mGဆိုတဲ့အကို လား ညီလား ရေးထားတဲ့ ဆန္ဒပြုချက်များ ( X ) ဆို တဲ့ပိုစ့်ကို ဖတ်ကြည့်ပြီး ကျွန်တော် မသိသေးတဲ့( မသိချင်တော့တဲ့) ပါတီနိုင်ငံရေး တွေအကြောင်း သိလိုက်ရပါပြီ။ ကျေးဇူးလဲတင်ပါ တယ်။ပိုစ့်အောက်ဖက်မှာcomments တွေလဲတွေ့ရပါတယ်။ အဲဒီထဲကတစ်ခုကိုကျနော် ဘဝင်မကျမိပါဘူးခင်ဗျာ။

((((((။စိတ်နဲ့မနှိုင်းပါနဲ့…။ကျွန်တော်ဟာ အမျိုးသားဒီမိုကရေစီပါတီဝင် တဦးပါ။ခင်ဗျာမှာတောင် အဲ့လိုအောင်ဆန်းစုကြည် အတွက် ဒီအဖွဲ့ထဲကို ၀င်ဖို့ သတ္တိရှိပါ့မလား။ရှိမယ်မထင်ပါ။ခင်ဗျာလိုလူမျိုးက ရုပ်မပြရဲပဲပြောနေနိုင်တယ်။ကျွန်တော်တို့တွေ NLD ကိုယ်စား၊၈၈ ကျောင်းသားတွေ နဲ့ပေါင်းပြီး စာစောင်တွေ ဝေတုန်းက ခင်ဗျာတို့လို လူမျိုးတွေ လိုအပ်တယ်။ဘယ်များရောက်နေတာလည်း။အိမ်ထဲမှာနေပြီးတော့ စောင်ခြုံမအော်နဲ့ အစဉ်မပြေနိုင်ဘူး။)))))))

အရင်ဆုံး ကျနော်အကြောင်း နဲနဲပြောပရစေ။ အရင်တုန်းကကျနော် ကိုတိုင် ပါတီနိုင်ငံရေး တွေအကြောင်း ကိုတော်တော်စိတ်ဝင်စားခဲ့ပါတယ်။ ၈၈ ကာလကို တော့မမီ လိုက်ပါဘူး။ အားလုံးမှတ်မိ ကြ မဲ့ ”ရွှေဝါရောင် လှုပ်ရှားမှူ” ကိုတော့ သိမိလိုက်ပါတယ်။ကိုတိုင်လဲ တစ်နည်းတစ်ဖုန် ပါဝင်ခဲ့ပါတယ်။

ပါဝင်ဖြစ်ခဲ့ ပုံ ကိုနဲနဲတင်ပြပါရစေ။ အဲဒီ တုန်းက လဲအခုကာလ(ခုလောလောဆယ်)လို ပဲ၊ အင်တာနက်၊ ရေဒီယို တို့မှာ တော်တော်လေးကိုဖွ(အဲလိုပဲပြောပရစေ) ကြပါတယ်။ နဂိုကထဲက နိုင်ငံရေး ပိုးလေး ရှိတဲ့ ကျနော် နဲ့ ကျနော့်သူငယ်ချင်း တစ်စုလဲ ပါဝင်ခဲ့ ကြပါတယ်(ချီတက်ဆန်ဒပြကြတယ်ပေါ့)။ အဲဒီချီတက်မှုကြီး မှာ ကို့ထက်အသက်အားဖြင့် ရော၊ဝါအားဖြင့်ပါ ကြီး တဲ့သူတချို့နဲ့လဲ ခင်မင်ခဲ့ပါတယ်။

သိကြတဲ့ အတိုင်းပါ၊ မကြာခင်မှာပဲ အဲဒီချီတက်မှုကြီး ဟာ ယမ်းသံ၊ သနပ်သံတွေ၊ ကျည်ဖူးတွေ ရဲ့အောက်မှာနိဂုံးချုပ် ခဲ့ရပါတယ်။ ကျနော် ကတော့ခုချိန် မှာအင်တာနက် ပေါ်စာရေး လို့ရ အောင် ကံကောင်း နေပေမဲ့ ကံ ဆိုးတဲ့ ကျနော် သူငယ်ချင်း နှစ်ယောက ကတော့အဲဒီ နေ့ထဲ က ဧည့်အိမ်ကိုမပြန် နိုင်တော့ပါဘူး။ ခွေးပြေး၊ဝက်ပြေး ပြေးနေတဲ့အဲဒီ အချိန် တုံးက ကျနော့ ခေါင်းထဲမှာ ဘာပါတီနိုင်ငံရေး မှမရှိတော့ပါဘူး။

