နိုင်ငံတော် အလံသစ် များ ဝင်းသူဇာ အရောင်းဆိုင် များတွင် ရောင်းချ၊နိုင်ငံတော်အလံဥပဒေနှင့် အခြားနည်းဥပဒေများ ထုတ်ပြန်

ဂ်စ္စူOctober 26, 20101min980

http://www.themyanmarpost.com/wp-content/woo_custom/844-21.jpg

နိုင်ငံတော် အလံသစ် များ ဝင်းသူဇာ အရောင်းဆိုင် များတွင် ရောင်းချ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အသစ် ပြင်ဆင် သတ်မှတ် လိုက်သည့် မြန်မာနိုင်ငံတော် အလံ အသစ်ကို ဝင်းသူဇာ အရောင်းဆိုင် များတွင် အောက်တိုဘာ ၂၁ ရက်မှ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရသည်။ အလံတော် အသစ် များကို ခြောက်ပေ၊ လေးပေ အရွယ် နှင့် ကိုးပေ၊ ခြောက်ပေ အရွယ် ဟူ၍ နှစ်မျိုး ခွဲခြား ထားပြီး ပိတ်သားကို ဖဲသားနှင့် ရိုးရိုး ပိတ်သား နှစ်မျိုးဖြင့် ရောင်းချ သည်။ ဈေးနှုန်း များမှာ ခြောက်ပေ၊ လေးပေ ဖဲသား ဆိုလျှင် ကျပ် ၆,၃၅၀၊ ခြောက်ပေ၊ လေးပေ ရိုးရိုးပိတ်သားဆိုလျှင် ကျပ် ၆,၀၀၀၊ ကိုးပေ၊ ခြောက်ပေ ဖဲသားဆိုလျှင် ကျပ် ၁၂,၅၀ဝ နှုန်းဖြင့် အများ ပြည်သူများ ဝယ်ယူ နိုင်ရန် ရောင်းချ နေသည်။ အလံတော် အသစ်ကို ပုဂ္ဂလိက တံဆိပ် လုပ်ငန်း များတွင် လက်ရှိ ၌ ရိုက်နှိပ်ခြင်း မရှိသေးကြောင်း ရွှေဂုံတိုင်ရှိ တံဆိပ်ရိုက် လုပ်ငန်း များမှ သိရသည်။ အလံတော် အသစ်တွင် အဝါရောင်၊ အစိမ်းရောင် နှင့် အနီရောင် အောက်ခံ ပေါ်တွင် ရောင်ခြည် လက်တံ ငါးခု ပါသော ကြယ်ဖြူကြီး တစ်လုံး ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော် အလံ ဥပဒေ၊ နိုင်ငံတော် အထိမ်း အမှတ် တံဆိပ် ဥပဒေ၊ နိုင်ငံတော် သီချင်း ဥပဒေ နှင့် နိုင်ငံတော်အလံ နည်းဥပဒေများ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် နည်း ဥပဒေများ၊ နိုင်ငံတော် သီချင်း နည်း ဥပဒေ များ ထုတ်ပြန်

ပြည်ထောင်စု မြန်မာ နိုင်ငံတော် နိုင်ငံ တော် အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၈/၂၀၁၀) ဖြင့် နိုင်ငံတော် အလံ ဥပဒေကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာ ယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၉/၂၀၁၀) ဖြင့် နိုင်ငံတော် အထိမ်း အမှတ် တံဆိပ် ဥပဒေ ကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင် စီ ဥပဒေအမှတ် (၁၀/၂၀၁၀) ဖြင့် နိုင်ငံ တော် သီချင်း ဥပဒေ ကို လည်းကောင်း၊ အ လားတူ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ နည်းဥပဒေများ အမှတ် (၁/၂၀၁၀) ဖြင့် နိုင်ငံတော် အလံနည်း ဥပဒေ များကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင် စီ နည်းဥပဒေ များ အမှတ် (၂/၂၀၁၀) ဖြင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် နည်း ဥပဒေ များကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင် စီနည်း ဥပဒေများ အမှတ် (၃/၂၀၁၀) ဖြင့် နိုင်ငံတော် သီချင်း နည်းဥပဒေများ ကိုလည်း ကောင်း ၁၃၇၂ ခုနှစ်၊ သီတင်း ကျွတ်လ ဆန်း ၁၃ ရက်၊ ၂၀၁ဝ ပြည့်နှစ်၊ အောက် တိုဘာ ၂၁ ရက် ရက်စွဲ ဖြင့် ထုတ်ပြန် လိုက် သည်။

ပြဋ္ဌာန်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄၃) တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင် အထည် ဖော်ရေး အတွက် ကြိုတင် ဆောင်ရွက် ရန် လိုအပ် သည့် လုပ်ငန်း ရပ်များ ကို နိုင်ငံ တော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ က ဆောင်ရွက် ပေးရန် ပြဋ္ဌာန်း ထားသည့် အလျောက် နိုင်ငံတော် ၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး နှင့် တရား စီရင်ရေး ဆိုင်ရာ လုပ် ငန်း များ ကို ချောမွေ့ စွာ ဆောင်ရွက် နိုင်ရန် လည်းကောင်း၊ လွှတ်တော် အသီးသီး ပေါ် ပေါက် လာသည့် အခါ တွင် ဆောင်ရွက် ရန်ရှိ သော လုပ်ငန်း များကို ဆောင်ရွက် နိုင်ရန် လည်းကောင်း၊ ကြိုတင် ဆောင်ရွက် ရမည့် လုပ်ငန်း ရပ်များကို ဥပဒေ နှင့် အညီ ဆောင် ရွက် နိုင်ရန် လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေ များကို ပြဋ္ဌာန်း ရန် လိုအပ် လာသည့် အတွက် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ ပါ ပြဋ္ဌာန်း ချက် များနှင့် အညီ ဖော်ပြပါ ဥပဒေနှင့် နည်း ဥပဒေ များကို ပြဋ္ဌာန်း လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Ref;မြန်မာပို့စ်