ကဲ … စဉ်းစားကြည့်ကြရအောင် ..

weiweiOctober 27, 20101min20520

မနေ့က မြန်မာစာကိုမေးထားလို့ ဒီနေ့ သချင်္ာမေးကြည့်မယ်။ ကီလို ၄ဝ ရှိတဲ့ ကျောက်တုံးတစ်တုံးရှိတယ်။ အဲဒီကျောက်တုံးကို ၄ ပိုင်းပိုင်းမယ်။ အဲဒီအပိုင်းတွေနဲ့ ချိန်ခွင်မှာ အလေးအဖြစ်သုံးမယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက အဲဒီအပိုင်းတွေကို သုံးပြီး ၁ ကီလို , ၂ ကီလို , ၃ ကီလို , ၄ ကီလို ကနေ …….. ၃၈ ကီလို, ၃၉ ကီလို , ၄ဝ ကီလိုအထိ ကိန်းဂဏန်းအားလုံးအတွက် ချိန်တွယ်နိုင်ရမယ်။

အဲဒီအပိုင်း ၄ ပိုင်းကို ဘယ်လို ပိုင်းဖြတ်ကြမလဲ ????

20 comments

  • bigcat

    October 28, 2010 at 4:18 am

    ၂၊ ၃၊ ၅၊ ၃ဝ ကီလို ဟုတ်ဖူးလား။ တကီလို ကျောက်ကို ချိန်ချင်ရင် ပိုင်းထားတဲ့ နှစ်ကီလိုအလေးကို ချိန်ခွင်ရဲ့ဟိုဖက်မှာ ချိန်မဲ့ ၁ကီလို ကျောက်တုံးနဲ့ ပေါင်းလိုက်၊ တဖက်မှာ ၃ ကီလို အလေးကိုထည့်။ ဒါဆို ချိန်မဲ့ ကျောက်တုံးအလေးချိန် ကိုသိပြီပေါ့။
    ၂ရကီလိုကျောက်တုံးကို ချိန်ချင်ရင်လည်း ဒီလိုပဲ အဲဒီကျောက်ကို ၃ကီလိုအလေးပေါင်း၊ တဖက်မှာ ၃ဝကီလို အလေး ထည့်ချိန်၊ အခြေသိရောပေါ့။ မဝေရယ် ကျနော်က ကိုအောင်ပုလို လေသမာမဟုတ် ညဏ်သမားပါဗျ။ အရွေးမလွဲစေချင်ဘူး။

  • weiwei

    October 28, 2010 at 4:22 am

    စဉ်းစားတာတော့ တော်ပါတယ် .. တကယ်ချီးကျူးပါတယ် .. ဒါပေမယ့် မမှန်သေးဘူး .. ၄ ကီလိုကို ဘယ်လိုချိန်မလဲ? .. ၆ ကီလိုလဲချိန်လို့မရဘူးလေ … မရတာတွေအများကြီးကျန်သေးနေတယ် … Hint တစ်ခုပေးမယ် … ၁ ကီလိုတစ်တုံးတော့ မဖြစ်မနေဖြတ်ရမယ် ..

    • bigcat

      October 28, 2010 at 4:39 am

      အဲဂလိုတော့ လိမ်ပြီးထွက်ပြေးဖို့ မကြိုးစားပါနဲ့ ဝေဝေရယ်။ ကိုကြောင်ကြီးက ပလီစိချောက်ချက် ပြောတာမဟုတ်ရပါဘူး။
      ၄ကီလို ကိုချိန်ချင်ရင် အရင်ချိန်ပြီးသာ ၁ကီလိုကျောက်တုံးကို ယူသုံးပေါ့။ ခြောက်ကီလိုလည်း ဒီအတိုင်းပဲလေ။ မဝေဝေရဲ့ ပို့စ်ထဲမှာ အဲလိုမလုပ်ရလို့ မပြောထားဘူး။ နအဖလိုတော့ ထုတ်ပြီသား ဥပဒေအပေါ်မှာ စည်းကမ်းတွေ ထပ်ထုတ်မယ် မကြံနဲ့။ ကိုကြောင်ကြီးကို မမြင်ချင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။

  • weiwei

    October 28, 2010 at 4:46 am

    အရင်ချိန်ပြီးသားကျောက်တုံး ယူသုံးလို့မရဘူးလေ … တုံးပြီးသားအပိုင်းပဲ သုံးပြီးအလေးလုပ်မှာ .. ချိန်ပြီးသားပစ္စည်းပြန်ယူသုံးလို့ရတယ်လို့ မပြောထားပါဘူး ..

    • bigcat

      October 28, 2010 at 5:08 am

      ပြောပြောကစောရောပေါ့ကွယ်၊ ကိုကြောင်ကြီးမှာ ဆံပင်တောင်ဖြူတော့မလို့။ ၁၊ ၃၊ ၈၊ ၂ဝ မဟုတ်လား။ ကြောင်ကြီးပျော်ပါရစေကွယ်။

    • bigcat

      October 28, 2010 at 5:10 am

      ပြောပြောကစောရောပေါ့ကွယ်၊ ကိုကြောင်ကြီးမှာ ဆံပင်တောင်ဖြူတော့မလို့။ ၁၊ ၃၊ ၈၊ ၂၈ မဟုတ်လား။ ကြောင်ကြီးပျော်ပါရစေကွယ်။

  • weiwei

    October 28, 2010 at 5:12 am

    ကိုကြောင်ကြီး တော်တော်နီးစပ်လာပြီ … ဒါပေမယ့် အကုန်လုံးချိန်လို့မရသေးဘူး … နဲနဲလွဲနေသေးတယ် ..

