ရာဘာဖိနပ်နဲ့ အလံသစ်တင်ပွဲမှ လူကြီးလူကောင်း

etoneOctober 27, 20101min14510

မေးလ်ထဲကို ရောက်နေတာ ၂ရက်လောက်ရှိပါပြီ ။ ကော်နက်ရှင်က သိပ်မကောင်းလို့ တင်လို့မရသေးတာ ။ ဘယ်သူကများ ရိုက်ထားပါလိမ့် ။

တကယ်ဆိုရင် နိုင်ငံတော်အလံတင်တဲ့အခန်းအနားမှာ ဝတ်စုံပြည့်သပ်ရပ်စွာဝတ်ဆင်သင့်တာပေါ့… အခုတော့ ရေချိုးခန်းစီး ဖိနပ်လိုမျိုးပါလား ။ သတိမမူမိပဲဝတ်မိတာလား ရေတွေနဲ့ချောနေလို့ပဲလားကတော့ ဝတ်တဲ့လူကိုယ်တိုင်ပဲသိမှာပါ ။

ဒီဓါတ်ပုံကလည်း အပြင်လူရိုက်လို့မရပါဘူး ။ သူတို့ထဲက နိုင်ငံတော်အလံသစ်တင်အခန်းနားမှာပါတဲ့လူထဲက တယောက်ရိုက်ပြီး ဖြန့်တာဖြစ်နိုင်ပါတယ် ။

10 comments

  • pwint pwint

    October 27, 2010 at 5:08 am

    အဟမ်း..ကြားသလောက်ကတော့ ယတြာပထမအဆင့်အနေနဲ ့ “ဆင်ကြယ်” စီးပြီး “စုကြည်” ကို နင်းရမယ်လို ့ဆိုပါတယ်။
    ဒုတိယအဆင့်က “စွပ်ကျယ်” ဝတ်ပြီး “ဆိတ်ေ-ွး” ပွတ် ရမယ်လို ့ဆိုပါတယ်။ အင်္ဂါနာမ် နဲ ့ တနင်္လာနာမ်တွဲ တွေကို သက်ရောက်ကက်ကင်းနှိမ်တဲ့ သဘောပေါ့။
    တတိယ နဲ ့စတုတ္ထအဆင့်တွေကိုတော့ ကြားမိသူများ ဆက်ရေးပေးကြပါ။

  • the girl

    October 27, 2010 at 10:06 am

    အင်္ဂါ သားသမီးက အလြံဖ ုတ်/ ဗုဒဟူး ကအလံတင်ပြီး / တနင်းလာ က အလံခိုး ရမယ်ဆိုပဲ….‌ဒေါ ်ကြိုင်က ဘာ‌နေ ့သမီးတုံး……ဟိ

  • narziparty2009

    October 27, 2010 at 2:50 pm

    ဒေါ်ကြိုင်ကြိုင်ကတနင်္လာသမီးလား
    ဟဲဟဲ
    ဒို.ကတော.ဝေးဝေးကရှောင်မယ်

  • နှင်းသရဖီ

    November 22, 2010 at 2:52 am

    ကြည့်ရဒါ ပေါ့ဆဆနဲ့၊ အလံပြောင်းရမယ်တောင်သိတဲ့ပုံမပေါ်ပါဘူးလေ၊နိုင်ငံတော်ကိုယတြာချေနည်းနဲ့သာလုပ်မယ်ဆို………ငါးပါးမကလို့ ၁ဝပါးပါမောက်မယ်နော်……သတိထားပါအုံး HeeHee 😀

  • Maung Dae`

    November 22, 2010 at 4:16 am

    ဟုတ်တယ်လေ… ဆင်ကြယ်.. ဖိနပ်စီးခိုင်းတာက ယတြာချေတာပေါ့… ပြီးရင် တပ်ချုပ်ကြီးနဲ့ ကြိုင်မမ တို့က ဆိတ်ေ-ွးကို တလှည့်စီပွတ်ကြလိမ့်မယ်…

    ကြက်ဆူပင်တွေစိုက်တာကလည်း တကယ်တည်းတော့ယတြာချေတာပါပဲ.. ပြောင်းပြန် ကက်ကင်းရိုက်တဲ့သဘောပါ… ဒါကြောင့် ကြက်ဆူပင်ကိုတောင် ရိုးရိုးမခေါ်ဘူးလေ… ခြံစည်းရိုးကြက်ဆူလို့ခေါ်တာပေါ့… အပြင်ထုတ်တဲ့သဘောပေါ့… အစားထိုးလောင်စာရဖို့နေနေသာသာ ကြက်ဆူပင်ကိုတောင် မနည်းစိုက်နေရတာပါ.. ကောက်ရိုးမီးလိုပါပဲ.. လုုပ်တုန်းကတော့ လုပ်ကြဟေ့ လုပ်ကြဟေ့နဲ့.. အခုတော့ အဖျားရှုးသွားပီ..

    ဘုမသိဘမသိ လိုက်စိုက်တဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေက နားကားတာပဲ…. သူတို့မှာ.Bio Fuel လဲဆက်ထုတ်လို့မရ.. စိုက်ပီးသားအပင်တွေလဲ ဘာဆက်လုပ်ရမှန်းမသိ… နည်းပညာလဲ ထောက်ပံ့မပေး…

  • thidakywewa1

    November 22, 2010 at 4:52 am

    အဲဒါ ဘယ်သူလဲဟ ။တကယ်ပဲ ဦးနှောက်မရှိဘူး။

  • moethidasoe

    November 22, 2010 at 6:09 am

    သူတို့ကတော့ ဘယ်နည်းနဲ့ပဲ အပေါ်ရောက်ရောက် .. နည်းမျိုးစုံသုံးဖို့ ဝန်မလေးဘူး ဆိုတဲ့ သူတွေဆိုတော့ ကြက်ဆူပဲ လုပ်လုပ် .. ဆင်ကြယ်ပဲ စီးစီး .. လုပ်ချင်တာ လုပ်ကြပါစေ ..

    ခေါင်းပေါ်မှာ ကျစ်ဆံမြီးတွေ ရောက်လာမှာပဲ လို့ ..

  • photwenty

    November 22, 2010 at 6:42 am

    pwint pwint ရေ ဒုတိယအဆင်.ကနည်းနည်းများမှားနေသားလို.
    ဆိတ်မဟုတ်ပါဘူး ဆင်ပါပဲတဲ.

  • seaman

    November 22, 2010 at 11:29 am

    သန်.ရှင်းရေး ခေါင်းရှေင် အောင်သိန်းလင်းေ၇
    သန်.ရှင်းရေး ကိုလဲကောင်းအောင်မလုတ်
    မဲဆွယ်ပြီး လမ်းတွေကို တဝက်တပျက်ခင်း
    မင်းဘဝ လဲ တဝက်တပျက် နဲ. နိဂုံးချုပ်လိမ်.မယ်။

  • shwe

    November 22, 2010 at 6:21 pm

    ဒို့များတော့ နောင်တစ်သက်လုံး ဆင်ကြယ်ဖိနပ် မစီးတော့ဘူး။ ဆိုင်သော်ရှိ မဆိုင်သော်ရှိ၊ တတ်နိုင်ဘူး။ ရင်ထဲကခံစားချက်အတိုင်းလုပ်တာ။

Leave a Reply