ဒုတ်ဒုတ်ချင်း ဒိုင်းဒိုင်းချင်း Homo

battle field


လိင်တူဆက်ဆံသူ အကြောင်းတွေရေးထားတဲ့ ပို့စ်တွေ အခုတလော တင်နေတာတွေ့ရလို့ ကိုယ်တွေးမိတာလေးကို အလွတ်သဘော ဝင်ရောက်ဆွေးနွေးတာပါရစေ။ လိင်တူ ဆက်ဆံသူများကို အရပ်စကားနဲ့ဆိုရင် ယောက်ျားလျှာ၊ မိန်းလျှာဆိုပြီးရှိပါတယ်။ သူတို့ရဲ့လိင်မှုဆက်ဆံပုံ အကြိုက်တွေ အလိုက် မှတ်သားဖူးသလောက် ယောက်ျားလျှာ၊ မိန်းမလျှာ နှစ်မျိုး စလုံးမှာ တဖက်ချွန်၊ နှစ်ဖက်ချွန်နဲ့ သုံးဖက်ချွန် စမူစာရယ်လို့ သုံးမျိုးသုံးစား ရှိပါတယ်။ တခုသေချာတာကတော့ လိင်တူဆက်ဆံသူများ အရေအတွက် ထုထည်ပမာဏ ကြီးကြီးမားမား ရှိနေခြင်းကို မျက်ကွယ်ပြု မရခြင်းပါ။ သတင်းတွေမှာ ဆိုတာက လူ၁၀ဝမှာ ပျမ်းမျှ ၁ဝ ယောက်က လိင်တူဆက်ဆံသူတွေလို့ ဖတ်ရပါတယ်။ ဖြစ်နိုင်တာက လိင်တူဆက်ဆံတယ်ဆိုတိုင်း မိန်းမစိတ်ပေါက်နေတဲ့ အခြောက်များတင် မက်ဘဲ ယောက်ျားချင်းသာ လိင်ဆံဆက်လိုစိတ်ရှိတဲ့ ကျားကျားလျားလျား ယောက်ျားများလည်း ပါတယ်ထင်ပါတယ်။
လေ့လာမိသလောက် လိင်တူဆက်ဆံမှုကို ဆန့်ကျင်သူ အများစုက ယောက်ျားလျှာကိစ္စကို သိပ်ရေးကြီးခွင်ကျယ်မလုပ်ဘဲ မိန်းမလျှာကိစ္စကိုသာ ဆန့်ကျင်ကြတာပါ။ မိန်းမချင်းဖြစ်လို့ ဘာအရေး လဲလို့ တွေးကြဟန်တူပါတယ်။ မိန်းခလေးကျောင်းတွေမှာ မူလတန်း လောက်ကထဲက အချစ်တော်ဖွဲ့ တာတွေ ကြားဖူးခဲ့ပါတယ်။ မိဘတွေက ထိတ်လန့်တကြားဖြစ်တာ မကြားမိခဲ့ပါ။ ပြောင်းလဲနေတဲ့ ယနေ့ခေတ်ကာလမှာတော့ မပြောတတ်။ ကာတွန်းငွေကြည်လား ကာတွန်း မောင်ဝဏ္ဏလားမသိ၊ ကာတွန်းထဲမှာ အဖိုးကြီးနဲ့ အဖွားကြီးက သူ့သမီး ယောက်ျားလျှာ မိန်းမခိုး သွားလို့ အော်ဟစ်ငိုယို နေတော့ ဘေးကနှစ်သိမ့်သူက မိန်းခလေးချင်းဖြစ်လို့ သိပ်စိတ်မပူဖို့ ဖြောင်းဖျတော့ သူတို့ရဲ့သမီး ယောက်ျားလျှာ ခိုးသွားတာက မိန်းမလျှာလို့ ပြန်ဖြေတာကို မှတ်မိပါတယ်။
လိင်တူဆန့်ကျင်သူများမှာ လုံးဝလက်မခံ သဘောထားတင်းမာသူများနဲ့ ပြစ်တင်ရှုံ့ချဖို့မလို သူ့အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ် အလယ်အလတ်သမားများ ဆိုပြီးရှိပါတယ်။ ဒါပေမဲ့ လိင်တူ ဆက်ဆံသူများက လွတ်လပ်ခွင့်အပြင် လိင်တူဆက်ဆံခြင်းဟာ သဘာဝတရားနဲ့ညီ လူသားဆန်တဲ့ အမူအကျင့်ဆိုပြီး လူတွေရဲ့ စိတ်ကို အထူးသဖြင့် မျိုးဆက်သစ် ခလေးတွေကို ပြောင်းလဲဖို့ ကြိုးစားတဲ့ အခါမှာတော့ တိုက်ပွဲက ပြင်းထန်လာပါတော့တယ်။ သဘာဝတရားဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်မှာ နက်နဲတဲ့ လူမှုရေး၊ ဥပဒေရေး ပြောင်းလဲမှုတွေ အများကြီးပါ။ ဥပမာ လိင်တူစုံတွဲက ခလေးမွေးစား ပိုင်ခွင့်၊ စစ်မှုထမ်းခွင့်၊ သာသနာရေးကိစ္စတွေ ဆောင်ရွက်ပိုင်ခွင့်၊ ခလေးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု စတာတွေပါ။ ဘယ်သူနိုင်ပြီး ဘယ်နည်းဘယ်ပုံ အဆုံးသတ် သွားမလည်း ဆိုတာကိုတော့ နောင်အနှစ်နှစ်ဆယ်လောက်မှာ ထင်ထင်ရှားရှား တွေ့ပါလိမ့်မယ်။ လွတ်လွတ်လပ်လပ်နေလိုသူ လစ်ဘရယ်သမားများက အသံကျယ်ကြပြီး ရှေးရိုးစွဲ ကွန်ဆားဗေးတစ် များကတော့ သိုသိုသိပ်သိပ် ရှိတတ်လို့ ဘယ်သူက ပိုအားကောင်းလည်းဆိုတာ မှန်းရခက်ပါတယ်။
အာဏာရှင် နိုင်ငံတွေနဲ့ မပွင့်လင်းတဲ့ လူ့ဘောင် အဖွဲ့အစည်းတွေမှာ ဒီလိုကိစ္စမျိုးတွေကို ဖုံးကွယ်ဘူးခံဖို့ ကြိုးစားလေ့ ရှိပါတယ်။ သူတို့နိုင်ငံအတွင်း အသိုင်းအဝန်း အတွင်းမှာ အနောက်နိုင်ငံ တွေရဲ့ လူမှုရေးအရှုပ်အထွေးတွေကို အပြစ်ပုံချပြီး ကိုယ်အကျိုးအတွက် လိုရာကို ပုံဖော်လေ့ရှိပါတယ်။ ၂၀၀၅ ခုနှစ်လောက်က ထင်ပါတယ် အီရန်သမတ ကုလသမဂ္ဂညီလာခံလားတက်တုန်း နယူးယောက် ကိုလံဘီယာ တက္ကသိုလ်မှာ မိန့်ခွန်းပေးတော့ သူတို့ဆီမှာ လိင်တူဆက်ဆံသူူ မရှိဆိုပြီး ဗျောင်ငြင်းလို့ လူများအကြား ဟာသတခု ဖြစ်ခဲ့ရပါတယ်။ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်တဲ့ သဘောပါ။ သူ့ပြိုင်ဖက် အမေရိကန်ထက် အဖက်ဖက်က နောက်ကျနေတော့ မျက်စိမှိတ်ဇွတ် ပြောချင်ရာ ပြောသွားပုံရပါတယ်။
မြန်မာနိုင်ငံမှာ အီရန်လောက် မဆိုးသေပေမဲ့ ပွင့်လင်းမှုတော့လည်း မရှိသေး။ ပိုအရေးကြီးတဲ့ နိုင်ငံရေး စီးပွားရေးတွေမှာတောင် ဖိနှိပ်ထားမှတော့ အချော်တကောက်တွေလည်း နအဖစစ်အစိုးရကို မကျေနပ်သူတွေလို ပြင်ပကနေပဲ လေသနတ် ပစ်ကြရပါတယ်။ ဒါပေမဲ့ သူတို့ကိစ္စတွေက အနာဂတ်မှ ရှောင်လွှဲမရ ဖြေရှင်းရမဲ့ အရာဖြစ်လာမှာ မလွဲပါဘူး၊ ဘာလို့လည်းဆိုတော့ သူတို့ကလည်း လျော့မဲ့ ပုံမပေါ်၊ ဒါဟာသဘာဝလို့ ကြွေးကျော်ပြီး ခရီးဆုံးပန်းတိုင်အထိ ချီတက်ကြမှာပါ။ တဖက်ကလည်း ဘာသာရေး၊လူမှုရေး ကျန်းမာရေး အကြောင်းပြချက်တွေနဲ့ ပြန်လည် တွန်းလှန်ကြမှာပါ။ မြန်မာပြည်လို သိပ်ခေတ်မမှီတဲ့ တိုင်းပြည်အတွက် ပြဿနာမဟုတ်လို့အပေါ်ယံကြော ပြောတဲ့သူတွေ အများကြီး ရှိနိုင်ပါတယ်။ စဉ်းစားရမှာက အနာဂတ် တိုင်းပြည်ပြန်လည် ထူထောင်ရေးဟာ နိုင်ငံတကာ ပရောဂျက် တွေအပေါ် မှီခိုနေရမှာဖြစ်လို့ သူတို့ဆွေတော်မျိုးတော်တွေ အားကောင်းတဲ့ အလှူရှင်နိုင်ငံတွေနဲ့ ဆက်ဆံရမှု များလေလေ ဒီအရေးကိစ္စဟာ ရှေ့တန်းရောက်လာလေလေ ဖြစ်မယ်ဆိုတာပါပဲ။ ဒါကြောင့် သူတို့တောင်းဆိုလာမဲ့ သဘာဝနဲ့ လျော်ညီတယ်ဆိုတဲ့ လူမှုဆက်ဆံပုံ တွေးခေါ်မှု ပုံစံအသစ်ကို ပြောင်းလဲနေဆဲ ဲမြန်မာ့လူ့ဘောင်အဖွဲ့အတွက် ဘယ်လိုအကောင်းဆုံး တုံ့ပြန်ဖြေရှင်း သွားကြမလဲ ဆိုတာ ဓမ္မဓိဌာန်ကျကျ အပြန်အလှန် ဆွေးနွေးထားကြတာ မမှားနိုင်ဘူးလို့ ယူဆရင်း အဆုံးသတ် လိုက်ပါရစေ။

