လိုင်စင်မဲ့ Cell-Phone

Zaw WonnaOctober 29, 20101min924

စမ်းသပ်ဆဲ စံနစ်တစ်ခုဖြစ်ပြီး ဖုန်းဖြင့် စကားပြောခြင်း၊ စာပို့ခြင်း တို့ကို ပြုလုပ်နိုင်မည့် လိုင်စင်မဲ့ ဆဲလ်လူလာနက်ဝပ်

Fort Lauderdale, Florida မှ စမ်းသပ်ဆဲအဆင့် ဆဲလူလာဖုန်း နက်ဝပ်တမျိုးသည် အခြား ကြိုးမဲ့ဆက်သွယ်ရေး ဝန်ဆောင်မှု အကူအညီမပါပဲ ကိုယ်ပိုင် အသံလှိုင်းကို ထုတ်လွှင့်ကာ ဆက်သွယ်နိုင်သည်။ xG နည်းပညာအရ အခြေစိုက် ထုတ်လွှင့်စက်နှင့် ကိုယ်ပိုင်ဒီဇိုင်းဖြင့် ပြုလုပ်ထားသော ဟန်းဆက်များကို သုံးကာ Cordless ဖုန်းများနှင့် အခြားသော Short-range devices များမှ အသုံးပြုသည့်  အကန့်အသတ်မဲ့ 900 MHz band Signal များကို ထိန်းချုပ်ပေးနိုင်သည်။
၎င်းကို Cognitive ရေဒီယို နည်းပညာ ဟုခေါ်ပြီး အဆိုပါ နည်းပညာအရ ကန့်သတ်မှု အရင်းအမြစ် ကြီးထွားလာနေသော ကြိုးမဲ့ အသံလှိုင်းများကို အကျိုးရှိစွာ အသုံးချနိုင်မည့် အလားအလာ ရှိပေသည်။

ပထမဆုံးအကြိမ် ပြသခဲ့သော xG နည်းပညာသုံး ဆဲလူလာနက်ဝပ် ပြပွဲအရ ၎င်းအနေနှင့် တောင်းဆိုချက် ကြီးထွားလာမှုနှင့် ရင်ဆိုင်နေရသော ကြိုးမဲ့ဆက်သွယ်ရေး စခန်းများအား အထောက်အကူ ဖြစ်နိုင်ပေသည်။ Cognitive ရေဒီယို များသည် အခြေစိုက် ထုတ်လွှင့်စက်နှင့် နက်ဝပ်တို့ကို ပူးတွဲတပ်ဆင်ထားပြီး xMax ဟု
အမည်ပေးထားကာ ဟန်းဆက်များကိုလည်း ၎င်းအတွက် သီးသန့် ပြုလုပ်ထားလေသည်။

ထိုရေဒီယိုတိုင်းသည် ကြည်လင်သော အသံလှိုင်းစဉ်ကို တစက္ကန့်လျှင် ၃၃ ကြိမ် ဖမ်းယူနိုင်သည်။ အကယ်၍ အခြား Signal တစ်ခုကို တွေ့ရှိပါက ဟန်းဆက်နှင့် ထုတ်လွှင့်စက်တို့ ထိန်းညှိမှု ပြုလုပ်ကာ အခြား Signal များကို ရှောင်ရှားပြီး ဆက်သွယ်ရေး မပြတ်တောက်စေရန် ထိန်းထားနိုင်မည် ဖြစ်သည်။ xG နက်ဝပ် အတွင်းရှိ
အခြေစိုက် ထုတ်လွှင့်စက် ၆ လုံးမှ တစ်လုံးစီသည် အချင်းဝက် ၂.၅ မိုင် အကျယ်အတွင်းရှိ ဆက်သွယ်ရေး ကိရိယာများကို ဝန်ဆောင်မှု ပေးနိုင်သည့်အတွက် ပုံမှန် ဆဲလူလာဖုန်း တာဝါများနှင့် နှိုင်းယှဉ်နိုင်ပေသည်။

“Fort Lauderdale မှာ ကျုပ်တို့ရဲ့ နက်ဝပ်က လူပေါင်း ၁၁၀၀၀ဝ လောက် ရှိနေတဲ့ မြို့ပြဧရိယာကို လွှမ်းခြုံထားနိုင်တဲ့အတွက် ကျုပ်တို့အနေနဲ့ ဒီလိုင်းကို အသုံးပြုထားတဲ့ ကြိုးမဲ့ လုံခြုံရေးကင်မရာတွေ၊ ကလေးထိန်းစက်တွေ (baby monitors) နဲ့ ကြိုးမဲ့ဖုန်းတွေကို ဆက်သွယ် တွေ့ရှိနိုင်ပါတယ်” ဟု Sarasota,
Florida တွင် အခြေစိုက်ထားသော xG ကုမ္ပဏီမှ ဒုဥက္ကဋ္ဌ Rick Rotondo က ပြောကြားခဲ့သည်။

