ရှေ့မှာလမ်းခွဲရှိသည်

naywoon niOctober 26, 20101min410

ငါဟာ….
ဘာကြောင့်များ
ချည်နှောင်ထားတဲ့ကြိုးတွေက
ရုန်းထွက်………..
ကိုယ့်ကြမ္မာကို..ကိုယ်ကိုယ်တိုင်
မဖန်တီးနိုင်ခဲ့ရသလဲ?
အာရုံခံစားမှုအတု
ကိုယ့်ကိုကိုယ်လိမ်ညာမှုတွေနဲ ့
ဝေးရာ…………
ကိုသွားဖို့……….ငါ
တွန့်ဆုတ်နေခဲ့ပြီ။ ။
ခေါက်ရိုးကျဒီဥခွံဟောင်းထဲမှာ
ကျင်လည်…………
နေထိုင်ရင်း
အချစ်ဆိုတာနဲ့ထိတွေ့မိမှ
မှားယွင်းမှုဘဝအဟောင်းကို
ပြန်လည်မြင်ယောင်ပြီး
ပင့်သက်တွေအခါခါချလို့
လမ်းဆုံတစ်ခုမှာရပ်ရင်း
ရှေ့လမ်းခွဲများကို
ဆက်မတိုးရဲ့ပြီ…………။

&နေဝန်းနီ