ရွေးကောက်ပွဲကို  ဆန့်ကျင်ရှုတ်ချပွဲ  အခမ်းအနား ဖိတ်ကြားလွှာ ( Siangpore )
ကျွန်ူပ်တို့ နိုင်ငံသည် အားလုံးသိရှိပြီး ဖြစ်သည့် အတိုင်း  လက်ရှိအာဏာရှင် အစိုးရမှ မတရားမှုကို အခြေခံထားသည့်  ဥပဒေကို
အတည်ပြုကာ နိုဝင်ဘာလ ( ၇ )ရက်နေ့တွင် ရွေးကောက်ပွဲ အယောင်ဆောင် အရေခွံလဲပွဲကို ကျင်းပတော့မည် ဖြစ်ပါသည် ။
မတရားမှုကို ခေါင်းငုံ့ခံလေ့ မရှိသည့် ကျွန်ူပ်တို့နိုင်ငံသားများ အနေဖြင့်  အဆိုပါ ရွေးကောက်ပွဲကို  ကျရာ အခန်းဂဏ္ဍမှ  နိုင်ရာတာဝန်ထမ်း၍
ဆန့်ကျင်ဆောင်ရွက်သင့်ပေသည် ။  ကျွန်ူပ်တို့သည် တိုင်းတပါးတွင် ခတ္တခဏ နေထိုင်ကာ အသက်မွေးဝမ်းကြောင်း နေကြရသော်လည်း
တိုင်းပြည် အပေါ်ကို ထားရှိသည့် ကောင်းစားစေချင်သည့် စေတနာများကား  ပြောင်းလဲမှု မရှိပါ ။ မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်နေသော
ပြည်သူထူ၏ ဆန္ဒသဘောထား နှင့် ကျွန်ူပ်တို့၏ သဘောထား သည် တူညီလျှက်ရှိကြောင်း ပြဆိုရန် အချိန်အခါ ကောင်းသည်
ရောက်ရှိ၍ လာပေသည် ။ မြန်မာနိုင်ငံသားတို့သည်  မည်သည့်နေရာကို ရောက်ရောက် စည်းလုံးညီညွှတ်မှုကို တည်ဆောက်နိုင်ကြောင်း
ပြဆိုကာ အာဏာရှင်တွေ ဆက်လက်အုပ်စိုးမည့် အကြံအစည်များဖြင့် စီစဉ်ထားသော အဆိုပါ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း
ပြဆိုနိုင်ရန်   လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်း စင်္ကာပူနိုင်ငံ စပီကာကော်နာမှာ ဖရီးဘားမားကမ်ပိန်း(စင်္ကာပူ)ကနေ ဦးဆောင်ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ရှုတ်ချပွဲကို လာရောက် ပူးပေါင်းကြဖို့အတွက် လေးစားစွာ မေတ္တာရပ်ခံ ဖိတ်ကြားအပ်သည် ခင်ဗျာ ။
ကျင်းပမည့်နေရာ     :  Speakers’ Corner
ကျင်းပမည့် နေ့ရက် : 30 October 2010 , Saturday
ကျင်းပမည့်  အချိန်   :  4pm to 4.45pm
http://www.facebook.com/event.php?eid=155688537800050

ခင်မင်လေးစားလျှက်

ဗမာ့သွေး

About cobra

oakar min maung has written 203 post in this Website..