ဖိုင်ဘာကေဘယ်လ်သုံးအင်တာနက်စနစ်ကို ကျပ်ကိုးသိန်းဖြင့်တပ်ဆင်နိုင်တော့မည်

poeticApril 2, 20101min896

အင်တာနက်၊ဖုန်းလိုင်း အပြင်ရုပ်မြင်သံကြားလိုင်းများပါကြည့်ရူနိုင်မည့် Fibre To The X (FTTX) အမည်ရှိ အင်တာနက် ဝန်ဆောင်မူကို ကနဦး တပ်ဆင်ခ ကျပ်ကိုးသိန်းဖြင့် ရတနာပုံတယ်လီပို့က မတ်လ ၂ရ ရက်နေ့မှ စတင်ပြီး ဝန်ဆောင်မူပေးမည်ဖြစ်ကြောင်း၊ သုံးစွဲသူ၏ နေရာအရောက် ဖိုင်ဘာကြိုးမျှင်များ တိုက်ရိုက် သွယ်တန်းကာ ဝန်ဆောင်မူပေးမှာဖြစ်ကြောင်း၊ ပြင်ဦးလွင်တွင် စတင်မှာ ဖြစ်ကြောင်း၊ မန္တလေး၊ မုံရွာ ၊ တောင်ကြီးတို့တွင် ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပြီး ဇွန်လနောက်ပိုင်းတွင် ရန်ကုန်မြို့တွင် စတင်ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ အဆိုပါ ဝန်ဆောင်မူတွင် ဂဏန်း ၁ဝ လုံးပါ ဖုန်းလိုင်းတစ်လိုင်း ၊ မြဝတီ ရုပ်သံ ၊ နိုင်ငံတကာ ရုပ်သံ ခုနှစ်လိုင်းကို အခမဲ့ ကြည့်ရူနိုင်မည်ဖြစ်ကြောင်း ၊ လစဉ်ကြေးအဖြစ် မြန်နူန်းအလိုက် 512 KBps တစ်လ လျှင် ၂၅၀၀ဝ ကျပ် ၊ 1MBps တစ်လ ၅၀၀၀ဝ ကျပ် ၊ 2 MBps တစ်လလျှင် တစ်သိန်းခွဲ ပေးဆောင်ရမှာ ဖြစ်ကြောင်း သတင်းရရှိပါသည်။

6 comments

  • http

    April 2, 2010 at 3:39 pm

    ယုံလိုက်အုံးမယ်…ရှယ်ကော်ကြီးရေ…

  • timothy

    April 2, 2010 at 9:35 pm

    I feel disgusting and sick when I ever heard that Burma is very much in advanced stage of development in terms of technology, commodities, shopping, privatisations and modern hotels, airports, factories; the names are endless. Plenty of goods for people to buy at shops prove that government policy is successful. Some of the expatriate visited back from Burma praises about this achievements of military regime. Do the people get the electricity, I asked. He said plenty,using the diesel pumped engines for lighting. I asked whether millions of people in Burma get proper electricity, basic food, cloth and shelter. Does he really think that millions of defenceless people are human being to be considered for basic electricity? Burmese does not ask too much for their daily necessities. They are not sophisticated to ask for LCD screen, mobile phones, modern gadgets, hand free whatever. They just want enough rice and fish soup on their table. Simple school and proper shelter to become decent human being. Where are the dignity of these millions if you deny them to get basic things and now advertising the broadband millions will never be able to reach. Believe me. They will never dream for it. It is utter ignorance for someone to advertise fibre optic cable in the land of millions sufferer. I feel ashamed for those provider for their exorbitant fees; advertisers for sheer utter non-sense and those expatriate for having courage to praise the military junta. People are not idiot. They know that mother countries is in serious trouble. They are just trying their best to help people in Burma. I praise who care about victims of Cyclone Nargis and denounce the junta for their crime against humanity and genocide. Please do not put any more nonsense advert for millions of sufferers. I feel sick for the people.

  • winne

    July 12, 2010 at 6:30 am

    အခုပြောတဲ့ ဈေးဆိုတော်တော်သက်သာသလို အဆင်ပြေမယ် ထင်တာဘဲ အခု ADSL တလကို ၃ဝ နှင့် နှစ်စဉ်ကြေး ၆ဝ တနှစ်တခါပေးနေရတယ် ဒီလိုဆို အများကြီး သက်သာသွားမယ် ထင်တယ်

  • ayemyacho

    July 25, 2010 at 11:15 am

    တကယ်ဆိုရင်တော့ဝမ်းသာစရာကြီးပေါ့
    ခဏနေ မကြာမီလာမည်မျှော်ဆိုရင်တော့
    မောပြီ

  • nyimalay

    September 13, 2010 at 8:43 am

    the whole country ya mar lar hin. ya mal so yin taw so good.

  • intro

    September 13, 2010 at 9:19 am

    ပြောတဲ့အတိုင်းသာ အမှန်တကယ် လုပ်ဆောင်ပေးနိုင်ပါစေဗျာ… အရမ်းကို ကျေးဇူးတင်မိမှာပါ

Leave a Reply