” ကျနော်တို့ အလိမ် ခံလိုက်ရပြီ” ဆိုတာတစ်ခုပဲရှိပါတယ်။

ဟုတ်ပါတယ် ကျနော်တို့ အလိမ် ခံခဲ့ရပါတယ်။ အဲဒီ အင်တာနက်၊ ရေဒီယို တို့မှာ ဖွခဲ့တဲ့သူ တွေကရော အဲဒီအချိန်မှာဘာလုပ် နေကျပါသလဲ။TV ဖန်သားပြင်ပေါ်ကနေ ဘောလုံး ပွဲတစ်ခုကြည့် နေသလိုပဲကြည့်နေကြတာလာ၊ ဒီမိုကရေစီ ခေါင်းဆောင်ကြီး ဆိုတဲ့ အန်တီ ကရော ဘာလုပ် နေတုံး။

”ကျနော်တို့က နိုင်ငံခြားရောက် နေလို့၊ စားဝတ်နေ ရေးကရှိသေးလို့၊မိသားစု ကိုငဲ့နေရလို့၊ အသက်ကြီး သွားလို့” ဆိုတာ တွေပဲလား၊၊ တစ်ကယ်စိတ်ပါရင် နိုင်ငံခြားရောက် နေလဲ ပြန်လာပါ(ဝင်ခွင့်မပေးလို့လား၊နာဂစ် မုန်တိုင်းကြီး တုံးကလဲနိုင်ငံခြားသားတွေကိုဝင်ခွင့်မပေးပါဘူး၊ ဒါပေမဲ့တကယ် ကူညီချင် တဲ့သူတို့က ရအောင် ခိုးဝင်ပီးကူညီခဲ့ကြပါတယ်)။

စားဝတ်နေရေး၊မိသားစု ရေးလား၊ လူသားအားလုံးစားဝတ်နေရေး၊မိသားစု ရေး ရှိကြတာပဲ၊ အသက်ကြီး သွားလို့ပဲလား၊ အဲဒီချီတက်မှုကြီး မှာပါဝင်ခဲ့တဲ့တစ်ချို့ပုဂ္ဂိုယ် တွေကခုနှစ်ဆယ်ကျော် တန်းတွေ ပါပါတယ်။

အဲဒီချီတက်မှုကြီး မှာလူတော်တော်များများ သေကြေပျက်စီး ခဲ့ရပါတယ်။အဖမ်းခံရတဲ့သူ တွေလဲခံရပေါ့။ အဲဒီအဖမ်းခံရဆိုတာမှာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက အစိုးရ အဖွဲ့အစည်း ရအဖမ်းခံရတာပါ။နောက်တစ်မျိုးကတော့ ”ရောချ” တွေဖမ်းတာပါ။ ၈၈ တုန်းကလဲ ဒီလို ရှုတ်ထွေးနေတဲ့ အခြေအနေ တွေကို အခွင့်ကောင်းယူ ပြီးလူသတ် ၊လုယက် တာ တွေရှိခဲ့ဘူးပါတယ်။ ခုလဲအဲဒီလိုပါပဲ။ အဲဒီရောချ တွေက လူတွေကိုဖမ်း သုံးလို့ရမဲ့သူ ဆိုပြည့်tတန်ာ အဖြစ် ရောင်းစား ပါတယ်၊ အဲကျန်တဲ့ လူအားလုံးကိုတော့ ပါးမှာ တံဆိပ် ခတ်၊ လက်တွေအားလုံး ပူးချည်၊ လည်ပင်း မှာ(ကျွဲ၊နွား တွေကို ချည်သလို) ချည်၊လက်နက် ကိုင် အစောင့်များ နဲ့ နယ်စပ် ကနေတဆင့် ရောင်းစား ပါတယ်။ကျွဲ၊နွား တွေ ရောင်းသလိုရောင်းတာပါ။ ဒီတိုင်းလူလို သူလို လေယဉ်ကြီးစီး ပြီးအလုပ် သွားလုပ်တဲ့သူတွေ တောင်ဒီလောက် အနိမ် ခံရတာ၊ ဒီကျွဲ၊နွား တွေ ရောင်းသလိုရောင်း စားခံရတဲ့သူတွေ တော့ စဉ်းစား သာကြည့်ပါတော့။

