Wake up Burma, Boycott the fake Election 4

timothyOctober 28, 20101min790

လောကမှာ အာဏာရှိနိုင်ငံ့ရေးသမားအကြောက်ဆုံးဟာအာဏာလက်လွှတ်ဆုံးရှုံးမှုဘဲ။ အဲဒါကိုမကြောက်ဘဲဝမ်းတောင်ဝမ်းသာပြီးအာဏာကိုရွံ့မုန်းတဲ့သမ္မတဟောင်း နယ်လ်ဆင်မင်န်ဒဲလားကိုကမ္ဘာ့ပြည်သူလူထုက သူတော်စင်အဖြစ်ရိုသေလေးစားကြတယ်။ အာဏာရှင်ကတော့ရာထူးလျှောထိုင်ခုံပျောက်မှာသေလုမတတ်ကြောက်ကြတယ်။ သူတို့လုပ်ခဲ့တဲ့အပြစ်တွေကလဲသေရင် ငရဲဟိုဘက်ကမ်းကအဝီဇိအထိကျနိုင်တော့လုဘဝမှာကြိုးစင်တက်ရမလားဆိုပြီးနင်းကန်ကြောက်တော့တာပေါ့။ ဒါ့ကြောင့်အာဏာရှင်ကရွေးကောက်ပွဲကျင်းပပေးရပြီဆိုရင်တော့သူ့ဆီမှာကြံစီရာမရအခက်အခဲတွေ့လို့ ဖိအားပေးမှုတွေများလို့ အိုမင်းပြီးဆီကုန်မီးဇာခန်းဖြစ်လာလို့ဘဲ။ အဲဒီမှာအနိုင်ရအောင်နည်းမျိုးစုံ အထက်လမ်းအောက်လမ်းညစ်ပါတ်မှုအပေါင်းသရဖူဆောင်းရတော့တာဘဲ။ အသက်ဘေးကကြောက်ရ၊ အကုသိုလ်ပေါင်းစုံခဲ့ပြီဆိုတော့တမလွန်ဘဝအတွက်ကြောက်ရနဲ့၊နောက်ဆုံးလူတွေနဲ့အဝေးဆုံးပျဉ်းမနားအလွန်တောထဲဝင်ပြေးရတယ်။မြေအောက်ဥမင်လှိုင်ခေါင်းတူးပြီဆိုကတည်းကဗိုလ်သန်းရွှေတယောက်လူတွေကိုဘယ်လောက်ကြောက်နေတယ်ဆိုတာသိသာပါတယ်။

ဗိုလ်သန်းရွှေခမျာကြောက်လို့ရွေးကောင်ပွဲအတုကြီးကိုလုပ်ရ၊ ရွေးကောက်ပွဲမှာလဲဗိုလ်စောမောင်လိုမရှုမလှရှုံးမှာကြောက်ရနဲ့လူတွေကိုဘယ်လောက်အထိသူကြောက်လဲဆိုတာကိုရှင်းပြနေတာပါ။

ကြောက်တဲ့အာဏာရှင်ဟာလူတွေကိုအနိုင်ရတုန်းအထက်ကဖိချောက်တယ်။ အကြောက်တရားကြီးမားလေ လူတွေကိုပိုဖိချောက်တာဘဲ။ ဒါတွေကိုလူတွေကသိပြီးရွေးကောက်ပွဲနေ့မှာငါဲင်္မဲမပေးဘဲသပိတ်မှောက်ရင်ငါ့ကိုတော့စစ်ပုလိပ်တွေဖမ်းတော့မှာဆိုတဲ့အဓိပ္ပါယ်မဲ့အကြောက်တရားကိုစွန့်ဖယ်ပြီးသတ္တိစိတ်တွေမွေးရမယ်။ ရွေးကောက်ပွဲနေ့မှာအာဏာရှိသူတိုင်းပြည်သူလူထုကိုထိုင်ရှစ်ခိုးမတပ်ဖါးကြတယ်။ဘယ်သူမှကိုယ့်ကိုမဲပေးပါ၊မပေးနဲ့အတင်းအကြပ်မလုပ်ရဲဘူး။အဲဒီနေ့ဟာဗိုလ်သန်းရွှေတို့အမြီးကုပ်နေမဲ့နေ့၊ လူတွေကိုပါစပ်ဖြဲပြီးလောကွတ်လုပ်ကြမယ်။ ပြည်သူတွေကိုဦးထိပ်ပန်မဲ့နေ့ဘဲ။ ဘာမှမကြောက်ဘဲရဲရဲတောက်သပိတ်မှောက်၊ မဲရုံကိုမသွား၊ဗလာမဲရုံများဖြစ်အောင်အားလုံးသပိတ်မှောက်ကြပါစို့။