Marketing အထာလေးတွေနော

နီေလးOctober 26, 20101min360

.တစ်

ဧည့်ခံပွဲတစ်ခုမှာ အင်မတန်လှပတဲ့ မိန်းမချောတစ်ဦးကိုတွေ
့လိုက်ပြီဆိုပါတော့။

သူ ့ဆီတိုက်ရိုက်ဝင်ပြီး ကျွန်တော်က” အင်မတန်ချမ်းသာတဲ့သူဌေးပါ။ကျွန်တော်

ကို လက်ထက်မလား” လို ့မေးရင် အဲဒါ Direct Marketing ။

တိုက်ရိုက်ဈေးကွက်တင်တာပေါ့။

နှစ်

ပါတီမှာ သူငယ်ချင်းတစ်သိုက်နဲ ့ ပျော်နေကြတုန်းမှာ အင်မတန်လှပတဲ့မိန်းကလေး

ကိုတွေ ့တယ်။ သူငယ်ချင်းတစ်ယောက်က အဲဒီကလေးမဆီ လျှောက်သွားပြီး ခင်ဗျားကို

လက်ညိုးထိုးပြတယ်။

“ သူက သိပ်ချမ်းသာတာ၊ သူ ့ကိုကြိ ုက်လိုက်ပါလား” လို ့ပြောရင် အဲဒါ
Advertising ။

ကြော်ငြာသဘောတရား။

သုံး

ပါတီမှာ မိန်းမချောလေးကိုတွေ ့လို ့တယ်လီဖုန်းနံပါတ် တောင်းထားလိုက်တယ်။

နောက်နေ ့ကျတော့ တယ်လီဖုန်းနဲ ့လှမ်းပြီး “ ကျွန်တော်ကသိပ်ချမ်းသာတဲ့လူပါ။

ကျွန်တော်ကို လက်ထက်မလား” လို ့မေးရင် အဲဒါ Telemarketing ။

လေး

ပါတီမှာ ကောင်းမလေးကိုတွေ ့တယ်။ စကားရောဖောရောတွေလုပ်ပြီးအချိူရည်ယူူပေး၊

စားစရာယူပေးတွေ လုပ်တယ်။ပြန်မယ်ဆိုတော့ ကားအထိလိုက်ပို ့ပေးပြီး
တံခါးဖွင့်ပေး

တယ်။ ပြီးတော့မှ စကားကြီးသုံးခွန်းပြောတယ်။ အဲဒါ Public Relation ။ ပြန်
/ဆက်ပေါ့။

ငါး

ပါတီမှာ ကောင်းမလေးက ခင်ဗျားဆီကို တန်းတန်းမတ်မတ် ရောက်လာပြီး “ ရှင်က သိပ်

ချမ်းသာတယ်ဆို၊ ကျွန်မကို လက်ထက်ပါလားဟင်” လို ့မေးရင်အဲဒါ Brand
Recognition။

ဈေးကွက်မှာ ပစ္စည်းပေါက်သွားတာ။

ခြောက်

ပါတီမှာ ကောင်းမလေးကိုတွေ ့တယ်။ သူ ့ဆီသွားပြီး “ ကိုယ်ကသူဌေးလေးပါ။
ကိုယ့်ကို

လက်ထက်ပါလား” လို ့ပြောတယ်။ကောင်းမလေးက လှည့်ကြည့်ပြီး ပါးကြီးကို အားရပါးရ

ထိထိမိမိ တွယ်ထည့်လိုက်တယ်။အဲဒါ Customer Feedback ။ စားသုံးသူရဲ ့သဘောထား။

ခုနှစ်

ပါတီမှာ တွေ ့တဲ့ကောင်းမလေးကို ခင်ဗျားက ချဉ်းကပ်ပြီး
သုံးခွန်းသောစကားပြောတယ်။

သူက “ အတော်ပဲ ကျွန်မယောက်ျားနဲ ့မိတ်ဆက်ပေးရဦးမယ်” ဆိုပြီး သူ
့ဘေးဘဲကြီးနဲ ့

မိတ်ဆက်ပေးတယ်။ အဲဒါ Demand and Supply Gap ။ ဝယ်လိုအားနဲ ့ရောင်းလိုအား

ကွာဟမှု။

ရှစ်

ပါတီမှာ ကောင်းမလေးတွေ ့လို ့ချဉ်းကပ်ဖို
့ခြေလှမ်းပြင်နေတုန်းတစ်ယောက်ကဝင်လာပြီး

“ကိုကိုကသူဌေး၊လက်ထက်ကြရအောင် နော် ” လို ့ဖြတ်ခုတ်သွားရင်အဲဒါ Competition

Eating into your market share ။ ဈေးကွက်အလုခံတာ။

ကိုး

ပါတီမှာကောင်းမလေးတွေ ့လို ့ ချဉ်းကပ်လမ်းဖောက်နေတုန်း
အိမ်ကဟာမကြီးပေါ်လာပြီး

“မောင်ရေ” လို ့အသံပေးလိုက်တယ်။အဲဒါ Market Restriction ။
ဈေးကွက်ချုပ်ချယ်မှုဝင်လာတာ။

mail တစ်ခုမှရရှိ၍ ပြန်လည်ဝေဌ လိုက်ပါသည်။