ပေးထားတယ့် အခန်းတွေထဲမှာ ပေစာ ပရပိုက်စာတွေ အများကြီးတွေ့ရတယ်။ ဘုန်းကြီးကျောင်းပတ်ပတ်လည်ကို တံတိုင်းတွေနဲ့ကာရံထားတယ်။ အခုအချိန်မှာတော့ အားလုံးအပြည့်တော့မကျန်တော့ဘူး။ စေတီကတော့ အဆင့် ၉ ဆင့်ရှိတယ့်စေတီပါ။ အပေါ်ဆုံးအဆင့်အထိ တက်လို့ရပါတယ်။ လက်ရာကတော့ နီပေါလ်စတိုင်ပဲ ။ လုမ္မနီဥယျာဉ်က စေတီမှာ တွေ့ဖူးခဲ့တယ့် မျက်လုံး ၂ လုံးကို အဲဒီစေတီရဲ့အပေါ်ဆုံးအရစ်မှာ တွေ့နိုင်ပါတယ်။ ထူးခြားချက်တွေနဲ့ သမိုင်းကြောင်းတွေကို ကျွန်မတို့ ခရီးသွားလမ်းညွှန်က ရှင်းပြပေမယ့် နားမလည်ခဲ့ဘူး။

Das Sharat Chandra writes:

As to the great library of Sakya, it is on shelves along the walls of the great hall of the Lhakhang chen-po. There are preserved here many volumes written in gold letters; the pages are six feet long by eighteen inches in breadth. In the margin of each page are illuminations, and the first four volumes have in them pictures of the thousand Buddhas. These books are bound in iron. They were prepared under orders of the Emperor Kublai Khan, and presented to the Phagpa lama on his second visit to Beijing.

There is also preserved in this temple a conch shell with whorls turning from left to right [in Tibetan, Ya chyü dungkar ; and in Chinese Yu hsuan pai-lei], a present from Kublai to Phagpa. It is only blown by the lamas when the request is accompanied by a present of seven ounces of silver; but to blow it, or have it blown, is held to be an act of great merit.”[5]

A huge library of as many as 84,000 scrolls were found sealed up in a wall 60 metres long and 10 metres high at Sakya (Ch: Sagya) Monastery in 2003. It is expected that most of them will prove to be Buddhist scriptures although they may well also include works of literature, and on history, philosophy, astronomy, mathematics and art. They are thought to have remained untouched for hundreds of years.

http://en.wikipedia.org/wiki/Sakya_Monastery

ဘာသာပြန်ရင် လွဲကုန်မှာစိုးလို့ အင်တာနက်ကနေ ကူးပြီး တင်ပေးလိုက်ပါတယ်။

အဲဒီကိုသွားတုန်းက မိုးရွာနေလို့ ဓါတ်ပုံများများမရိုက်ခဲ့ရဘူး။ နောက်ဆုံးက ပြထားတယ့် ရှုခင်းတွေကတော့ အဲဒီမြို့ကနေအထွက် ဧဝရတ်တောင်ဘက်ကိုသွားတယ့် လမ်းဘေးမှ ရှုခင်းများဖြစ်ပါတယ်။

ကျွန်မရဲ့တိဗက်ခရီးစဉ်ကို ဒီတင်ပဲ ရပ်နားလိုက်တော့မယ်။

စိတ်ဝင်စားလို့ သွားလည်ချင်တယ်ဆိုရင်တော့ … သိချင်တယ့်အချက်တွေ မေးမြန်းနိုင်ပါတယ်။

6 comments

  • kai

    October 25, 2010 at 11:02 pm

    သရဲများနှင့်ခရီးသွားခြင်းလို့တောင် ခေါင်းစဉ်တတ်ပေးတော့မလို့..။
    အောက်ဆုံးပုံကျမှ လူ၂ယောက်တွေ့တာမို ့.. အသက်အောင့်ထားတာဖြေလိုက်တာပါ။
    လက်တွေအများကြီးနဲ့.. နတ်ရုပ်တွေ့တော့ .. တိဗက်လည်း ဟိန္ဒူအယူဝါဒရောက်တာပါပဲလားလို့ထင်မိတယ်..။

    ဘရက်ပစ်ရဲ့ Seven Years in Tibet ရုပ်ရှင်ပြန်ကြည့်ဦးမှပါပဲ..။
    မသိတာတွေ တွေ့ရင် လာမေးပါမယ်နော..။

  • weiwei

    October 26, 2010 at 4:57 am

    တိဗက်အရေးအခင်းဖြစ်ပြီးခါစမို့လို့ ခရီးသွားအရမ်းနဲနေတယ့်အချိန်ပါ … ကင်မရာရှေ့ကိုဖြတ်လျှောက်မယ့်သူမရှိဘူးဖြစ်နေတယ် .. ကျွန်မတို့ကလဲ ၃ ယောက်ထဲ သွားတာဆိုတော့ လူနဲနေတာပေါ့ … လမ်းညွှန် တိဗက်မလေးကို ပြချင်ပေမယ့် သူ့ပုံလဲရှာမတွေ့လို့ …

    နောက်ထပ် လှပတယ့် တရုတ်ပြည် ရှုခင်းတွေကိုလဲ မိတ်ဆက်ရင်းနဲ့ ထပ်တင်ပေးပါအုန်းမယ် …

  • weiwei

    October 26, 2010 at 4:59 am

    တိဗက်အရေးအခင်းဖြစ်ပြီးခါစမို့လို့ ခရီးသွားအရမ်းနဲနေတယ့်အချိန်ပါ … ကင်မရာရှေ့ကိုဖြတ်လျှောက်မယ့်သူမရှိဘူးဖြစ်နေတယ် … ကျွန်မတို့ကလဲ ၃ ယောက်ထဲ သွားတာဆိုတော့ လူနဲနေတာပေါ့ … လမ်းညွှန် တိဗက်မလေးကို ပြချင်ပေမယ့် သူ့ပုံလဲရှာမတွေ့လို့ …

    နောက်ထပ် လှပတယ့် တရုတ်ပြည် ရှုခင်းတွေကိုလဲ မိတ်ဆက်ရင်းနဲ့ ထပ်တင်ပေးပါအုန်းမယ် …

  • ဆူး

    October 26, 2010 at 6:04 am

    မဝေဆီမှာလည်း နက်နက် မကောင်းလို့နဲ့ တူတယ်.. ၂ခါတောင် တင်ထားတယ်..

  • weiwei

    October 26, 2010 at 6:11 am

    ဂေဇက်က မကောင်းတာလား … နက်က မကောင်းတာလားမသိဘူး .. တစ်ခါဖွင့်ရင် တစ်ရေးအိပ်စောင့်ရတယ် ..

  • ဆူး

    October 26, 2010 at 6:24 am

    ဂေဇတ် အဲရာ
    နက်နက် အဲရာ
    ဆာဗာ အဲရာ
    အကုန် အဲရာ..
    ဒီမှာလည်း အလုအယက် ရတဲ့ အချိန်လေး စောင့်သုံးနေရတာ.. ကိုယ်ဟာကိုတောင် သနားလာပြီ..
    မြန်မာပြည်က လူတွေ မရေးနိုင်တော့.. ဂေဇတ်ကြီးလည်း အိပ်မောကျချင်နေပြီ.. ပိုစ်အသစ် သိပ်မတက်ဘူး..

Leave a Reply