Wake up Burma, Boycott the election 3

timothyOctober 27, 20101min880

သပိတ်မှောက်မလားဆိုပြီး ဧရာဝတီဘလောဂ်မှာတွေ့ရတာကတော့ ၇၅%သပိတ်မှောက်ဘို့မဲပေးထားတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ ၁၀၀% ရာနှုံးပြည့်ဖြစ်စေချင်ပါတယ်။ ဘာ့ကြောင့်လဲ။ ရွေးကောက်ပွဲမှာ သန်းရွှေကလိန်ဉာဏ်ကိုကျုပ်တို့မဖျက်နိုင်လို့သူအနိုင်ရခဲ့လို့ကတော့ကျုပ်တို့ဘဝပျက်ပြီဘဲ။  အဲဒီနေ့မှာ မဲရုံကိုဘယ်သူမှမသွားဘဲသပိတ်မှောက် မဲရုံမှာလဲချောက်တီးချောက်ကပ်ဆိုလို့ကတော့ သန်းရွှေ ဘဝအပျက်ဘဲ။ တရုပ်လဲမြန်မာလူထုတရပ်လုံးရဲ့မဲရုံသပိတ်မှောက်တာကြောင့်သန်းရွှေကိုဘယ်လိုမှမကယ်နိုင်တော့ဘူး။

သန်းရွှေစိတ်ကောက်ပြီးစစ်တပ်အာဏာသိမ်းလို့ကတော့သူ့ပွဲသူအဖျက်ဘဲ။ ကုလသမဂ်ဂ အေဆီယန် နဲ့ တရုပ်တို့က ဗမာပြည်သူလူထုကသာမိမိရဲ့ကံကျမ္မာကိုဖန်တီးရမယ်။ ဘယ်သူမှသူများနိုင်ငံအရေးမှာဝင်မပါဘူးလို့အတိအလင်းကြေငြာထားပါတယ်။ ဗြောင်တလင်းရှင်းနေတဲ့မဲရုံကို သန်းရွှေဘယ်လိုမှမလိမ်နိုင်တော့ဘူး။

သန်းရွှေကိုကျုပ်တို့မဲအနိုင်ပေးလိူက်လို့ကတော့ လူထုဆန္ဒပြပွဲကြီးတို့ လွှတ်တော်မှာတဖြေးဖြေးပြင်ယူမယ်တို့စိတ်ကူးမယဉ်ကြပါနဲ့။ အစုလိုက်အပြူံလိုက် နိုင်ငံဖြိုခွဲမှုပေါင်းစုံနဲ့ထောင်နန်းစံ အကျိုးမဲ.ဘဲ။ အကျိုးမဲ့သေကျေပျက်စီးကြအူံ့းမယ်။

သပိတ်မှောက်မှုနဲ့ထောင်ချရတမ်းဆိုအနည်းဆုံး လူ ၂၀၀၀၀၀၀ဝ အတွက်ချွေးတပ်စခန်းတွေဖွင့်ရမယ်။ ဒါဆို တရုပ်ကြီးလဲမကယ်နိုင်ဘူး။

ပြည်သူတွေဘယ်လမ်းရွေးမလဲ။ လမ်းရွေးမှန်နိူင်ကြပါစေ။