သူရူးတေး
ဘယ်သူဟာ
ကမ္ဘာမြေတစ်ခုလုံးလုံး
ဆုံးရှုံးခဲ့ဖူးသလဲ
ကမ္ဘာမြေတစ်ခုလုံးဆုံးရှုံးသူသာ
ကမ္ဘာမြေကိုပြန်ရပေလိမ့်…………
(မောင်ချောနွယ်-ပင်မှဲ့ တေး)
ကျွန်တော့ရဲ့ကမ္ဘာမြေဟာ
ချစ်နေပါရဲ့နဲ့
မပေါင်းစည်းနိုင်ဘူးပြောတဲ့
ကျွန်တော့ရဲ့ချစ်သူလေးပါပဲ
(ဆရာချောနွယ်ခင်ဗျာ…………)
ကျွန်တော်ဟာ…………
ကမ္ဘာမြေတစ်ခုလုံးလုံး
ဆုံးရှုံးနေရပါပြီ
ကျွန်တော့ရဲ့ကမ္ဘာမြေလေး
ပြန်ရဖို့အရေး
ဘာတွေပဲဆုံးရှုံးပါစေ
ဘယ်လောက်ပပေးဆပ်ရ…ပေးဆပ်ရပါစေ
ကျွန်တော့ကိုပြန်ယူပေးပါလား။
&နေ၀န်းနီ
Recent Comments