ကျနော်ပြောတာ ကဘယ်သူမှန် ဘယ်သူမှား မဟုတ် ပါဘူး။ ကိုတိုင်ကြုံတွေ့ ခဲ့တဲ့ အဖြစ်တွေကို ပြောပြတာပါ။ အစိုးရ ကလိမ်တယ်၊ညာတယ်ဆိုတာတော့ ကြာပါပြီ။ (အဲဒါကိုမကြိုက်လို့ ကိုတိုင်လဲ ဆန့်ကျင်ခဲ့ပါပြီ)။ ဒါဆို အန်တီစု ကရော။ ဟုတ်ကဲ့ အန်တီလိမ်နေ တာလဲကြာပါပြီ။ အန်တီရောက်လာ ထဲက ဒီမိုကရေစီ နဲ့တစ်စီ ထဲစီနေတာ ကျန်တဲ့ အမျိုးသား ကောင်းစား ရေး တွေကြ ဘာလို့ မပြောတုန်း။ ပိတ်စို့မှု တွေလုပ် ခိုင်းတော့ ဘယ်သူကြီး ပွါးသွားလဲ၊ ပြည်သူလား ဟိုအကောင်တွေလား၊ အန်တီအဲဒါ တွေကိုမမြင်တာ လာ ၊ မမြင်တတ် တာလား။

ကဲ အမျိုးသားကောင်းစား ရေး ရောအန်တီဘာလုပ်ပြီး ပြီလဲ။ ကလေးတွေ စည်းကမ်းရှိကြ၊ ကျိုးစားကြ၊လူကြီးမိဘ ရိုသေကြ၊ ((( တိုင်းတပါးသား ကို အထင်မကြီးနဲ့))) ဆိုတာမျိုး ပြောပြီးပြီလား။

ဒါနဲ့ အန်တီနဲ့ အကြောင်းပါခဲ့တဲ့ နိုင်ငံခြားသားကြီးတောင်မရှိတော့ဘူးနော်။ သူနဲ့ရောဘယ်လို အကြောင်းပါခဲ့ တာလဲ။ အချစ်လား။ True Love လား။ အန်တီဟာ တိုင်းတပါးသားတွေ ကို မိမိကိုကျိုးစွန့် ၊အသက်ကိုစွန့် ၊အရာရာကိုစွန့်ပီး တော်လှန်ခဲ့ တဲ့ တကဲ့ အာဇာနည် ကြီး ဗိုလ်ချုပ် အောင်ဆန်း ရဲ့ သမီး အရင်းပါ။( အန်တီကို ဗိုလ်ချုပ် ရဲ့သမီး ဆိုပြီး ကြည်ညိုတဲ့သူတွေမနဲပါ။ ကျနော်လဲပါခဲ့ပါတယ်။ ငယ်စဉ် က မိဘတွေသိမ်း ထားတဲ့ သတင်းစာ တွေထဲမှာ ဗိုလ်ချုပ် ရဲ့သမီး ထူးချွန်ဆုတွေယူနေတဲ့ပုံတွေက ကျနော့ မှတ်ညဏ် ထဲမှာ လေးစား အတုယူစရာ ကောင်းပါတယ်)ခုရော အန်တီကို အတု ယူ ကြရမှာပါလား။ သူနဲ့မင်ဂလာ ဆောင်စဉ် တုန်းကရော ဖခင်ကြီးကို သတိ ရပါရဲ့လား။(ဖခင် ကြီးရှိရင်ရော သဘောတူ မှာလား).(True Love လား။ (ကိုရီးယား ကားနဲ့ရောသွားလို့ပါ) ရှေးရှေးထဲ ကအာဇာနည် ကြီး၊ ခေါင်းဆောင် ကောင်းတွေဟာ အရာရာကိုစွန့်လွတ် အနစ်နာခံတတ်ကြပါတယ်။)

