လိင်တူချစ်သူတွေကို သတ်ဖြတ်ရန် ဓါတ်ပုံနဲ့ နာမည်စာရင်းတွေကို ထုတ်ပြန်ခဲ့တဲ့ Rolling Stone မဂ္ဂဇင်း

PhyoOctober 26, 20101min885

သက်တံ့အယ်ဒီတာအဖွဲ့။ October/25/2010

Rolling Stone လို့ အမည်ရတဲ့ ယုဂန်ဒါနိုင်ငံ အခြေစိုက် မဂ္ဂဇင်းစာစောင်က ယုဂန်ဒါနိုင်ငံမှာရှိတဲ့ လိင်တူချစ်သူဦးရေ စုစုပေါင်း အယောက် ၁၀ဝကျော်ရဲ့ ဓါတ်ပုံနဲ့ အမည်စာရင်းတွေကို ကာယာကံရှင်တွေရဲ့ ခွင့်ပြုသဘောတူညီချက် မရရှိပဲ ထုတ်ဝေဖြန့်ချီလိုက်တယ်လို့ သိရပါတယ်။

အဲဒီမဂ္ဂဇင်း စာစောင်ဟာ အမည်စာရင်းတွေကို ထုတ်ဖော်ပြရုံတင်မကပဲ တွေ့တဲ့နေရာမှာ ကြိုးဆွဲသတ်ဖြတ်ပစ်ကြဖို့ အတွက်ကိုပါ တိုက်တွန်းအားပေး ထားကြောင်းလည်း သိရပါတယ်။ အဲဒီသတင်းကို မဂ္ဂဇင်းရဲ့ မျက်နှာဖုံး စာမျက်နှာမှာ ပေါ်ပေါ်ထင်ထင် ဖော်ပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆောင်းပါးထဲမှာ ဖော်ပြထားတဲ့ နောက်ထပ် အချက်တစ်ချက်က အဲဒီ လိင်တူချစ်သူတွေဟာ အပြစ်မဲ့တဲ့ ကလေးသူငယ် တစ်သန်းကျော်ကို လိင်တူချစ်သူတွေ ဖြစ်လာဖို့ရန်အတွက် အတင်းအဓမ္မ ဇာတ်သွင်းနေကြတာ ဖြစ်တယ်ဆိုပြီး ဖော်ပြထားတယ်လို့ သိရပါတယ်။

အခုလို ထုတ်ဝေဖြန့်ချီခဲ့တာဟာ ခြောက်လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီလို ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ မဂ္ဂဇင်းတိုက်ရဲ့ အယ်ဒီတာချုပ် Giles Muhame က ဒီလိင်တူချစ်သူတွေကို အစိုးရတွေ အနေနဲ့ အလွယ်တကူ ဖမ်းဆီးနိုင်ဖို့အတွက် အခုလို ထုတ်ဝေဖြန့်ချီခဲ့တာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတယောက်ဖြစ်တဲ့ Julian Onziema ရဲ့ အေပီသတင်းဌာနကို ထုတ်ဖော်ပြောဆိုချက်အရ အခုခါမှ ဖမ်းဆီးခံရတဲ့ ရေအတွက် စုစုပေါင်း လေးယောက်တိတိ ရှိသွားပြီ ဖြစ်တယ်လို့ သိရသလို ကျန်တဲ့သူတွေကတော့ လွတ်ရာနေရာမှာ ထွက်ပြေးပုန်းရှောင် နေရတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး “တချို့က ပေါ်တင် တိုက်ခိုက်တာ ခံရတယ်။ နှုတ်နဲ့ ဆဲရေးတိုင်းထွာတာတွေ ခံရတယ်။ အဲဒါကြောင့် တချို့တွေကို ဆိုလို့ရှိရင် ကျမတို့ နေရာပြောင်းပြီး ဖွက်ထားရတယ်။ အဲဒီအတွက်ကြောင့် အတော်များများကတော့ အလုပ်တွေပြုတ်ကြတယ်။ အားလုံးတော်တော်ကို ဒုက္ခရောက်နေကြတာပါ”လို့ စီအင်အင် သတင်းဌာနကိုလည်း သူမက အခုလို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယုဂန်ဒါ အစိုးရရဲ့ သတင်းမီဒီယာ ထိန်းချုပ်ရေးကောင်စီ အဖွဲ့က အဲဒီလို သတင်းအချက်အလက် ထုတ်ဝေဖြန့်ချီတာနဲ့ ပတ်သက်လို့ ရပ်တန်းက ရပ်ဖို့အတွက် Rolling Stone သတင်းစာတိုက်ကို ပြောဆိုခဲ့ပေမယ့် ဆက်လက်ဖြန့်ချီနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဘာဖြစ်လို့လဲဆို ကောင်စီရဲ့ သတိပေးချက်က ဥပဒေအရ မဟုတ်ပဲ နှုတ်ဖြင့်သာ ပြောဆိုချင်း ဖြစ်တဲ့အတွက် မိတ္တူကူး ဖြန့်ချီဖို့အတွက်က ဆက်လက် ပြုလုပ်နိုင်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလို ထုတ်ဝေဖြန့်ချီနေတဲ့ ဆောင်းပါးဟာ လွန်ခဲ့တဲ့နှစ်က ဂေးတွေကို သတ်နိုင်တဲ့ ဥပဒေကို အတည်ပြုဖို့ရန်အတွက် ကြိုးပမ်းခဲ့တဲ့ တစ်နှစ်ပြည့်တဲ့ ကာလမှာပဲ ထွက်ပေါ်လာခဲ့ပြန်တာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေနဲ့ပတ်သက်လို့လည်း နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချ ခဲ့တဲ့အတွက် အခုချိန်ထိ အတည်မပြုနိုင်ပဲ ရှိနေတာဖြစ်ပါတယ်။

