ဘာလို့ မဖြစ်နိုင်ရမှာလဲ

MandalayTharOctober 27, 20101min1120

အိန္ဒိယကို ဥပမာထားပြီးပြောရရင် ၁၉၇၅မှာ အင်ဒီရာဂန္ဓီက အတိုက်အခံတွေ အားလုံးကို ထောင်ထဲ ထည့်ပစ်လိုက်တယ်။ ရွေးကောက်ပွဲ ကြေညာတဲ့အချိန်မှာ နိုင်ငံရေး ခေါင်းဆောင်တွေကို ထောင်ချထားပေမယ့် ထောင်ထဲကနေ ဝင်ပြိုင်ခွင့် ပြုခဲ့တယ်လေ။ အဲဒီတုန်းက ဂျော့ဖာနန်ဒစ်လဲ ထောင်ထဲမှာပဲ။  သူ့ဓာတ်ပုံကို ယူပြီးတော့ တနိုင်ငံလုံးမှာ ကားတွေနဲ့လှည့်ပြီး စည်းရုံးရေးတွေ လုပ်ကြတယ်။ အဲဒီမှာ သူက တနိုင်ငံလုံး ဒုတိယ မဲအများဆုံးနဲ့ နိုင်ခဲ့တယ်။ ဒါ့ကြောင့် နေအိမ်အကျယ်ချုပ်ပဲဖြစ်ဖြစ်၊ ထောင်ကျနေတာပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ပါဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ

ဒီစကားလေးကို ကြိုက်မိလို့ ဧရာဝတီကနေ ကူးပြီး sharing လုပ် တင်ပေးလိုက်ပါတယ်။ မဖြစ်နိုင်တာလဲ သိပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံ မဟုတ်သလို။ မောင်သန်းရွှေဟာလည်း အင်ဒီရာဂန္ဓီမဟုတ်ဘူးဗျာ။ မဖြစ်နိုင်မှန်းသိပေမဲ့လည်း တိုင်းပြည်ကို ချစ်တဲ့သူတယောက်အနေနဲ့ မျှော်လင့်ချက်လေးတော့ ထားမိတာပေါ့။

မြန်မာနိုင်ငံ စစ်ကျွန်ဘဝမှ အမြန်ဆုံး လွတ်မြောက်ပါစေ။