# # Letter to The Editor(ကြုံရတယ်…ဒီနေ့မယ်)

naywoon niOctober 26, 20101min958

letter to The Ediitor…ဆိုလို့မျက်လုံးပြူးမသွားကြပါနဲ့ဦး

ဒီနေ့ထူးထူးဆန်းဆန်းကြုံတွေ့နေရတာလေးမေးချင်လို့ပါ…။

ညနေအင်တာနက်ဆိုင်ကိုရောက်တော့ကွန်နက်ရှင်ကရတယ်

ဂျီတော့ဖွင့်လို့မရဘူး။မေးစစ်လို့မရဘူးလို့ပြောပါတယ်။ဒါနဲ့

ဆာဗာခုံမှာဝက်ဆိုဒ်တွေဝင်လို့ရမရဖွင့်လို့ရမရစမ်းခိုင်းလိုက်တော့

အတော်များများဝင်လို့ရတာတွေ့တာနဲ့ခုံတစ်လုံးမှာဝင်ထိုင်လိုက်ပြီး

မင်ဘာဖွင့်လိုက်ပါတယ်။ဂျီတော့မရဘူးဆိုတာနဲ့မော်ဇီလာခေါ်ပြီးမေးလ်ကို

အရင်ဖွင့်ပြီးမှဂျီတော့ရလိုရငြားဖွင့်ထားလိုက်ပါတယ်။မကြာခင်မေးပွင့်သွားပြီး

အင့်ဘောက်ကျလာပါတယ်။ကျေးဇူးတင်လိုက်တာ….မန္တလေးဂေဇက်တက်ရဲ့

လင့်ကမေးလ်ထဲမှာထည့်ထားတာ။သူသာမပွင့်ရင်ရွာလည်နေဦးမှာ။မေးတွေအရင်

ဖွင့်မကြည့်နိုင်ပါဘူး။အင့်ဘောက်မှာရှိနေတဲ့ဂေဇက်လင့်ကိုဖွင့်ပါတယ်။ရပြီ…….

အဲဒိအချိန်မှာဂျီတော့ကမီးဝါပွင့်လာပြီး(retry)လုပ်ပါတော့တယ်။ကျွန်တော်လည်း

သူအမိန့်နာခံပြီးရီထွိုင်းလိုက်ပါတယ်။နောက်ပို့လေးတွေဖတ်..ကော်မန့်လေးေတွေရေး

နဲ့ပေါ့….။မေးလ်ကိုလည်းပြန်ကြည့်လိုက်ရော………………………………………….

Oops… the system encountered a problem (#503) – Retrying in 4:42…
Retry now
အဲဒိလိုကြီးပေါ်နေပါရောလား
မေးလ်တစ်စောင်မှဖွင့်ကြည့်လို့မရဘူး….။နှစ်နာရီလောက်နေပြီးနဲနဲညောင်းလာကွန်နက်ရှင်
ကလည်းကျသွားတာနဲ့ပြန်ထွက်လာတဲ့အထိလည်းဂျီတော့ကမပွင့်သေးပါဘူး။
ဒါနဲကပဲလ္ဘက်ရည်သောက်ပြီးပြန်လာ…………………………………………..
ဒီပို့ရေးနေတဲ့အချိန်ထိကိုယ်တော်ချောကမပွင့်သေးပါဘူး။http://webuzz.imကဖွင့်ဆိုလို့
လည်းဖွင့်ပါသေးတယ်မရပါဘူး။Page load Errorပဲခဏခဏပြနေပါတယ်………………….။
ဂျီတော့ကတော့ပွင့်မလာပါခင်ဗျား။အဲဒါဘာဖြစ်လို့ပါလဲ
သူများတွေကတော့………ဂျီတော့ပဲပွင့်ပြီးဝက်ဆိုဒ်ဝင်မရလို့တဲ့။ကျွန်တော်ကတော့ဝက်ဆိုဒ်
တွေဝင်လို့ရပြီးဂျီတော့မပွင့်ပါ…။ခုဆိုဂျီတော့ဖွင့်ထားတာသုံးနာရီကျော်နေပါပြီ။password–
ကလည်းမှားတာမဟုတ်ပါ။ထူးဆန်းပါသည်ခင်ဗျား။။
ဂျီတော့မပွင့်တော့ဒီအကြောင်းဘယ်သူ့မှပြောလို့မရပါ။ဒါကြောင့်အယ်ဒိတာ့ကိုပြောရတာပါ။
စိတ်မရှိပါနဲ့ခင်ဗျား………….ဘာကြောင့်လည်းသိတဲ့သူများလည်းပြောပေးကြပါခင်ဗျား
ကျေးဇူးတင်ပါတယ်
နေဝန်းနီ

8 comments

  • PaukPhaw

    October 26, 2010 at 4:15 pm

    အဲသလိုဖြစ်နေရင် ဘာမှ Retry မနေပါနဲ ့ခင်ဗျာ
    Retry ရတာအားကုန်လို ့ပါ

    တစ်ရေးတမောလောက်အိပ် ဒါမှမဟုတ်
    ဟိုသွား.ဒီသွားလုပ်ပြီးမှ ပြန်လာ
    ရုပ်ရှင်ကြည့်တာတို ့..ဘာတို ့ညာတို ့ပေါ့ဗျာ.
    အင်း…အင်း..
    ခရီးတွေဘာတွေထွက်ချင်လဲ ထွက်လိုက်
    ပြန်လာမှ တစ်ခေါက်ဝင်ကြည့်..
    Retry ပဲလုပ်ခိုင်းနေပြန်ရင် အပေါ်မှာပြောသလိုပဲ တစ်မေ့တမော လျှောက်ဒိုးလိုက်ဦး..
    ပြန်လာရင် တစ်ခေါက်ပြန်ဝင်ကြည့်..
    Retry ပဲ လုပ်ခိုင်း…..သံသယာလည်သွားပြီ ပြောတော့ဘူး