9 comments

  • MandalayThar

    October 28, 2010 at 2:27 am

    Mandalay Gazette မှာ မနေ့က ဆောင်းပါးတပုဒ် တင်လိုက်တယ် ဆလောင်းဖုုံးခြင်းရိုက်ချင်တဲ့အကြောင်းပေါ့… အောက်မှာ လင့်လေးပါလို့ မူရင်းနေရာကို သွားကြည့်မိတော့မှာ ဟာ ဒီအခြောက်တွေ၊ လဂွင်းခြမ်းခြင်းရိုက်မဲ့ဟာတွေက website တွေဘာတွေနဲ့ပါလားလို့ ဒါနဲ့ လျှောက် ကြည့်၊ လျှောက်ဖတ်မိတာ အခြောက်ဝါဒ အားပေးထားတဲ့ မြန်မာဆိုဒ် ဖြစ်နေတာသိရတယ်။ (ကြော်ငြာတာ မဟုတ်ဘူးနော်) ရှုတ်တော့ မချပါဘူး။ ဒါပေမဲ့ ပြောချင်တာက ခေတ်ကအရင်ကနဲ့ မတူတော့ဘူး။ ဒီကောင်တွေ ခေါင်းထောင်လာပြီ၊ လျှော့မတွက်နဲ့လို့ ပြောချင်တာ..

