လိင်တူချစ်သူတွေရဲ့ သမိုင်းကြောင်းတွေကို သင်ကြားပို့ချပေးတဲ့ လန်ဒန်မြို့က စာသင်ကျောင်း

PhyoOctober 27, 20101min1072

သက်တံ့အယ်ဒီတာအဖွဲ့။ October 27, 2010

လန်ဒန်မြို့မှာရှိတဲ့ Stoke Newington အလယ်တန်းကျောင်းက သူတို့ရဲ့ ကျောင်းသင်ခန်းစာတွေမှာ လိင်တူချစ်သူတွေရဲ့ သမိုင်းကြောင်းကို သင်ကြားပို့ချ ပေးခြင်းအားဖြင့် လိင်တူချင်းချစ်တဲ့ ကျောင်းသားတွေအပေါ်မှာ အနိုင်ကျင့် စော်ကားတဲ့ ဖြစ်ရပ်တွေကို အများကြီး လျှော့ချနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

အဲဒီစာသင်ကျောင်းဟာ လိင်တူချစ်သူတွေရဲ့ သမိုင်းအကြောင်းကို လွန်ခဲ့တဲ့ ၅နှစ်ကတည်းက စတင်သင်ကြား ပို့ချပေးခဲ့တဲ့ လန်ဒန်မြို့က တစ်ခုတည်းသော စာသင်ကျောင်းလို့လည်း သိရပါတယ်။

အခုခါမှာ အဲဒီစာသင်ကျောင်းမှာ မတူကွဲပြားတဲ့ သင်တန်းဆိုတဲ့ ဌာနတစ်ရပ်ကို ဖွင့်လှစ်ပြီး တခြားကျောင်းဆရာ ဆရာမတွေကို မိမိရဲ့ ကျောင်းသူကျောင်းသားတွေအား လိင်တူချစ်သူတွေရဲ့အကြောင်းတွေ၊ တခြားမတူကွဲပြားတဲ့ မိသားစုတွေရဲ့ အကြောင်းတွေကို ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ သင်ကြားပို့ချပေးရမလဲ ဆိုတာကိုပါ သင်ကြားထားတယ်လို့ ဆိုပါတယ်။

အဲဒီသင်ခန်းစာတွေထဲမှာ အင်္ဂလန်နိုင်ငံရဲ့သမိုင်းမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ လိင်တူချစ်သူတွေရဲ့ အကြောင်းတွေကိုလည်း သင်ကြားပို့ချ ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီသူတွေထဲမှာ စာရေးဆရာကြီး Oscar Wilde၊ ပထမဦးဆုံး တယ်လီဂရက် ကျေးနန်းရိုက်စနစ်ကို တီထွင်ခဲ့တဲ့ Alan Turing နဲ့ တခြားနာမည်ကြီး Andy Warhol၊ Priscilla အစရှိတဲ့ နာမည်ကြီး လိင်တူချစ်သူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလို သင်ကြားပို့ချပေးရတဲ့ အဓိက သော့ချက်က “ပညာပေးခြင်းနဲ့ ပျော်ရွှင်စွာ အတူတကွ အောင်ပွဲဆင်နွှဲခြင်း”ဆိုတာပါပဲလို့ အဲဒီကျောင်းမှာရှိတဲ့ ကျောင်းဆရာမလေး Elly Barnes က ပြောပြပါတယ်။

ပြီးတော့ Guardian သတင်းစာဌာနကို သူမက “ကျမရဲ့ အဓိက ရည်ရွယ်ချက်က ကျောင်းတိုင်းမှာ ရှိနေတဲ့ လိင်တူချစ်သူတွေကို မုန်းတီးတဲ့ အရာတွေအားလုံး ပပျောက်သွားဖို့ပါ။ ပြီးတော့ ပညာပေးရေးနဲ့ ကျောင်းဆရာတွေကိုလည်း လုံလောက်တဲ့ အရင်းအမြစ်တွေ ရရှိအောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် တည်ဆောက်နိုင်အောင် ပြီးတော့ ကိုယ်ကိုယ်တိုင် ကောင်းမွန်စွာ လိုက်နာကျင့်သုံး နိုင်တဲ့သူဖြစ်အောင် ကြိုးစားရင်းနဲ့ လူတွေရဲ့ အတွေးအမြင်တွေကို ပြုပြင်ပြောင်းလဲ သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ နောက်တစ်ခုက ကျောင်းဆရာတွေ တော်တော်များများက LGBT Issue ကို ကိုင်ဖို့အတွက် အရမ်းကြောက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တပည့်တွေက သူ့ကို ဂေးလို့ ထင်သွားမှာကို အရမ်းစိုးရိမ်တယ်လေ။ ဟုတ်ပါတယ်။ ဒါဟာလည်း အပြစ်ပြောလို့ မရဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က ဒီအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပေးနေရတဲ့ သူတွေကိုး။ ဆိုတော့ ကျောင်းသားတွေကလဲ ကိုယ့်အပေါ် အမျိုးမျိုး ထင်နိုင်တာပဲလေ။ ဒါပေမယ့် ပြီးခဲ့တဲ့ ၅နှစ် အတောအတွင်းမှာ ကျမကို ဂေးလားဆိုပြီးတော့မေးတဲ့ ကျောင်းသား ၃ယောက်ပဲ ရှိပါတယ်။ ပြီးတော့ တချို့ကလေးတွေကလဲ သူတို့ရဲ့ လိင်စိတ်ခံယူမှုကို ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်လာမှုတွေ ရှိလာတယ်”လို့ ပြောဆိုခဲ့ပါတယ်။