    တစ်ခုတော့ရှိတယ် ဗျ
    တခြားဆိုဒ်တွေ ပွင့်ပြီး ဂျီတော့ခ် ဂျီမေးလ် မရတာဆိုရင်တော့ ကျော်ဝင်လို ့ရတယ်

    ဂျီမေးလ်ဆိုရင် @@@ ပြောဘူး
    တို ့ပါ ဝင်လို ့မရမှာဆိုးလိုု ့

    ဂျီတော့ခ်ဆိုရင် တော့ဒီအောက်က တစ်ခုခုနဲ ့ဝင်ချက်ပေါ့နော်

    http://www.iloveim.com
    http://www.webuzz.im
    http://www.ebuddy.com
    http://www.meebo.com
    http://www.koolim.com
    http://www.webuzz.im
    http://www.plugoo.com
    http://talkgadget.google.com/talkgadget/sandbox
    http://talkgadget.google.com/talkgadget/popout
    http://www.ebuddy.com
    https://imo.im

  • winkyawaung

    October 26, 2010 at 7:06 pm

    ဆရာ PaukPhaw ရယ် မေးလ်ဖွင့်နည်းလေး ပေးပါဗျာ..။ ယခု အချိန်မှာ ဘာမှ ကိုဖွင့်လို့မရဘူး။ ည(၁း၃၀)နာရီမှာ ထဖွင့်တာကိုး မရလို့ပါ..။

  • bigcat

    October 27, 2010 at 12:13 am

    အဲသာ တောခြောက်တယ်ခေါ်လယ်။ မုဆိုးကြီး ကတွတ်ပီပုံရှေ့မှာ ကတော့ပွဲပေးရင် ကောင်းသွားမယ်။

  • pcghost

    October 27, 2010 at 3:18 pm

    အင်တာနက် ဆိုင် ၂ဆိုင် ၃ ဆိုင်လောက်ပြောင်းပြီးဖွင့်ကြည့်ပါ တကယ်ပြောတာ…

  • PaukPhaw

    October 27, 2010 at 3:48 pm

    http://myanmargazette.net/?p=26559
    အဲမှာ
    add on နဲ ့ကျော်နည်းလေး စုထားပေးတယ်
    ရှာနိုင်ရင်တော့ ကျော်နည်းခွနည်းတွေ အများကြီးရှိပါတယ်.
    အဆင်ပြေသလိုကျော်ပေါ့နော်
    ကွန်နက်ရှင်က
    ခုတော့ ပြန်ကောင်းနေပြန်ပြီ
    ဘယ်သူမှ မသုံးတော့တဲ့အချိန်မိုလို ့လားသိဘူးဂျ
    တစ်နေကုန် ဘာမှလုပ်လို ့မရဘူး..
    Local site တွေလောက်ပဲရတာ

  • unclegyi1974

    October 27, 2010 at 3:50 pm

    တူမောင်ဝင်းက ည ၁.၃ဝ ထဖွင့်တယ်ဆိုတော့အိမ်မှာ
    လိုင်းချိတ်ထားတာဖြစ်ရမယ်
    ဒါဆိုလွယ်ပါတယ်
    ကိုယ့်စက်ထဲအကျော်အခွလေးလုပ်ထားလိုက်ပါ
    ဒီရက်ပိုင်ကဒါလေးတွေမှမပါရင်ဘာမှလုပ်လို့မရဘူး
    ဖင်ပူခါးချိသွားမယ်

  • PaukPhaw

    October 27, 2010 at 4:13 pm

    http://myanmargazette.net/?p=26559 မှာ မော်ဇီလာ Add on နဲ ့ကျော်နည်းလေး အနော်စုပေးထာတယ်ခင်ဗျ
    ပြီးတော့ ဒီအောက်က ပရိုဂရမ်လေးတွေလဲ သုံးကြည့်ပါ

    Ultrasurf, Freegate, Your freedom

    နောက်တော့
    https://ctunnel.com or vtunnel.com,polysolve.com,etc… တွေလဲရှိတယ်
    နောက်..
    http://www.smart-it-consulting.com/internet/google/googlebot-spoofer/index.htm

    http://www.blackbeat.tk
    http://www.freeproxysite.com

    http://www.net2ftp.com
    http://www.proxy4free.com/page1.html
    We Mail Together – Free Web Mail Client for Gmail, Hotmail/Live Mail, Yahoo! Mail, AOL/AIM Mail and Others

    တွေလဲရှိသေးတယ်

    တစ်ချို ့ဟာတွေကတော့ မရတော့ဘူး..တင်ကျော်ဘန်း တွေဖြစ်ကုန်လို ့လေ

    ကျော်တယ်ဆိုတာကလဲ တခြားဆိုဒ်တွေရပြီး ကိုယ်သွားချင်တဲ့ ဆိုဒ်တွေမရတဲ့အခါမှပဲကျော်ရတာဆိုတော့
    လုံးဝကွန်နက်ရှင်ဖြတ်ထားတဲ့အချိန်သွားကျော်ရင် ပင်ပန်းယုံပဲရှိမယ် အာစရိတို ့ရေ
    အဆင်ပြေသလို Do ပါ

Leave a Reply