အိုဘားမားရဲ့ လက်ထက်မှာ လိင်တူချစ်သူ အစိုးရ ဝန်ထမ်းတွေ အများဆုံးဖြစ်ကြောင်း ပြောကြား

PhyoOctober 28, 20101min711

သက်တံ့အယ်ဒီတာအဖွဲ့။ October 27, 2010

အမရိကန်နိုင်ငံရေးသမိုင်းမှာ သမ္မတ Barack Obamaရဲ့ လက်ထက်မှာ လိင်တူချင်းချစ်တဲ့ သူတွေကို အစိုးရ ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့တာ အများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် အခြေစိုက် လိင်တူချစ်သူတွေ အခွင့်အရေးတွက် လှုပ်ရှားနေသူတွေနဲ့ အိမ်ဖြူတော်က ခန့်မှန်းချက်အရ စုစုပေါင်း လိင်တူချစ်သူဦးရေ ၁၅ဝကို သူ့ရဲ့ အစိုးရစီမံခန့်ခွဲရေး ဌာနတွေမှာ ၂၀၀၈ခုနှစ် ကတည်းက ရွေးချယ်ခန့်အပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

သူ့ထက် နောက်ထပ် အများဆုံး ခန့်အပ်ခဲ့တဲ့ သမ္မတကတော့ Bill Clintonရဲ့ လပ်ထက်မှာ ဖြစ်ပြီး စုစုပေါင်း အယောက် ၁၄ဝအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ နှစ်ယောက်စလုံးက ထူးထူးခြားခြားနဲ့ စွမ်းဆောင်ခဲ့ကြတာပါ။ “အခုလိုမျိုး ရွေးချယ် ခန့်အပ်ထားတဲ့ ကိန်းဂဏန်းတွေကို ကြည့်ချင်းအားဖြင့် မင်းဟာ ဘယ်သူဖြစ်လို့ ဘာဖြစ်လို့ ဆိုပြီး အလုပ်မခန့်တာမျိုး မဟုတ်ပဲ မင်းလုပ်နိုင်ရင် လုပ်ခွင့်ရှိတယ် ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ တန်ဖိုးကြီးတဲ့ အတွေးအခေါ်ကို ထပ်မံ အတည်ပြုလိုက်တာနဲ့ အတူတူပဲ”လို့ Human Rights Campaign အဖွဲ့က Michael Coleမှ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

အဲလို ရွေးချယ် ခန့်အပ်ထားတဲ့ အထဲမှာ လူသိများတဲ့ သူတွေကတော့ သမ္မတရဲ့ ပုဂ္ဂလိကရေးရာ စီမံခန့်ခွဲမှုရုံးရဲ့ ဒါရိုက်တာ John Berryနဲ့ စီးပွားရေး ကြော်ငြာဌာန တာဝန်ခံ ဆန့်ကျင်ဖက်လိင်လို ပြောင်းလဲခွဲစိတ်ထားတဲ့ Amanda Simpson တို့ပဲ ဖြစ်ပါတယ်။

www.coloursrainbow.com

One comment

  • mG

    October 29, 2010 at 5:54 pm

    ဟုတ်တယ်ဗျ။အိုဘားမား တောင်မှ Homo တွေကိုမတားထာတာပဲ။ကျန်တဲ့နိုင်ငံတွေက လိုက်တားနေရတာ ဘာရည်ရွယ်ချက်နဲ့လည်း။အမေရိကန် ရဲ့ ဒီမိုကရေစီ ဟာတကဲ့အစစ်အမှန်ဖြစ်တယ်ဆိုတာကို လူတိုင်း ဒီအချက်လေးနဲ့ ထင်ထင်ရှားရှား သိသွားအောင် သူလုပ်လိုက်တာပဲ။ဒါပေမဲ့ Homo တွေကို အကောင်းဆုံးပညာပေးတွေ သူလုပ်ဆောင်နိုင်ခဲ့တယ်လေ။

Leave a Reply