လူထုအသံ (People Media Voice | Online News Journal)အား တောင်းပန်ခြင်း

kaiOctober 28, 20101min875

People Media Voice | Online News Journalwww.peoplemediavoice.com တွင် ပူးတွဲပါပုံပါစာအတိုင်း မန္တလေးဂေဇက်ကိုကန့်ကွက်စာ တင်ထားပါသည်။
ပြန်စစ်ဆေးကြည့်ရာတွင် မှန်ကန်ကြောင်းတွေ့ရသည့်အတွက် မန္တလေးဂေဇက်၏မန်င်ဘာ (smytu1996 )ကိုသတိပေးလိုပါသည်။ smytu1996 တင်သောပို ့စ်သည် အောက်ပါစည်းကမ်းများနှင့်မညီညွတ်ပါ။

Do & Don’t (Rules)

1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ
2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။
4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။
5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။
6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
7. ဘာသာရေးနှင့် သက်ဆိုင်သော စာများအား ပွိုင့်မပေးပါ။
8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။
11.ပို့စ်ညာအောက်ရှိ(မှတ်ချက်ရေးပြီး သတင်းပို့ပါ)မှတဆင့် မည်သူမဆို တိုင်ကြားသတင်းပို့နိုင်သည်။

ထို့ကြောင့် smytu1996 တင်ထားသောပို ့စ်များကိုတတ်နိုင်သမျှစိစစ်ပြီးနောက်ဖျက်လိုက်ပါသည်။
အကယ်၍ ကူးယူထားသည့် ပို့စ်များကျန်ရှိနေသေးပါက မန်ဘာsmytu1996ကိုယ်တိုင် ယခုနေရာတွင် သတင်းပို ့စေလိုပါသည်။

နောင်အခါယခုကဲ့သို့ ကူးယူပြီး မန္တလေးဂေဇက်ဝက်ဆိုက်တွင်တင်ပါက မန်င်ဘာအဖြစ်မှ ထုတ်ပယ်ရမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

မန္တလေးဂေဇက်ဝဘ်ဆိုက်သည် မန်င်ဘာများတင်သော မည်သည့်စာ(ပို့စ်)ကိုမဆို ကြိုတင်စိစစ်ခြင်းမရှိပါ။ မည်သည့်မန်င်ဘာမဆို မိမိကိုယ်တိုင်ရေးစာဟု တာဝန်ယူပြီးတိုက်ရိုက်တင်နိုင်ပါသည်။ တင်ပြီးသော စာများကိုမူ တိုင်ကြားစာရရှိမှသာ အရေးယူဆောင်ရွက်ပါသည်။ ယခုပို ့စ်များမှာ မည်သည့် တိုင်ကြားစာမှ မရရှိထားပါ။

မည်သို့ဖြစ်စေ..

www.peoplemediavoice.com အား ယခုကဲ့သို့ ဖြစ်ခဲ့ခြင်းအတွက် အထူးတောင်းပန်အပ်ပါကြောင်း။

5 comments

  • ဆူး

    October 29, 2010 at 5:55 am

    အဲဒိ ဆိုက်က မြန်မာမှာ ပိတ်ပင်ခံထားရတာ အယ်ဒီတာရေ.. ဒီက လူတွေ ဖတ်လို့မရဘူး

  • ကြယ်လေး

    October 31, 2010 at 12:21 pm

    မသိလို့မေးကြည့် အုံးမယ် အဲဒီဆိုက်က သတင်းတွေ ကိုအဲဒီဆိုက်က သတင်းထောက်တွေက ကိုယ်တိုင် ရှာဖွေရယူလာတဲ့ သတင်းတွေလား

    သူများသတင်းဌာန က ဟာကိုဘာသာပြန်ဖော်ပြတယ်ဆိုရင် မူရင်းသတင်းဌာန/မူရင်းသတင်းထောက်ရဲ့ တရားဝင်ခွင့်ပြူချက် တောင်းခံရယူထားလား

    မူရင်း သတင်း ပိုင်ဆိုင်သူရဲ့ကျိုးစားအားထုပ်မှူ့ကို ကိုယ့်ဆိုက်နာမည်ကြီးဖို့ အသုံးပြူမယ်ဆိုရင် မူရင်း post နှင့်တကွ post ရှိတဲ ့link ကိုညွှန်းပေးတာမျိုးနဲ့ မူပိုင်ခွင့်ကိုလိုက်နာသင့်တယ်နဲ့တူတယ်

    ကိုယ့်ဆိုက်နာမည်ကြီးဖို. မဟုတ်ပဲ မြန်မာလူမျိုးတွေ ဗဟုသုတ တိုးပွါးအောင် မျှဝေချင်တဲ့ စေတနာအရင်းခံနဲ့ဆိုရင်တော့ ကူးယူဖြန့်ဝေ တာတွေ ကိုပီတိစားပြီးကျေနပ်ဖို့ကောင်းတယ်

    ပေးသလောက် ကော်နက်ရှင် ရသလောက်မီးနဲ့မြန်မာပြည်က ပညာ ဗဟုသုတ ရှာတဲ့သူတွေ ကိုယ်စေတနာနဲ့ဖန်တီးထားတဲ့အရာတွေကို နေရာအနှံ့မှာ လွယ်လင့်တကူဖတ်ရှူ့ ခွင့်ရသွားရင် သင်ဖန်တီးရ ကျိုးနပ်ပါတယ်

  • ကြယ်လေး

    October 31, 2010 at 3:46 pm

    လူထုအသံ ဆိုက်မှာတွေဖူး တာတခု ပြောပြချင်တယ်

    လေး ငါး ခြောက် လ ကျော်လောက်ကပါ

    သူ့ဆိုက် widgets မှာ video တခုတင်ထားတယ်

    ခေါင်းစဉ်မှာ only 18+ ဆိုပြီးသတိပေးထားတယ်(English လို)