ဒါဆိုအန်တီ လုပ်နိုင်တာဘာလဲ။ မြန်မာပြည်ကိုနာဂစ် ကြီး ဝင်တုန်းကရော၊ ရေဒီယို ကနေ စစ်အစိုး ရအသုံးမကျ တာ၊ လူတွေကိုပစ် ထားတာ၊ စတဲ့လူတွေသိပီး သားအကြောင်းတွေအော် နေတာကလွဲလို့ တခြားရော။ အချုပ်ခံ ထားရလို့လား၊ ကိုတိုင်မဟုတ်လဲ နောက်လိုက်တွေကိုခိုင်းလို့ရပါတယ်၊ ပြည်ပကို ပိတ်ဆို့ ခိုင်းတုန်းကလို ပဲ အကူအညီတောင်းလို့ ရပါတယ်။

ဒါတွေက ကျနော့ အမြင် အတွေး သက်သက်သာ ဖြစ်လို့ အများနဲ့ကွဲလွဲနေနိုင်ပါတယ်၊ အားလုံးပဲလွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ်။ ကိုယ်တိုင်ကတော့ အလိမ်ခံရပြီး လို့ ခွေးပြေး ဝက်ပြေးလဲပြေးခဲ့ပီး ပါပြီ။ (ခွေးသေ၊ဝက် သေ သေ တဲ့သူတွေ၊ ကျွဲလိုနွားလို အရောင်းစားခံ အခိုင်း ခံနေရတဲ့သူတွေလဲမ နဲပါဘူး) ။အားလုံးက ” မြေစာပင်” လေးတွေပါ။

ဘယ်သူ မှန်မှန်၊ ဘယ်သူမှားမှား ကျနော်က တော့ ((ဘယ်သူတွေကသတ္တိရှိ တယ်၊မရှိ ဘူးပြောပြော)) အလိမ်ခံရတဲ့ ” မြေစာပင်” လေးဘဝကိုတော့ ထပ် မရောက်ချင် တော့တာ အမှန်ပင်။

mGရေးထားတဲ့ Commentလေးကို ကျနော် နဲနဲလောက် ထပ် ဖြည့်ရေးချင်ပါတယ်။(စိတ်တော့မဆိုးပါနဲ့)

{{{{{mG
October 27, 2010 at 5:51 pm · Reply

အသက် ၁၈ နှစ်ပြည့်ပြီးသွားလို့ ဘယ်သူ့ကိုမဲပေးရမယ်မှန်းမသိရင်တော့ သူတို့တွေက ကြံ့ခိုင်းရေးထဲကို မဲပေးမှာဗျ။ ခင်ဗျာတို့တွေရဲ့ မူဝါဒတွေမဟုတ်ဘူးလေ (ကိုမိုက်ကယ်ဂျော်နီအောင်ပုရေ)ခင်ဗျာတို့ မူဝါဒက “ကိုယ့်ထမင်းကို အေးအေးစားပြီးတော့ နိုင်ငံဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး” ဆိုတာပဲလေ။ကျွန်တော်တို့က နိုင်ငံနဲ့အောင်ဆန်းစုကြည် အတွက် အမြဲတမ်းလှုပ်ရှားမှုတွေ လုပ်နေတာပါ။ခင်ဗျာ မှားနေပြီ (မိုက်ကယ်ဂျော်နီအောင်ပု)
ခင်ဗျာရဲ့ အကျင့်တွေဟာ အာဏာပိုင်လိုဖြစ်နေပြီ (လူသားအချင်းချင်း နှိမ်ဆက်ခြင်း မူဝါဒ၊ဘယ်သူသေသေ ငါမသေပြီးရော)။

ကျနော် ကိုယ်စားထပ် ဖြည့်ရေးချင်တာကဒီလိုလေးပါ ” ကဲငါတော့ မင်းတို့ကို ပြောချင်တာ၊မှာချင်တာ တွေပြောပြီးပြီ၊ ကျန်တာမင်းတို့ဆက် လုပ်၊ ငါတော့ မိသားစုကရှိသေးတယ်ကွ” ဟူ၍ …}}}}}}

-လူအချင်းချင်း လှည့်ပတ်ချင်း ကင်းဝေးကြ ပါစေ။ ။-

About Gomenasai

Gomena sai has written 4 post in this Website..

Hi