Li River Cruise, Guilin’s trip
Guangxi ပြည်နယ်က Guilin ရှုခင်းတွေပါ။ ကွေ့လင်ကတော့ တရုတ်ပြည်ထဲမှာ ခရီးသွားအများဆုံးနေရာတစ်ခုဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ရာသီဥတုကောင်းမွန်ပါတယ်။ တစ်နှစ်ပတ်လုံး ခရီးသွားမပြတ်ရှိနေတယ့် မြို့တစ်ခုဖြစ်ပါတယ်။ လီမြစ်ထဲမှာ သင်္ဘောစီးပြီး လျှောက်ကြည့်ရတယ်။ ၄ နာရီကြာလောက်စီးရပါတယ်။ တောင်တွေပုံစံစုံ အရွယ်စုံနဲ့ မြစ်ဘေးတစ်ဖက်တစ်ချက်စီမှာ စီတန်းနေတယ်။ တရုတ်ငွေ ၂၀ တန်ရဲ့နောက်ကျောမှာ အဲဒီရှုခင်းကို အသုံးပြုထားပါတယ်။ တောင်တွေရဲ့ ပုံစံတွေကို တိရိစ္ဆာန်တွေနဲ့တူတယ်ဆိုပြီး တစ်ခုချင်းပြပေမယ့် အဲဒီဓါတ်ပုံတွေက သိပ်မသဲကွဲလို့ မပြေတော့ဘူး။ အဲဒီနေ့က မိုးရွာနေပါတယ်။ တရုတ်ပြည်ရဲ့အအေးဆုံးဖြစ်တယ့် ဇန်န၀ါရီလမှာ သွားခဲ့တာဖြစ်ပေမယ့် အဲဒီမှာတော့ သိပ်မအေးပါဘူး။ ကျွန်မရဲ့ကင်မရာက အဲဒီမနက်မှာမှ ပျက်ပြီး အလုပ်မလုပ်လို့ သူငယ်ချင်းရဲ့ကင်မရာနဲ့ သူကိုယ်တိုင်ရိုက်ထားတယ့်ပုံတွေပါ။ ကျွန်မက ကင်မရာရှေ့မှာရှိနိုင်ပေမယ့် ကျွန်မသာ ၀င်ပါလိုက်ရင် ပတ်ဝန်းကျင်ကရှုခင်းတွေ မှေးမှိန်သွားမှာစိုးလို့ မပါတာကို ခွင့်လွှတ်ပါနော် …
တောင်တွေက ဘုတွေ ထ နေသလိုဘဲ.. လှတယ်.. ရှီးဟူ ရေကန် ပတ်စီးတာတောင် သတိလာပြီ.. အဲဒီလို သင်္ဘောများ စီးရင် အိပ်ချင်တာဘဲ.. ၄နာရီ ဆို သေချာပေါက်.. တရေးရနိုင်တယ်..
Was this answer helpful?
LikeDislikeရှီးဟူက ရေကန်ဆိုတော့ သိပ်မစီးရဘူး .. ခဏလေးပဲစီးရတာ .. ဒီဟာကမြစ်ဆိုတော့ အရှည်ကြီးပဲ .. အဲဒီတောင်တွေက တစ်လျှောက်လုံးရှိနေတာ … များလွန်းလို့ ကြည့်ရတာ အီလာတယ် …
တောင်အမြင့်ကြီးတစ်တောင်ရဲ့ အတွင်းထဲကိုရောက်ခဲ့တယ် … အရမ်းအံ့သြစရာကောင်းတယ့် ကျောက်ခက်ပန်းဆွဲတွေတွေ့ခဲ့ရတယ် … အတွင်းပိုင်းဆိုတော့ နဲနဲတော့မှောင်နေတယ် … ဓါတ်ပုံတွေကြည့်ပြီး အဆင်ပြေရင် တင်ပေးအုန်းမယ် … ရုပ်ရှင်တွေထဲမှာမြင်ဖူးမှာပေါ့ .. တောင်အောက်ထဲကို လှေနဲ့လှော်သွားတယ့်နေရာမျိုးလဲ အဲဒီပတ်ဝန်းကျင်မှာရှိတယ် ..
Was this answer helpful?
LikeDislikeတရုတ်ပန်းချီတွေမှာ ရေဆေးစုတ်ချက်နဲ့ ဆွဲတာတွေက ..ဒါတွေအခြေခံတာထင်တယ်..။
ဟာနုမန်မျောက် အဲနီမေးကားမှာလည်း ဒီလို ရှုခင်းပုံတွေ.
အံ့ ဖွယ်သုတ…
Was this answer helpful?
LikeDislikeဟုတ်ပါတယ် .. ဟာနုမာန်မျောက်ကားက အဲဒီပါဝန်းကျင်မှာ ရိုက်တာ .. နောက်ပြီး တရုတ်သမိုင်းတွေထဲက လျှန်စန်းပေါ် (မှတ်မိကြလားတော့မသိဘူး .. တော်တော်လူကြိုက်များတယ် .. ကောင်မလေး ကျုရင်ထိုင် က ကောင်လေးလိုဝတ်ပြီး ကျောင်းသွားတက်တယ်လေ) အဲဒီလမ်းကလဲ အဲဒီနယ်ဖက်ကရာဇ၀င်ပါ … တရုတ်ရိုမီယိုနဲ့ ဂျူးလီးယက် ဇာတ်လမ်းပေါ့ ..
Was this answer helpful?
LikeDislike