ရွာအ၀င်မုခ်ဦးမှာ ရတနာပုံနံမည်တွေ့မိလို့

ဗမာတွေနေတယ့်ရွာ ဘယ်သူတွေများပါလိမ့်လို့

မရဲတရဲဝင်ရောက်လို့ စပ်စုခဲ့ဖူးတယ် ….

ရွာထဲမှာ ရောင်စုံဗမာတွေ

ဒီမိုကရေစီအပြည့်နဲ့ လွတ်လပ်တယ့် ယုံကြည်မှုတွေနဲ့

ပျော်ရွင်စွာငြင်းခုံနေကြတာတွေ့ရလို့ အားကျခဲ့ဖူးတယ် …

ဧည့်ဝတ်ကျေတယ့်အိမ်ရှင်ဗမာတွေ

လာလည်တယ့်သူကို နွေးထွေစွားကြိုဆိုလို့

အမြင်တွေဖလှယ်ကြ ပျော်ရွှင်ခဲ့ရဖူးတယ် …

လာပါနေပါလို့ မဆွယ်နေကြပေမယ့်

အလည်ကြာတော့ သဘောကျလို့

သူတို့နဲ့အတူနေချင်စိတ်နဲ့  ဧည့်စာရင်းတိုင်ခဲ့မိတယ် ..

ရောက်တာမှမကြာ အိမ်ရှင်တွေပျောက်

ရွာကြီးလဲမှောင်အတိနဲ့ တခါတခါတော့ လင်းကနဲမို့ထကြည့်မိ

သူရဲခြောက်တာနဲ့ တိုးမိခဲ့ဖူးတယ် …

လူသူတိတ်နေတယ့်ရွာထဲမှာ

ကြောင်ကြီးတစ်ကောင်တော့ လျှောက်သွားနေလေရဲ့

အမူးသမားလဲမရှိ ခလုတ်မထိ ဆူးမငြိနဲ့ ပျော်နေတယ်ထင်ပ …

ဖက်ရွက်တွေတောင်မကြွေတာကြာပေါ့

နောက်ရက်တွေ ဒီအတိုင်းသာဆိုရင်တော့

ယာယီဧည့်သည်လဲ ဆက်မနေရဲတော့တာမို့

အိမ်ရှင်တွေ အမြန်ပြန်လာကြပါတော့ …..

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....