“တစ်”..ကျနော်က ဒီရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တစ်ယောက်ပေါ့ဗျာ။
“နှစ်”…ဒါက နှစ်ပေါင်း ၂၀ အကြာမှာ ကျင်းပတာလေ။
“သုံး”…လွှတ်တော် သုံးခုအတွက် ရွေးချယ်မှာနော့်။
“လေး”…၀င်ပြိုင်တဲ့ပါတီက ၄၀ တောင် မပြည့်ဘူးဗျာ။ ၃၇ ပါတီပဲ ရှိတယ်။
“ငါး” ဒီလ ၅ ရက်နေ့တုန်းကပေါ့။
“ခြောက်” ကြံ့ဖွတ် ခြောက်ယောက် အိမ်ကိုလာတယ်ဗျ။
“ခုနှစ်” နိုဝင်ဘာ ၇ ရက်နေ့မှာ သူတို့ပါတီကို မဲပေးပါတဲ့။
“ရှစ်” ကျနော့်ကို ထိုင်ရှစ်ခိုးပြီး အဲဒီလို ပြောကြတာ။
“ကိုး” ကျနော်က မင်းတို့မှ မဟုတ်ဘူး။ ဘယ်ပါတီမှ ကိုးစားပြီး မဲမပေးဘူးလို့။
“တစ်ဆယ်” ဆယ်ခါပြန် ပြောပစ်လိုက်တယ်ဗျာ။

တွေးမိတာကို ရေးမိပါသည်။
Good Idea

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။