မြန်မာစာ မေးခွန်းလွာ

ဆူးOctober 26, 20101min910

သဒ္ဒါ

(က) အောက်ပါတို့အနက် တစ်ခုအကြောင်းကို ဖော်ပြပါ။ (၅)မှတ်

မှင်စာ၊ သရဲစာ ၊ဘီလူးစာ၊ နာမ် ၊ မနာမ်၊ အိမ်ဌားပြောင်းသွားပုံ

(ခ) အောက်ပါတို့အနက် နှစ်ကိုရွေးချယ်ရွေ့ ကြိယာဝိသေသန အဖြစ်ဝါကျတွင် သုံးပြပါ။ (၆)မှတ်

ရစ်ရစ်နာ ၊ ညစ်ညစ်ပါ ၊ အားကန်ကာ ၊ စပ်ဖျင်းဖျင်း

(ဂ) အောင်ပါဝေါဟာရတို့အနက် လေးခု၏ အဓိပါယ်ကို တိကျစွာဖော်ပြပါ။ (၄) မှတ်

နေ့ဘယ်ဂဏန်း ၊ ညနေဂဏန်း၊ ဒိုင်ပြေး ၊ မန်ချက်စတာ၊ အာဆင်နယ်၊ ရိုနယ်ဒင်ဟို၊ ဂွီတောက် ၊ ဒါရိုက်တာရင်

(ဃ) အောက်ပါတို့ကို ဖြေပါ။ (၅)မှတ်

(1) ခဏလေးများ ” သီချင်းကို မည်သူရေးသနည်း။
(2) ဟန်ထူးလွင်ရဲ့ “မယ်တင်” သည် မည်သည့် သီချင်း အမျိုးအစား ဖြစ်သနည်း။
(3) “ဂျက်လီ” သည် တရုတ်ဖြစ်ကြောင်း ကို ဖော်ပြပါ။
(4) စိုင်းစိုင်းခမ်းလှိုင် နောက်ဆုံးရေးခဲ့သော သီချင်းကို ဖော်ပြပါ။
(5) မျိုးကျော့မြိုင်သည် လူဖြစ်ရတဲ့ ဒုက္ခကို ဘာကြောင့် ညဉ်းတွားသနည်း။

“ဘီလူး” ရုပ်ရှင်ကားတွင် ဗေလုဝ၏ သရုပ်ဆောင်ပုံကို မည်သို့တင်ဆက်သနည်း။ (၁ဝ မှတ်)

“ပုလင်းမြင်ခိုက်” ကဗျာမှ ဆိုင်ပိုင်ရှင် (….) ၏ ရေရောပုံကို ဖော်ပြပါ။ (၅ မှတ်)

“FM နှစ်ပတ်လည်မှ” မှ “အတွင်းကြေ” သီချင်းတွင် ကော်နီနှင့် ဖြူဖြူကျော်သိန်း၏ ပြေးပြေးလွှားလွှား မြင်ကွင်းကို ကြည့်ရှုသူ အတွေးအမြင် ဖြင့်တင်ပြပါ။ (၁ဝ မှတ်)

အကယ်ဒမီပေးပွဲတွင် မင်းသမီးများ ဘာကြောင့် သဇင်ပန်း ပန်ကြသနည်း။ အကယ်ဒမီ ရသူများသည် ဘာကြောင့် နမ်းရှုခြင်းများကို ခံကြရသနည်း။ ဖြေဆိုပါ။ (၁ဝ မှတ်)

စကားစပ်နှင့်တကွ ဖြေဆိုပါ။ (၁၅ မှတ်)

တောင်ပေါ်ကရှမ်းကလေး လျှော်ထမ်းလို့ပြေး၊ ရှည်တဲ့ လျှော်ကရှည် တိုတဲ့လျှော်ကတို။
လက်ကို မြှောက်ရွေ့ သီချင်းဆို -ရို့-ရို့-ရို့-လို့ ဘာကြောင့်အော်

စာစီစာကုန်း (၂ဝ မှတ်)

ခိုးကူးခွေ ၊ နှစ်လုံးထီပေါက် ဒိုင်တွေပျောက်
ဘီယာဆိုင်ရှုခင်း ၊ ရုံးမှန်မှန်တက် ကားတွေကြပ်
မော်ရင်ညို ၊ အားကစားစာစောင်

အားလုံး အမှတ် ၁၀ဝ ရကြပါစေ။
၁ဝ မှတ်ကတော့ ဆရာမကို လက်ချောင်ပေးမှ တဲ့ ပေါ်မူတည်ပြီး ပေးမယ်။