မကြာသေးမှီက ထုတ်ဖော်ကြေညာခဲ့တဲ့ တန်းတူရေးနဲ့ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပြောဆိုထားတာက ကျောင်းတွေမှာ လိင်တူချစ်သူ ကျောင်းသားလေးတွေ သုံးယောက်မှာ နှစ်ယောက်က ကျောင်းမှာ အမြဲအနိုင်ကျင့်ခံရတာဖြစ်ပြီး ၁ရရာခိုင်နှုန်းလောက်က အသက်အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ ခြိမ်းခြောက်မှုမျိုးကို တွေ့ကြုံနေကြရတယ်လို့ ဆိုပါတယ်။

ဂေးတွေနဲ့ ပတ်သက်လို့ သုတေသန ပြုလုပ်မှုတွေကို လုပ်ဆောင်နေတဲ့ စတုန်းဝေါရဲ့ ၂၀၀၉ခုနှစ် တွေ့ရှိချက် အရဆိုရင် ကျောင်းဆရာ အတော်များများဟာ လိင်တူချင်းချစ်တဲ့ ကျောင်းသူ ကျောင်းသားလေးတွေ အနိုင်ကျင့်ခံနေရတာကို အများစုက တွေ့မြင်နေရပေမယ့်လို့ ကျောင်းဆရာ ၁ဝယောက်ထဲက တယောက်ကသာ အဲဒီဟာကို ပြဿနာကို ဖြေရှင်းပေးဖို့အတွက် တောင်းဆိုတာကို လက်ခံရရှိခဲ့တာလို့ ဆိုပါတယ်။

http://www.coloursrainbow.com

2 comments

  • mG

    October 27, 2010 at 5:30 pm

    ဟုတ်ပါတယ်။ထိုင်းရဲ့ကျောင်းတွေမှာလည်း ယခုလို သင်ကြားမှုတွေကို ဖွင့်လှစ်ထားတယ်တဲ့လေ……။ဒီ Post လေးအရမ်းကောင်းပါတယ်။Gay ဆိုတာဟာ ကျားဆိုရင်လည်း ကျားဘက်ကို 150 % ပါတယ်။ မဆိုရင်လည်း မဘက်ကို 150 % ပါတယ်လေ။သူတို့တွေဟာ သာမန်ယောင်္ကျားတွေ၊မိန်းမတွေထက် အစစ အရာရာ သာလွန်တယ်လို့ ဘီဂိတ် ကပြောဘူးတယ်လေ။ဒီသတင်းလေး ကြားရတော့ Gay တွေအတွက်ဝမ်းသာမိပါတယ်။မြန်မာမှာလည်း အဲ့လိုမျိုးတွေ လုပ်ပေးဖို့ လိုနေမယ်ထင်ပါတယ်။ဒီလိုဖြစ်လာတဲ့ လူမျိုးတွေကို ထိန်းချုပ်ရင် ပိုဆိုးလာနိုင်တယ်ဆိုတာကို Psychology အရ မြန်မာကလူတွေ လုံးဝမသိကြဘူးဖြစ်နေတာဟာ မြန်မာရဲ့အားအနည်းဆုံးအချက်ဖြစ်၏။အခြေခံအနေအရ မြန်မာမှာက Gay တွေကို နှိမ်ပြောရင် Gay ကနေ ယောင်္ကျားစစ်ပြန်ဖြစ်နိုင်တယ်လို့ ထင်နေကြတယ်။အဲ့ဒါမျိုးတွေဖြစ်နေတော့လည်း မြန်မာမှာက အပုန်းလေးတွေများလာတာတော့။အပုန်းလေးတွေဆိုတာကလည်း တိတ်တိတ်လေး ခြောက်နေတာလေ။လူသားတိုင်းကို ဘယ်တော့မှာ လျော့မတွက်ပါနဲ့။

  • koyinmaung

    October 28, 2010 at 12:48 pm

    150%ဆိုတာဘာကိုပြောတာလဲနားမလယ်လိုမေးတာပါ..

Leave a Reply