ဉာဏ်စမ်း ဖြေကြည့်ရအောင် …

weiweiOctober 26, 20101min18515

မြန်မာစာတွေ မြန်မာစကားတွေအကြောင်း ဆွေးနွေးကြတာနဲ့ သတိရသွားလို့ ဉာဏ်စမ်းလိုက်အုန်းမယ် …..

မြန်မာစကားထဲက စကားလုံး (၅) လုံးပါတယ့် စာကြောင်းတစ်ခု။ ရှေ့ကနေစဖတ်လဲ ဒီအဓိပါယ်ပဲ နောက်ကနေ ပြောင်းပြန်ပြန်ဖတ်လဲ ဒီအဓိပါယ်ပဲ။

အဲဒါဘာလဲ ?????

15 comments

  • kai

    October 26, 2010 at 9:30 pm

    ကကကကက ရှေ ့နောက်ဘယ်ဖက်ကဖတ်ကြည့်ကြည့် ကတာချည်းပဲ.. 🙂
    ခ လည်းရေးလို့ရသေးတယ်..။

    (ဘယ်လိုမှစဉ်းစားမရလို့..နောက်တာပါ.. )

  • ဆူး

    October 27, 2010 at 2:30 am

    ချထားတဲ့ ကော်ဖီခွက်လား ရေနွေးကြမ်းခွက်လားတော့ မသိဘူး.. အဲဒါလေး ကုန်အောင် သောက်ပြီးမှ အဖြေ လာပေးမယ်နော်

  • weiwei

    October 27, 2010 at 3:02 am

    သူများတွေဖြေတာစောင့်လိုက်အုန်းမယ်နော် …

  • sayargyi

    October 27, 2010 at 3:26 am

    စားပြီးထပ်ပြီးစား
    ယူပြီးထပ်ပြီးယူ
    ပေးပြီးထပ်ပြီးပေး
    …..ပြီးထပ်ပြီး….

  • weiwei

    October 27, 2010 at 3:31 am

    ဟုတ်သလိုလိုရှိပေမယ့် အဲဒီတွေကစာကြောင်းအစစ်မဟုတ်ဘူးလေ ..
    ကျွန်မပြောတာက sentence တစ်ခု … ကတ္တား ကြိယာ ပါတယ့် စာကြောင်း ..

  • sayargyi

    October 27, 2010 at 3:35 am

    စားရင်ပြီးရင်စား
    ယူရင်ပြီးရင်ယူ
    …ရင်ပြီးရင်…

  • meelay

    October 27, 2010 at 3:56 am

    ဒါလေးများ – ဘူးသီးမသီးဘူး – အဖြေမှန်မမှန် ပြန်ပြောအုံးနော်

  • weiwei

    October 27, 2010 at 4:45 am

    မီးလေး မှန်ပါတယ်ကွယ် ….

  • koyinmaung

    October 27, 2010 at 5:34 am

    တယ်တော်ကြပါလါးကွယ်တို့

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 27, 2010 at 11:50 am

    ပြောပါတယ် ဒို ့ရွာထဲမှာ လာမစမ်းပါနဲ ့လို ့
    နောက်နောင် ဒါထက်ခက်ခက်တွေကိုမေး
    ဥပမာ နေစကြာဝဠာထဲမှာ ကြယ်တွေ ဘယ်နှစ်လုံး ဂျိုတွေ ဘယ်နှစ်လုံး
    သိတဲ့သူဖြေဦး ဘယ်သူမှ မဖြေနိုင်တဲ့အခါကြမှ ဆရာကြီး ပုကိုယ်တိုင် ဖြေမယ် ဟုတ်ပြီလား။

    • ဆူး

      October 27, 2010 at 11:53 am

      ဆူးဖြေမဲ့ အဖြေက ဘကြီးပု မေးတဲ့ အဖြေဘဲ..

  • weiwei

    October 27, 2010 at 12:14 pm

    ဒီရွာသူရွာသွားတွေတော်မှန်း သိသွားပါပြီ … ကျွန်မကို အဲဒီမေးခွန်းအမေးခံရတုန်းက ၃ ရက် တိတိစဉ်းစားတာတောင် မဖြေနိုင်ခဲ့လို့ … ကျွန်မ တော်တော်ညံ့တာပဲနော် …

  • ဆူး

    October 27, 2010 at 12:34 pm

    အမှန်တော့ အဲဒီ မေးခွန်းရဲ့ အဖြေမျိုး တနေရာမှာ ဖတ်ဘူးတယ်.. မေ့နေလို့.. စာလုံး ၅လုံး ရည်ရွယ်ချက်.. အကုန်တူတူဘဲ..
    ဒါနဲ့လေ.. အဲဒီလို ဝါကျတွေ များများ လုပ်နိုင်ရင် ကိုယ်ပိုင် ဂါထာ လုပ်လို့ရပြီ.. ဝိဇ္ဇာ တွေ ဂါထာ ထွင်တယ် ဆိုတာ.. အဲဒီလို အရှေ့အနောက် စက်ကွင်းပါအောင် လုပ်တာ.. အလုံးရေ အတိအကျ.. အစွမ်းသတ္တိနဲ့ အင်းကွက်ချတာ.. ကြားဘူးတာလေး ပြောပြတာပါ.. စာမေးပွဲ စစ်တာ.. ခပ်ရှင်းရှင်းဘဲ.. ကျတဲ့ လက်မှတ်သာ ထုတ်ပေးပါ.. စဉ်းစားရတဲ့ အလုပ်ဆို သိပ်မလုပ်ချင်ဘူး.. နာမ်တွေ အိုပြီး ခေါင်းတွေ ဖြူကုန်မှာ စိုးတယ်..

  • thidakywewa1

    October 28, 2010 at 2:08 am

    meelay ရေးတဲ့ ဘူးသီးမသီးဘူး ကမှန်တယ်လို ထောက်ခံပါတယ်ဗျာ ။

Leave a Reply