သက်တံ့အယ်ဒီတာအဖွဲ့။ October 27, 2010

စပိန်နိုင်ငံက လိင်တူချစ်သူတွေရဲ့ အုပ်စုလိုက် အနမ်းပွင့်ချွေခြင်းအားဖြင့် ပုဒ်ရဟန်းမင်းကြီးကို ကြိုဆိုကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကက်သလစ် ဘာသာဝင်တွေရဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ပုဒ်ရဟန်းမင်းကြီးဟာ လာမယ့် နိုဝင်ဘာလမှာ စပိန်နိုင်ငံကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

သူကြွရောက်လာတယ် ဆိုရင်ပဲ လိင်တူချစ်သူတွေက ဇာတ်စင်မြင့်တစ်ခုကို သူ့ရဲ့ အလာလမ်း မျက်နှာချင်းဆိုင်မှာ ဆောက်လုပ်ပြီး ပုဒ်ရဟန်းမင်းကြီး ထွက်လာတာနဲ့ တပြိုင်တည်း တက်ညီလက်ညီ ပွေ့ဖက် နမ်းရှုပ်ပြခြင်းဖြင့် ဆန္ဒပြကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုဒ်ရဟန်းမင်းကြီးဟာ လာမယ့် စနေနေ့ နိုဝင်ဘာလ ၇ရက် မနက် ၉နာရီမှာ မြို့တော် Barcelonaရဲ့ ရင်ပြင်မှာရှိတဲ့ Sagrada Familia လို့ခေါ်တဲ့ ဘုရားရှိခိုးကျောင်းကို ရောက်ရှိလို့လာမှာ ဖြစ်ပါတယ်။

လိင်တူချစ်သူတွေ အခွင့်အရေးတွက် လှုပ်ရှားတက်ကြွသူ တယောက်ဖြစ်တဲ့ Carole Marylene က ပုဒ်ရဟန်းမင်းကြီးရဲ့ လိင်တူချစ်သူတွေ အပေါ်မှာ မုန်းတီးတဲ့ အမြင်တွေ အတွက်ကြောင့် အခုလိုမျိုး အနမ်းနဲ့ သူကိုပြန်ပြီး ဆန့်ကျင်ဆန္ဒပြရတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးတော့ “သူရောက်လာတယ် ဆိုတာနဲ့ ကျမတို့ ယောက်ျားအချင်းချင်း မိန်းမအချင်းချင်း သူ့ရှေ့မှာတင် အားရပါးရ နမ်းပြကြမှာပါ”လို့ စပိန်အခြေစိုက် EFE သတင်းစာဌာနကို ပြောဆိုခဲ့ပါတယ်။

ကျမကတော့ အရမ်းစိတ်လှုပ်ရှားတယ်။ ဂေး တွေကို အရမ်းမုန်းတဲ့ တော်ဝင် ပုဒ်ရဟန်းမင်းကြီးက ဂေးတွေ နမ်းပြတာကိုတွေ့ရင် မျက်နှာဘယ်လိုမျိုး ဖြစ်သွားမလဲ ဆိုတာကို တွေးရင်း ကျမ အရမ်းစိတ်လှုပ်ရှားတာပဲ။ အနမ်းကလည်း တော်လှန်ရေးတစ်ခု ဖြစ်လာခဲ့ပြန်ပြီပေါ့။

ဒီအနမ်းဆန္ဒပြပွဲနှင့် ပတ်သက်လို့ facebook အင်တာနက် စာမျက်နှာမှာ လူတွေကို ဖိတ်ခေါ်လိုက်တော့ လူပေါင်း တစ်သောင်းနှစ်ထောင်ကျော် တက်ရောက်ဖို့ အစီစဉ် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် facebook က အဲဒီစာမျက်နှာကို ဖျက်ပစ်ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် အုပ်စုတစ်စုက ပြန်ပြီးတော့ ထပ်တင်ထားပြန်တာ လူပေါင်း ကိုးရာကျော် ရှိပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ပုဒ်ရဟန်းမင်းကြီး အင်္ဂလန်ကို လာရောက်လည်ပတ် ခဲ့တုန်းကလည်း ကွန်ဒုံးတွေကို နည်းမျိုးစုံနဲ့ ကိုင်ဆောင်ထားတဲ့ လူပေါင်း နှစ်သောင်းကျော်ရဲ့ ဆန္ဒပြချင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

http://www.coloursrainbow.com/articles/2010-09-20-04-31-42/423-2010-10-27-11-58-11.html

About Phyo

Jasmine Phyo has written 31 post in this Website..

I am Gay.