    ဘာ Video လဲ ဆိုတော့ အဲဒီအချိန် မြန်မာပြည်မှာနာမည်ကြီးနေတဲ့

    လူပျက်နှစ်ကောင် ပျက်ပြီး ကောင်မလေးတွေ သီချင်းဆိုတဲ့ပွဲ(ဇာတ်ပွဲ မဟုတ် အငြိမ့်မဟုတ် ဘာခေါ်မလဲမသိ)

    ပြက်လုံးတွေ က ခါးအောက်ကမတက်ဘူး လုံး ဝ 18+

    ဆိုတဲ့ကောင်မလေးတွေကလဲ ဝတ်စားပုံ ကတဲ ့ပုံက လုံးဝ 18+

    ပွဲလုပ်တဲ့နေရာက ဘုန်းကြီးကျောင်းတခုမှာ(သမိုင်းလမ်းဆုံ နားက ထင်တယ်)

    ပွဲခင်းဖက်ကို ရိုက်ပြတော့ ပုရိသတ်ထဲမှာ ဘုန်းကြီးတွေလဲရီနေတယ် မယ်သီလရှင်လဲတွေ.ရတယ်

    ကလေးပုစုခရု တွေလဲ တဝါးဝါးနဲ့

    သူတို့ကတော့ မြန်မာပြည်မှာ ပျက်လုံးတွေ ရိုင်းဆိုင်းတာ အဆိုတော်ကောင်မလေး တွေ အရှက်မဲ့တာကို
    လူတွေသိစေချင်လို့ ပညာပေးအနေနဲ့ တင်တယ် ခလေးတွေမကြည့်သင့်လို့ only 18+ ဆိုပြီးခေါင်းစဉ်တပ်လိုက်တယ်

    ကောင်းတဲ့အလုပ်ပါ မှန်တဲ့အလုပ်ပါ

    ဒါပေမဲ့ English လို ခေါင်းစဉ် only 18+ ဆိုပြီးတပ်ထားတဲ့video ကို နိုင်ငံခြားသား ကကြည့်မိရင်

    ဘာတွေပြက်တာနားမလည်ပေမဲ့ အမူရာတွေ က တာတွေကြောင့် only 18+ တင်ဆက်မှူ့ဆိုတာသဘောပေါက်မှာပါ

    (ပုရိသတ်ထဲမှာ ဘုန်းကြီးတွေလဲရီနေတယ် မယ်သီလရှင်လဲတွေ.ရတယ်

    ကလေးပုစုခရု တွေလဲ တဝါးဝါးနဲ့)

    ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ

    ဘာမှမဟုတ်တဲ့ ကိစ္စ လေးတခုပေမဲ့ ကိုယ့်ဘာသာ ကိုယ့်သာသနာကို သူများ လေးစားမှူ့နည်း သွား အထင်သေးသွား စေနိုင်တယ်လေ

    မှတ်ချက် : ဒီကမောင်နှမတွေ admin တွေ ဒီလိုအဖြစ်မျိုးသတိချပ်စေချင်လို့ရေးပါသည်

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 31, 2010 at 3:57 pm

    (ကိုယ့်ဆိုက်နာမည်ကြီးဖို. မဟုတ်ပဲ မြန်မာလူမျိုးတွေ ဗဟုသုတ တိုးပွါးအောင် မျှဝေချင်တဲ့ စေတနာအရင်းခံနဲ့ဆိုရင်တော့ ကူးယူဖြန့်ဝေ တာတွေ ကိုပီတိစားပြီးကျေနပ်ဖို့ကောင်းတယ်)
    (ဒီကမောင်နှမတွေ admin တွေ ဒီလိုအဖြစ်မျိုးသတိချပ်စေချင်လို့ရေးပါသည်)
    ထပ်တူထပ်မျှပါ
    ဆက်ပြီးပြောခြင်တာက မြေပေါ်မြေအောက် ဝက်ဆိုက်ကြီးတို ့ရယ် သိပ်ပြီး မကြီးကျယ်ကြပါနဲ ့လို ့

  • char too lan

    November 1, 2010 at 9:15 am

    Admin yay tha ti tar htar tot
    bar pe` pyit pyit ko ka ma mhan yin tot khan ya mhar
    >>>>>>>>>>>>>>>>>>>
    16 Sep 10, 07:54
    PatheinCity: mandlaygazette နဲ့ ဘာဆက်စပ်မှုမှ မရှိပါ။ mandlaygazette က PatheinCity ရဲ့ သတင်းအချို့ကို ပြန်ကူးပြီး တင်တတ်ပါတယ်

    15 Sep 10, 20:53
    ko ko oo: Hi ! everybody …..

    15 Sep 10, 20:51
    ko ko oo: ့hi everybody !

    15 Sep 10, 20:48
    ko ko oo: mandlaygazette နဲ့ ဘာဆက်စပ်မှုရှိပါသလဲံခင်ဗျာ

    15 Sep 10, 17:56
    thantmyo: သူငယ်ချင်းတိို့ သီချင်း Download လုပ်လို့ရတဲ့ ဆိုဒ်လေး တင်ပေးလိုက်တယ်နော်.. အဲဒါက www. flashband.net ပါ.. အဲဒီမှာသီချင်းတွေ ဒေါင်းလို့ရတယ်…
    >>>>>>>>>>>>>>>>>>>>>>>>>>
    dar myo tway myin ya tot le`
    sate ka ma kg buu …..i ka MGZ ye`. member 1 york a nay ne`. ma khan chin sate tot pyit ke`. ya tal

Leave a Reply