ဘက်ဆဲလားနဲ့ရန်ဖြစ်ခြင်း

naywoon niOctober 26, 20101min670

မေ့ပစ်လိုက်ရမဲ့

အရာတွေထင်ပ

ငါ့အတ္တနဲ့အာရုံငါးပါးဆီက

အလျင်မြန်ဆုံးပြန်ထွက်ပြေးသွားကြရဲ့…။

ဒါပေမဲ့

တစ်ချို့ကတော့

ဘဝကိုရင်ဆိုင်ဖို့ဆိုလား

( အပျင်းပြေဖတ်တာပါလို့

တစ်ချို့ကလည်းဆိုကြရဲ့….)

သင်ရိုးများသတ်မှတ်

ပတပ်ရပ်မြင်းတွေလို

တစ်ဟီဟီနဲ့……..

ဆွေးနွေးကြ…

ဝေဖန်ကြ…..

သုံးသပ်ကြ……

ငြင်းခုန်ကြ…..

ကျက်မှတ်ကြ…………….နဲ့

တပ်မက်စွာပွေ့ပိုက်လို့……။။။

သူ…

သူမ..

( အို ) အနုအလှဆရာများကလည်း

ရေးလိုက်ကြ…ရိုက်ထုတ်လိုက်ကြ

ဟောဒါက……ဘယ်သူရဲ့ ———ပါ

ဒီဟာကဘာရဲ့ ———ပါနဲ့

( အနုပညာမျိုးဆက်သစ်မှာ )

ဒီဇိုင်းလှပ

ရော့ခ်လိုလို…..မော်ဒန်လိုလို

ဂန္တဝင်အပိုအမိုတွေနဲ့

ကြိုဆိုသူတွေကလည်း

——………….များစွ……။

သစ်ရွက်နု

အချိန်မသင့်ပဲထွက်လာ

နွေမှာ……

နုဝါကြွေကျရရှာမှာ

၂၁ရာစုတံမြက်စည်းက

လှည်းကျင်းဖို့စောင့်နေလေရဲ့………။

အဲဒိအချိန်မှာ

အိတ်ဇစ်……မော်ဒန်……….ရော့ခ်

သင်္ကေတပြက္ခဒိန်မှာ

ဆတ်နဲ့ဒီဗွဲဗွားတို့ရဲ့အချစ်

သစ်မြစ်အိုပမာ

ခိုင်မြဲတင်ကျန်နိုင်စေသား……….။။

@နေဝန်းနီ