ရွေးကောက်ပွဲနှင့် တစ်၊ နှစ်၊ သုံး၊ လေး

Good IdeaOctober 28, 20101min682

“တစ်”..ကျနော်က ဒီရွေးကောက်ပွဲမှာ မဲဆန္ဒရှင် တစ်ယောက်ပေါ့ဗျာ။
“နှစ်”…ဒါက နှစ်ပေါင်း ၂ဝ အကြာမှာ ကျင်းပတာလေ။
“သုံး”…လွှတ်တော် သုံးခုအတွက် ရွေးချယ်မှာနော့်။
“လေး”…ဝင်ပြိုင်တဲ့ပါတီက ၄ဝ တောင် မပြည့်ဘူးဗျာ။ ၃ရ ပါတီပဲ ရှိတယ်။
“ငါး” ဒီလ ၅ ရက်နေ့တုန်းကပေါ့။
“ခြောက်” ကြံ့ဖွတ် ခြောက်ယောက် အိမ်ကိုလာတယ်ဗျ။
“ခုနှစ်” နိုဝင်ဘာ ရ ရက်နေ့မှာ သူတို့ပါတီကို မဲပေးပါတဲ့။
“ရှစ်” ကျနော့်ကို ထိုင်ရှစ်ခိုးပြီး အဲဒီလို ပြောကြတာ။
“ကိုး” ကျနော်က မင်းတို့မှ မဟုတ်ဘူး။ ဘယ်ပါတီမှ ကိုးစားပြီး မဲမပေးဘူးလို့။
“တစ်ဆယ်” ဆယ်ခါပြန် ပြောပစ်လိုက်တယ်ဗျာ။

တွေးမိတာကို ရေးမိပါသည်။
Good Idea

2 comments

  • ghost

    October 28, 2010 at 3:42 pm

    ၁၁။ ၁၁လပိုင်းကျရင် အိမ်ပြင် မထွက်တော့ဘူး။

  • unclegyi1974

    October 28, 2010 at 4:12 pm

    ကိုကြံကောင်းရေ ဒီလိုအရေးနဲ့ဆို ဦးတို့သီးလေးသီးကို
    ဖိတ်ခေါ်ပါတယ် လာမလားဟင်
    ဦးဦးဇာ

Leave a Reply