ရွေးကောက်ပွဲကို ဆန့်ကျင်ကြမည့် အခမ်းအနား ဖိတ်ကြားလွှာ ( Siangpore )

cobraOctober 26, 20101min751
ရွေးကောက်ပွဲကို  ဆန့်ကျင်ရှုတ်ချပွဲ  အခမ်းအနား ဖိတ်ကြားလွှာ ( Siangpore )
ကျွနူ်ပ်တို့ နိူင်ငံသည် အားလုံးသိရှိပြီး ဖြစ်သည့် အတိုင်း  လက်ရှိအာဏာရှင် အစိုးရမှ မတရားမှုကို အခြေခံထားသည့်  ဥပဒေကို
အတည်ပြုကာ နိူဝင်ဘာလ ( ရ )ရက်နေ့တွင် ရွေးကောက်ပွဲ အယောင်ဆောင် အရေခွံလဲပွဲကို ကျင်းပတော့မည် ဖြစ်ပါသည် ။
မတရားမှုကို ခေါင်းငုံ့ခံလေ့ မရှိသည့် ကျွနူ်ပ်တို့နိူင်ငံသားများ အနေဖြင့်  အဆိုပါ ရွေးကောက်ပွဲကို  ကျရာ အခန်းဂဏ္ဍမှ  နိူင်ရာတာဝန်ထမ်း၍
ဆန့်ကျင်ဆောင်ရွက်သင့်ပေသည် ။  ကျွနူ်ပ်တို့သည် တိုင်းတပါးတွင် ခတ္တခဏ နေထိုင်ကာ အသက်မွေးဝမ်းကြောင်း နေကြရသော်လည်း
တိုင်းပြည် အပေါ်ကို ထားရှိသည့် ကောင်းစားစေချင်သည့် စေတနာများကား  ပြောင်းလဲမှု မရှိပါ ။ မြန်မာနိူင်ငံတွင် လက်ရှိနေထိုင်နေသော
ပြည်သူထူ၏ ဆန္ဒသဘောထား နှင့် ကျွနူ်ပ်တို့၏ သဘောထား သည် တူညီလျှက်ရှိကြောင်း ပြဆိုရန် အချိန်အခါ ကောင်းသည်
ရောက်ရှိ၍ လာပေသည် ။ မြန်မာနိူင်ငံသားတို့သည်  မည်သည့်နေရာကို ရောက်ရောက် စည်းလုံးညီညွှတ်မှုကို တည်ဆောက်နိူင်ကြောင်း
ပြဆိုကာ အာဏာရှင်တွေ ဆက်လက်အုပ်စိုးမည့် အကြံအစည်များဖြင့် စီစဉ်ထားသော အဆိုပါ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း
ပြဆိုနိူင်ရန်   လာမယ့် အောက်တိုဘာလ ၃ဝ ရက်နေ့ ညနေပိုင်း စင်္ကာပူနိုင်ငံ စပီကာကော်နာမှာ ဖရီးဘားမားကမ်ပိန်း(စင်္ကာပူ)ကနေ ဦးဆောင်ပြုလုပ်မယ့် ၂၀၁ဝ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ရှုတ်ချပွဲကို လာရောက် ပူးပေါင်းကြဖို့အတွက် လေးစားစွာ မေတ္တာရပ်ခံ ဖိတ်ကြားအပ်သည် ခင်ဗျာ ။
ကျင်းပမည့်နေရာ     :  Speakers’ Corner
ကျင်းပမည့် နေ့ရက် : 30 October 2010 , Saturday
ကျင်းပမည့်  အချိန်   :  4pm to 4.45pm
http://www.facebook.com/event.php?eid=155688537800050

ခင်မင်လေးစားလျှက်

ဗမာ့သွေး

One comment

  • narziparty2009

    October 26, 2010 at 3:28 pm

    နိုင်ငံတော် အလံ၏ အဝါ၊ အစိမ်း ၊ အနီ မျဉ်းကြောင်းများမှာ မီးပွိုင့်ကို ကိုယ်စားပြု၍ အလည်မှ ကြယ်ဖြူကြီးမှ ဦးထုပ်အဖြူဆောင်ထားသော မော်တော်ပီကယ်ကို ကိုယ်စားပြုသည်.

Leave a Reply