http://www.coloursrainbow.com/articles/2010-09-20-04-31-42/420–rolling-stone-.html

5 comments

  • mG

    October 26, 2010 at 11:50 am

    ဟင်း…လူသားချင်းစာနာမှုဆိုတဲ့ ဒီမိုခရေစီ ဥပဒေကဘယ်ရောက်သွားတာလည်း။ဒီလိုမျိုး လွတ်လပ်မှုအပြည့်အဝပေးထားတဲ့နိုင်ငံတွေမှာတောင် အဲ့လိုလူလူချင်း ညှင်းပန်းနှိပ်ဆက်မှုတွေဖြစ်နေရင်တော့ မတွေးဝန့်စရာပဲ။ငါတို့ မြန်မာနိုင်ငံကတာ အကောင်းဆုံးဖြတ်နေသလိုဖြစ်နေပါကော့လား။သူတို့တွေက ကလေးတွေကို ဘယ်လိုပဲသွေးတွင်းတွင်း ပါဗျာ….။ကလေးတွေကို မိဘတွေကသင့် သင့်တဲ့ ပညာရေးတွေ၊ကာကွယ်မှုတွေ၊ကျန်းမာရေးအသိပညာတွေကို နားလည်လာတဲ့အချိန်နဲ့ သူတို့တွေရဲ့ မျိုးရိုးဗီဇက ကြာလာရင် သက်သေပြလာမှာပါဗျာ…..။အဲ့ဂျာနယ်ကပြောသလိုမျိုးကလေးတွေပါ Gay ဖြစ်နိုင်တယ်ဆိုရင်တော့ မိဘတွေကအစ Gay ဖြစ်ချင်နေလို့ဖြစ်လိမ့်မယ်။မိဘတွေက အကောင်းဆုံး ပညာပေးထားမယ်ဆိုရင် သူကတကယ်လို့ Gay ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ ကြာလာရင်တော့ ယောင်္ကျားကောင်းတယောက်၊မိန်းမကောင်းတယောက် ကျိမ်းသေပေါက်ပြန်ဖြစ်လာမှာပါ။

    မေတ္တာဖြစ်တာ……………

  • antimoe

    October 26, 2010 at 2:29 pm

    လူဦးရေ ၃၄သန်းရှိတဲ့ ယုဂန်ဒါနိုင်ငံဟာ AIDSရောဂါရှင် ၄-၅သန်းလောက်အထိ ပိုက်ထွေးထားနေရတယ်။
    အများစုကတော့ မိဘမဲ့ကလေးတွေပါ။ ကူညီစောင့်ရှောက်၊ ဆုံးမသွန်သင်မယ့်သူမရှိတဲ့ အားနွဲ့တဲ့ ယောက်ျားလေးများကို
    အန္တရယ်ပေးတဲ့သူတွေက ဘယ်သူတွေပါလဲ။

  • cobra

    October 26, 2010 at 2:29 pm

    မလုပ်သင့်ပါဘူး..ဗျာ။သူတို ့ဖာသာသူတို့gay ဖြစ်နေတာဘယ်တတ်နိုင်မှာလဲ..။
    အလကားလိုက်နှိမ်နေကြတယ်..။

  • naywoonni

    October 26, 2010 at 4:15 pm

    တော်တော်ဆိုးဝါးတာပဲနော်
    နောက်နေတာတော့မဟုတ်လောက်ပါဘူး
    သူ့အပစ်နဲ့သူပဲလေ……………………
    ဘာလို့ဂေးကြလဲ………..
    ဒီကဂေးတွေလည်းအဲဒိပို့လိုက်တာကောင်းမယ်
    ဒီမှာကညှာညှာတာတာဆက်ဆံနေတာကိုသူတို့က
    မထေမဲ့မြင်လုပ်ပြီးထင်ရာစိုင်းနေကြတာ

  • bigcat

    October 26, 2010 at 11:37 pm

    အစွန်းနှစ်ခု တိုက်မိတဲ့လို့ ဖြစ်ရတဲ့ မှားယွင်းမှုလို့ နားလည်ပါတယ်။

Leave a Reply