ရင်လေးမိတယ်

ေရႊဘိုသားOctober 27, 20101min48

တစ်ရက်ထဲနဲ.တွေ.ခဲ.တဲ.အရာတွေကတော.ရင်မောစရာတွေကများပါတယ်ဗျာ။

အလုပ်ကလည်းအားတာနဲ.သတင်းဖတ်မယ်ဆိုပြီးအင်တာနက်ဆိုင်သွားမယ်ဆိုထွက်လာပါတယ်။ကားလမ်းမပေါ်မှာပါတီတစ်ခုကမဲဆွယ်စည်းရုံးရေးဆင်နေပါတယ်။တကယ်လို.သူတို.ပါတီနိုင်ရင်နိုင်ငံကိုဦးဆောင်မဲ.လူတွေပါ။ဒါပေမဲ.သူတို.ကအခုကတည်းကစည်းကမ်းမရှိတာကို

တွေ.နေရပါတယ်ဘာလည်းဆိုတော.သူတို.မဲဆွယ်တာလက်ကမ်းစာစောင်ဝေတာကစက်ဘီးတွေနဲ.ပါ။စက်ဘီး ( 7 ) စီးလောက်ကလမ်းပြောင်းပြန်တွေစီးပြီးသွားလာလှုပ်ရှားနေကြပါတယ်။ကျွန်တော်လမ်းသွားရင်စဉ်းစားမိတာကတော.ဪနိုင်ငံတော်ကိုဦးစီးမဲ.လူတွေကအခုတော.လမ်းစည်းကမ်းကို

တောင်မလိုက်နာနိုင်ပါလားဆိုတာပါပဲ။လမ်းစည်းကမ်းဆိုတာကဘယ်အစိုးရဘယ်လိုပြောင်း

နေပါစေအမြဲတမ်းလိုက်နာရမှာပါအခုတော.သူတို.ကလမ်းစည်းကမ်းကိုနားမလည်တာလားသူတို.မဲရဖို.အတွက်ဘာကိုမှမလိုက်နာတော.တာလားဆိုတာတော.သူတို.ပဲသိပါလိမ်.မယ်။ဘာပဲဖြစ်ဖြစ်နောင်တချိန်နိုင်ငံကိုဦးစီမယ်ဆိုရင်တော.သူတို.ကအစစည်းကမ်းရှိရပါလိမ်.မယ်။

နောက်တစ်ခုကတော.အင်တာနက်ဆိုင်ထဲမှာကြားလိုက်ရတဲ.စကားတစ်ခွန်းကြောင်.ပါဘာ

ဘာလည်းဆိုတော.ကျွန်တော.ဘေးနားကခုံမှာထိုင်နေတဲ.ကျွန်တော်တို.အရွယ်လူငယ်တစ်

ယောက်နဲ.သူ.အမေလို.ထင်ရတဲ.အန်တီတစ်ယောက်တူတူထိုင်နေပါတယ်။ကြားရတဲ.စကားကတော.တော်တော်ရင်လေးဖို.ကောင်းပါတယ်။လူငယ်ကသူ.ဘေးမှာထိုင်နေတဲ.အမေကိုမြန်မာနိုင်ငံအလံသစ်ပြောင်းထားတာကြည်.မလားလို.မေးလိုက်ပါတယ်ပြန်ဖြေလိုက်တာကတော.တကယ်ကိုအံ.ဩစရာပါဘာလို.ကြည်.မှာလဲတဲ.ကိုယ်နဲ.ဘာဆိုင်လဲတဲ.သူတို.ဖာသာသူတို.

ကောင်းလို.ပြောင်းတာတဲ.ဗျာ။ကိုယ်စိတ်မဝင်စားချင်နေပါကိုယ်နိုင်ငံရဲ.အရေးကိုစိတ်ဝင်စား

တဲ.သူကိုတော.မတားဆီးပါနဲ.ကိုယ်.နိုင်ငံအခြေနေကိုယ်စိတ်ဝင်စားတာပါဂုဏ်တောင်ယူရအုံးမှာပါ။ဒါကိုဘာ.လို.တားဆီးနေသလဲဆိုတာတော.ဘယ်လိုမှကိုစဉ်းစားလို.မရပါဘူး။ဒီနေ.တွေ.ခဲ.တာတွေကိုပြန်စဉ်းစားမိတိုင်းရင်လေးမိတာတော.အမှန်ပါပဲ။

နောက်တစ်ခုရင်လေးမိတာကျန်ပါသေးတယ်ဒီပို.စ်တင်ဖို. 2 နာရီလောက်ထိုင်စောင်.နေရတဲ.အင်တာနက်ကွန်နက်ရှင်ကြောင်.ပါ။

စာကတော.သိပ်မရေးတတ်ပါဘူးအခုမှစရေးတာပါ

အားလုံးသည်းခံဖတ်ကြပါလို.တောင်းပန်ချင်ပါတယ်။