    အဲဒီဆိုဒ်မှာ ကိုယ်စိတ်ဝင်စားတဲ့ လဂွင်းချမ်းခြင်း ဘယ်လိုရိုက်တာလဲ သိချင်တာ ဒုတ်ဒုတ်ခြင်းရိုက်တာဘဲပါတယ်ဗျာ။ လိုသေးတယ်လို့ ပြောလိုက်ဗျာ။။ း) း)

  • kai

    October 28, 2010 at 4:16 am

    မြန်မာစကားပုံတခုက … စလောင်းဖုံး၂ချပ်တီးရင် ကျားလာတတ်တယ်တဲ..။
    ဆိုတော့..
    အဲလိုအခြေအနေပေါ်ရင် ကျားကလာပြီး စားစားသွားတတ်မို ့… မြန်မာပြည်မှာ လက်စ်ဘီယန်တွေနည်းတယ်လို့ ထင်ပါတယ်ခင်ဗျ။ 🙂

    အခုကစလို့ လာမယ့်ဆယ်စုနှစ်ထဲ ဂေးတွေကို ယူအက်စ်ကနေ ဦးဆောင်ပြီး အတင်းတွန်းတင်ပေးတော့မယ် မှန်းပါတယ်။ အလုပ်အကိုင်အခွင့်အလန်း အသစ်တွေသန်းချီဖေါ်နိုင်တာမို ့ပါ။
    လူသားတွေမှာ ကျား+မ ရှေးရိုးအတွဲကနေ .. ကျား+ကျား၊ မ+မ ဖြစ်တာနဲ့တင် လူမှုရေးကိစ္စတွေမှာရော။ လူ့အသုံးအဆောင်တွေမှာရော။ ဆေးဝါးတွေမှာပါ အသစ်အသစ်တွေ အများကြီး ထုတ်လုပ်ထီတွင်ရမှာဖို ့ဖြစ်ပါတယ်။ လေးလံထိုင်းမှိုင်းနေတဲ့ စီးပွားရေးကို တဖက်တလမ်းကလည်း ထောက်ကူနိုင်မှာမို ့ဖြစ်ပါတယ်..။
    မြန်မာပြည်လည်း အဲဒီသက်တန့်လှိုင်းကို တားနိုင်မယ်မထင်ပါဘူး။ ဘယ်လို လက်သင့်ခံယူရမလည်း ၊ ကြားထဲက ယဉ်ကျေးမှုထုံးတမ်းတွေနဲ့ ဘယ်လိုညှိယူမလဲ.. စဉ်းစားကြဖို့လိုမယ်ထင်ပါတယ်။
    အဲဒီလို ယူဆပါကြောင်းပါခင်ဗျား။

  • weiwei

    October 28, 2010 at 4:56 am

    ဗမာလူမျိုးတွေက ဗုဒ္ဓသာသာဝင်တွေပီပီ ကံ ကံ၏အကျိုးကို ယုံကြည်ကြတာမို့ အခုလို လိင်တူချစ်သူကိုလဲ လက်မခံချင်ပေမယ့် နားလည်ပေးနိုင်ကြမှာပါ။ အတိတ်ကံကြောင့် မဖြစ်ချင်ပဲ ဖြစ်နေရတယ့် ဝဋ်တစ်မျိုးဆိုတာကို လက်ခံပေးနိုင်ကြမှာပါ။ လူသားတွေကိုယ်ကျင့်တရားပျက်ပြားလာကြလို့ လူဖြစ်သော်လဲ ယောက်ျားစစ်စစ် ၊ မိန်းမစစ်စစ် မဖြစ်နိုင်ကြတာတွေ နောက်နောင် တဖြည်းဖြည်းနဲ့ရာခိုင်နှုန်းပိုတိုးလာလိမ့်မယ်ထင်တယ်။ သူများတွေကို ကဲ့ရဲ့အပြစ်တင်နေမယ့်အစား နောက်ဘဝ လူပြန်ဖြစ်ရင် အဲဒီလိုဘဝမရောက်အောင် ကိုယ်ကျင့်တရားကို အတတ်နိုင်ဆုံးစောင့်ထိန်းသင့်တယ်လို့ ယူဆကြောင်းပါ ……

