နာရီသံကတစ်ချက်ချက်နဲ့ရွှေ့လျားနေသည်  အချိန်ကား ဆယ့်တစ်နာရီလေးဆယ် …..

အိပ်ချင်လာသယောင်ဖြစ်နေသောကြောင့် ကော်ဖီပူပူးလေးတစ်ခွက်ထဖျော်လိုက်တယ် ။ ပြီးတော့ စာကြည့်စားပွဲကိုပြန်ထိုင်စာကျက်ဖို့ ပြင်ပါတယ် ။ တစ်ညနေလုံးစာထိုင်ကျက်ရတာငြီးငွေ့နေသော်လည်း မဖြစ်မနေစာကျက်ရမည်ဟုစိတ်တင်းကာ အာရုံစုစည်းပြီး စာကျက်နေပါတော့တယ်။ အိမ်ရှိအိမ်သားများအားလုံး အိပ်နေပေပြီ ။ ညကလည်း ပိုပို၍ညဥ့်နက်လာသည် စာတိုးတိုး ညည်းသံကလွှဲ၍ တခြား ဘာအသံမှမကြားရအောင်ပင် တိတ်ဆိတ်လွန်းလှသည် ။ ညနေကတည်းက ထိုင်ကျက်နေရ၍ညောင်းချိနေသဖြင့် စာကျက်တာ ခဏရပ် ခါးကိုနည်းနည်းမတ်ပြီး လက်ဆစ်တွေကိုတဖျောက်ဖျောက်ချိုးမိပါတော့တယ် ။ ကော်ဖီနံ့သင်းသင်းလေးကို ရှုရှိုက်ရင်း နံရံပေါ်က နာရီကိုကြည့်တော့ ဆယ့်နှစ်နာရီစွန်းစွန်းဖြစ်နေပြီ သန်းခေါင်ယံတောင် ကျော်ပါပကောလား… ။

ဟူး…….. သက်ပြင်းတစ်ချက်ချလိုက်ပြီး တခြားဘာသာရပ်တွေဆက်ကျက်ရန်စာအုပ်တွေလှန်လှောရင်း… ရှူရှိုက်မိလိုက်သည်က အနံ့သင်းသင်းလေးတစ်မျိုး သေချာတာက ကိုယ့်ဆီကမဟုတ်တာ ….။ ဘယ်သူများတရေးနိုးကြီးထပြီးရေမွှေးဆွတ်ပါလိမ့်…. “အမ်….ဘယ်သူမှလည်းမရှိဘူး ။အားလုံး အိပ်နေဆဲပါလား … “မွှေးနံ့လေးက မွှေးဆဲ ..။ Etone သာမန်အားဖြင့်ရေမွှေးနံ့ပြင်းပြင်းတွေ မကြိုက်တတ်…။ ဒီတစ်ခါအနံ့လေးကိုတော့ တ၀ကြီးစိတ်ကြိုက်ရှုမိလိုက်သည် ..။ အသက်ရှူသံနဲ့အတူ ရင်ခုန်နှုန်းတွေ တဖြည်းဖြည်း မြင့်လာတာ သတိထားမိမှ မမြင်ရသောပုဂ္ဂိုလ်တယောက်ယောက် အနံ့ပေးနေမှန်းသတိထားမိတော့သည် ။ ပရလောကသားလား နတ်ကောင်းနတ်မြတ်လား…ဥစ္စစောင့်လား.. သတိမထားမိသေးခင်မှာပဲ ကြောက်စိတ်တွေဝင်လာပြီး အိပ်ခန်းထဲ ဒရောသောပါး ပြေးဝင်ခဲ့သည်။ မီးတောင်မဖွင့်မိပဲ ကုတင်ပေါ်တွင် စောင်ခေါင်းမြီးခြုံကာ အနံ့ရသေးလားဟု ရူနေမိသည် …။ အဲ့ဒီအချိန်တွင် ကြားရသော ရင်ခုန်သံသည် အကျယ်လောင်ဆုံး ဟုပင် ထင်ရသည် …. ။ ဆယ့်ငါးမိနစ်လောက်ကြာကြာအထိ ကိုယ့်ရင် ခုန်သံ ကိုယ်နားထောင်မိသည် ပုံမှန်အနေထားပြန်ဖြစ်သွားပြီးဟုသိရချိန်တွင် ခေါင်းမြီးခြုံအနေထားမှထ ကာ စူးစမ်းသယောင် အိမ်ရှေ့သို့ ပြန်ထွက်လာခဲ့သည် ။