    • bigcat

      October 28, 2010 at 5:20 am

      ဟေ့ဟေ့…လွန်လာပြီနော်၊ ဘယ်ကျောက်တုံး ချိန်မရဘူးလည်းပြော။

      ဝေဝေအတွက်ဆိုရင်ကွယ်
      မြင့်မိုရ်တောင်ကြီးကိုတောင်
      ကြောင်ကြီးရယ် ချီကာပြပါ့မယ်
      ကျောက်တုံးလေးလုံးနဲ့။

  • weiwei

    October 28, 2010 at 5:22 am

    ၆ ကီလိုမှာ ချိန်လို့မရတော့ဘူးဖြစ်နေတယ် … ကျန်တာတွေလဲ ချိန်မရတာ အများကြီးရှိသေးတယ် ..

    • bigcat

      October 28, 2010 at 5:36 am

      ဘာရယ်ဗျ နံပါတ်ခြောက် ဟုတ်စ..။ အဲဒီကျောက်တုံးကိုယူ ချိန်ခွင်ထဲကို ၃ကီလိုကျောက်နဲ့ပူးထည့်၊ တဖက်မှာ ၁ကီလိုကျောက်နဲ့ ၈ကီလိုကျောက်ကိုထည့်။ နှစ်ခုညီမယ်လေ။

      ခွဲလိုက်ပါနဲ့ရယ်
      ကြောင်ကြီးအသည်း
      မောင်ကြီးမှာ
      ပြဲတော့မယ်ကွယ့်
      ပျိုခင်နှမ ဝေဝေရယ်။

  • ဆူး

    October 28, 2010 at 5:23 am

    စဉ်းစားခိုင်းရင် မစဉ်းစားဘဲ ပုန်းနေတဲ့ သူကမှ အမှန်ကွ.. ဟဲဟဲ…

  • weiwei

    October 28, 2010 at 5:26 am

    နက်ကောင်းနေပြီလား? .. အန်တီ ဆူး ..

  • weiwei

    October 28, 2010 at 5:41 am

    13 ဘယ်လိုချိန်မလဲ? …

    • bigcat

      October 28, 2010 at 5:58 am

      ၁၃+၂၈ကီလိုကတဖက် ၁ကီလိုကတဖက်၊ ခြားနားချက်က လေးဆယ်ကီလို၊ အဲဒီကမှ မူလအလေး ၂၈ကီလိုနုတ်ပြီး ၁ပြန်ပေါင်းလိုက်လေ။ ဟုတ်ဖူးယားရို့။

  • weiwei

    October 28, 2010 at 6:02 am

    တရေးနိုးသော်အကြံပေါ်တယ့် … တရေးအိပ်လိုက်ပါအုန်း …

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 28, 2010 at 12:17 pm

    ဘယ်တူမှ မဖြေရင် ပုပုကိုယ်တိုင်ဖြေမယ်
    ခုဟုတ် ဝူး
    နောက်မှ

  • nyinyiyannaing

    October 28, 2010 at 2:26 pm

    ကိုကြောင်ကြီး …ဒီလိုပြောကြည့်ပါဦး။
    ဘယ်ဘက် ကော ညာဘက်ကော နှစ်ဘက် စလုံးမှာ ဒီ ဖလိုးအတိုင်း ထည့်သွားကြည့်ပါ။
    ၁ . ၃ . ၉. ၂ရ လို့ပြောပါ။ အဲဒါအမှန်ပါပဲ။ မရစရာကို မရှိပါဘူး။ ကိုကြောင်ကြီး ပျော်ရွှင်ပါစေ။
    ၁ ကီလို = ဘယ်ဘက်မှာ ၁ ညာဘက်မှာ မရှိ
    ၂ ကီလို = ဘယ်ဘက်မှာ ၃ ညာဘက်မှာ ၁
    ၃ ကီလို = ဘယ်ဘက်မှာ ၃ ညာဘက်မှာ မရှိ
    ၄ ကီလို = ဘယ်ဘက်မှာ ၃ + ၁ ညာဘက်မှာ မရှိ
    ၅ ကီလို = ဘယ်ဘက်မှာ ၃ + ၂ ညာဘက်မှာ မရှိ
    ၆ ကီလို = ဘယ်ဘက်မှာ ၃ + ၂ + ၁ ညာဘက်မှာ မရှိ
    ………………………………..
    ဒီလောက်ဆို ရပြီထင်ပါရဲ့။

  • nyinyiyannaing

    October 28, 2010 at 2:32 pm

    ၅ ကီလို = ဘယ်ဘက်မှာ ၉ ညာဘက်မှာ ၃ + ၁ ( ၃ + ၂ = ၉ – ၄)
    ၆ ကီလို = ဘယ်ဘက်မှာ ၉ ညာဘက်မှာ ၃ (၃ + ၂ + ၁ = ၉ – ၃ )

  • weiwei

    October 28, 2010 at 2:33 pm

    ကိုကြောင်ကြီး အိမ်မက်ထဲမှာ ချိန်ခွင်နဲ့အလုပ်ရှုပ်နေတုန်း သူများဝင်ဖြေသွားပြီ … အဖြေမှန်ပါတယ် …

  • bigcat

    October 28, 2010 at 11:42 pm

    ဝီလိုဝီလိုလား။ ကျုပ်က အားလုံး ပရိုင်းနံပါတ်တွေမှ ရမယ်ထင်လို့ သူတို့နောက် နင်းကန်လိုက်နေတာ မှာတွားပြီပေါ့။ ညီညီရန်နိုင်ဆိုသူရေ နောက်တခါဆို အလိုက်ကန်းဆိုးသိကွယ်၊ ကိုကြောင်ကြီး မိနေတဲ့ဂွင် မင်းလုပ်လို့ ပျက်ပါရောလား။

Leave a Reply