    • True Faith

      October 28, 2010 at 11:16 am

      အမလေး wei wei ရေ။ အတိတ်ဝဋ်ကြွေး ဘာညာသွားမပြောနဲ့ဗျ။ ဟိုဘက်က အုပ်စုတွေကြားရင် သူတို့ကို နှိမ်ချတယ်။ ခွဲခြားတယ်ဆိုပြီး အော်ကြ ဟစ်ကြ ဖြစ်နေဦးမယ်။ သူတို့အထဲမှာ ဗုဒ္ဓဘာသာဝင်တွေ ပါပေမယ့် ဒါမျိုးကျတော့ ဝဋ်ကြွေးလို့ကို မခံယူကြဘူးဗျ။ အံ့ဩဖွယ်ရာပါပဲ။

  • doekalay

    October 28, 2010 at 6:29 am

    နေချင်သလိုတာနေကြပါ။ဘဝဆိုတာခဏလေးပါပဲ။ကိုယ်ကဘာကိုခံယူထားသလဲဆိုတာပဲ
    အရေးကြီးတယ်။

  • koyinmaung

    October 28, 2010 at 2:16 pm

    နှစ်ဖက်ချွန်ဆိုလို့ပြောရအုံးမယ်တို့ငယ်ငယ်က နတ်ကတဲ့အဝင်းဆိုတဲ့ဘဲတဗွေတွေ့ဘူးတယ် ပြင်လိုက်ယင်..အင်မတန်လှတဲ့ မိန်ခလေးနတ်အပူးကလဲအရမ်းကောင်း သူအနားမှာပိုက်ဆံရှိတဲ့မိန်မကြီးမိန်မငယ်တွေကလဲပေါးမှပေါး သူ့အကြောင်းသိတဲ့သူတွေကပြောတာဒီကောင်ကိုလျော့မတွက်နဲ့နှစ်ဖက်ချွန်တဲ့….ဒီလိုကြားခဲ့ဘူတယ်။။

  • mG

    October 29, 2010 at 5:52 pm

    Homo တွေဆိုတာကလည်း လုပ်ငန်းတွေမှာ အရမ်းကို အောင်မြင်မှုတွေပေးနိုင်တဲံ ပညာရှင်တွေပါပဲ။Canada နိုင်ငံက ချောကလပ်စက်ရုံနဲ့ကားစက်ရုံတွေမှာဆိုရင် Homo လုပ်သားတွေအများကြီးရှိတယ်လို့ပြောတယ်။သူတို့တွေဟာ သာမန်
    လူတွေထက် ဉာဏ်ပညာရော၊အတွေးအခေါ်ပါ ပိုမိုကောင်းမွန်ပါတယ်လို့ သုံးသပ်ထားပါတယ်။Post လေးအရမ်းကောင်းပါတယ်။အားပေးနေပါတယ်။

  • winkyawaung

    October 30, 2010 at 1:20 am

    အင်း ဒုတ်ဒုတ်ချင်း ဆိုတော့ တော်လှန်ရေးလားလို့ ဖတ်လိုက်ပါတယ်..။ ဟုတ်ကဲ့ လှန်တော့ လှန်ကြတာပဲ…။

  • thettun

    October 30, 2010 at 8:14 am

    ကိုကြောင်ကြီးကလဲ
    ဒီအခြောက်တွေအကြောင်းများအရေးလုပ်ပြီးပို.စ်တင်နေရတယ်လို.

Leave a Reply