မိန်းမများဤ စူးဆန်းလေ့လာတတ်သောစိတ်အရ အနံရှိသေးလားဟု စာကျက်သည့်နေရာတွင် ပြန်ထိုင်ကာ အနံ့ကိုတ၀ကြီး ရှူလိုက်မိတော့မှ ……… အားပါးပါး ထုံသင်းအီနေတာပဲ ပထမဆုံးရတဲ့အနံ့ထက်တောင် ပိုများလာသေးတယ် ။ ကြောက်ကလည်း ကြောက် ပေမဲ့… တော်ကြာ အပုပ်နံ့ကြီးလွင့်လာရင် သွေးတတ်လဲသွားနိုင်သည် … တယောက်ထဲညသန်းခေါင်ကျော်တွင် သွေးပျက်နေသည်ကို ဘယ်သူမှမသိပါ … အဲ့ဒီအချိန်က အိမ်သားတွေကို နှိုးရမည်ဟု၊ နှုတ်မှအသံထွက်ရမည်ဟု ဘာကြောင့်များ မတွေးမိလဲ မစဉ်းစားတတ်တော့… ။ ကြောက်ကြောက်နဲ့ပဲ … မမြင်ရသောပုဂ္ဂိုလ်ကို စကားပြောလိုက်သည် ။

“ကြောက်လို့ပါ အနံ့မပေးပါနဲ့တော့…ကိုယ့်လမ်းကိုယ်သွားပါတော့နော် … တကယ်ကြောက်လို့ပါ” စကားပြောသော်လည်း အသံတို့ထွက်မလာပဲ စိတ်ထဲမှပြောနေခြင်းသာ လူကတော့ ချွေးတွေစေးကပ်၍ မူးနောက်ကျိနေသည် ။ အရုပ်ကြိုးပြတ်ဖြစ်ချင် နေသည် ။ သိတော်မူတဲ့အတိုင်း … ဗန္ဓုလသွေးပါသည် :D သိပ်မကြာပါ … အနံ့များပျောက်၍သွားတော့သည် …။

ဤသည်ကား etoneရဲ့ ကိုယ်တွေ့အဖြစ်ပျက်ဖြစ်သည် ။ လွန်ခဲ့သော ကိုးနှစ် ၊ ဆယ်နှစ်နီးပါး ခန့်ကဖြစ်သည်။10တန်း စာမေးပွဲ နီးသဖြင့် စာကျက်နေသော ညတစ် ညတွင်လည်း ဖြစ်သည် ။ ထိုအနံတစ်ခုထဲကိုပဲ အကြိမ် 7 ကြိမ် 8ကြိမ် ရခဲ့ဖူးသည် ။ အိမ်သားများ စုံနေချိန်တွင်လည်း ထိုအနံ့ရချိန်နှင့်ကြုံခဲ့ဖူးသည် ။ အကြိမ်အများစုမှာ ညဘက်တွင်သာရတတ်ပြီး… တစ်ခါမွှေးလျှင်အနည်းဆုံး 5မိန်စ်ခန့်မှ 45မိနစ်ခန့်အထိကြာမြင့်တတ်သည် ။ ယခုမူ အမွှေးရနံ့မရတော့သည်မှာ ကြာလှပြီဖြစ်သည် ။ နောက်ဆုံးရခဲ့သောအမွေးနံ့ မှာ လွန်ခဲ့သော ၆လခန့်က ရခဲ့ခြင်းဖြစ်သည် ။ အမွှေးနံ့သာရပြီး အရိပ်၊အသံ ဘာမှမပေးပါ ။ မမြင်ရသော ပုဂ္ဂိုလ်တစ်ဦးမှပေးသော အနံ့ဟုပင် မှတ်ယူထားပါတော့သည် ။ ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!