ရေဒီယိုအများစုသည် လုံးဝ ကြည်လင်သော frequencies ကိုသာ အသုံးပြုနိုင်သော်လည်း xG ရေဒီယိုများသည် အသုံးပြုသည့် အချိန်ကွာခြားမှုအပေါ် မူတည်၍ အသံလိုင်းများကို ခွဲခြားနိုင်ကြောင်း Rick Rotondo က ပြောခဲ့သည်။ ၎င်းအသံလိုင်းကို အသုံးပြုနေသော ကိရိယာတစ်ခု၏ အသက်ဝင်မှု ရပ်နားသည်နှင့် Signal များကို ထည့်သွင်းနိုင်ပေသည်။

လက်ရှိနည်းလမ်းအရ မြို့ပြဧရိယာ တစ်ခုတွင် 900 MHz band Signal  ကို အသုံးပြုမှုမှာ တကယ်တမ်းအားဖြင့် ၁၅ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရှိရသည်ဟု Rick Rotondo က ပြောခဲ့သည်။

ထိုကုမ္ပဏီသည် လက်ရှိတွင် New Mexico ရှိ Fort Bliss အမေရိကန်စစ်ရေး လေ့ကျင့်ရေးစခန်းတွင် xMax နက်ဝပ်ကြီးတစ်ခု ပြုလုပ်ခွင့် ကန်ထရိုက် ရရှိထားပြီ ဖြစ်သည်။ “သူတို့ အနေနဲ့ လက်ရှိ ဆဲလူလာဖုန်းတွေမှာ သုံးနိုင်တဲ့ စကားပြော၊ စာပို့၊ အီးမေးပို့၊ အချက်အလက်ပို့ စတာတွေကို သူတို့ရဲ့ အခြေစိုက်စခန်းတွေမှာ ဆဲလူလာ နက်ဝက်တည်ဆောက်ပြီး အသုံးပြုနိုင်ဖို့၊ ဒါမှမဟုတ် စစ်မြေပြင်မှာ မြန်ဆန်တဲ့ တပ်ဖြန့်မှု ပုံစံတစ်ခုအဖြစ် အသုံးပြုနိုင်ဖို့ စိတ်ဝင်စားကြတယ်” ဟု  Rick Rotondo  က ပြောဆိုခဲ့သည်။    ။

Source: Technology Review

A Cell-Phone Network without a License
A trial cell-phone network in Fort Lauderdale, Florida, gets by without something every other wireless carrier needs: its own chunk of the airwaves. Instead, xG Technology, which made the network, uses base stations and handsets of its own design that steer signals through the unrestricted 900-megahertz band used by cordless phones and other short-range devices. . . . . . . . . . . . . . . . . .  . . . .

4 comments

  • bigcat

    October 29, 2010 at 4:22 am

    ကြားဖူးနားဝရှိခဲ့ဖူးတာတော့ ဝိုင်ယာလက်စ်ဆဲလ်ဖုံးကုမ္မဏီကြီးတွေ၊ အင်တာနက်ဆားဗစ်ထောက်ပံ့တဲ့ ကုမ္မဏီကြီးတွေက သူတို့စီးပွားရေးကို ထိခိုက်စေမဲ့ ဘယ်လို တီထွင်မှု အသစ်မျိုးမဆို တနည်းနည်းနဲ့ ဖျက်ကြတယ်တဲ့။ ယနေ့ခေတ် နည်းပညာ အသစ်တွေနဲ့ ဆိုရင် ကိုဇဝနပြောသလိုမျိုး လစဉ်ကြေး ပေးစရာ မလိုတဲ့ရှော့ဝေ့ဗ် ရေဒီယိုဖုံးတွေ၊ အခမဲ့ဝိုင်ဖိုင် အင်တာနက် ကွန်ယက်တွေကို အလွယ်တကူ အများပြည်သူအတွက် စီမံပေးလို့ရနေပြီပြောတာပဲ။ ဒါပေမဲ့ အဲသလိုလုပ်လိုက်ရင် ကုမ္မဏီကြီးတွေ စီးပွားပျက်၊ အလုပ်တွေပြုတ်၊ အစိုးရလည်းအခွန်မရ စတာတွေကြောင့်လို့ ဆိုသာပဲ။ တက်ကနော်လော်ဂျီအကြောင်း သိပ်နားမလည်ပေမဲ့ မျက်မှောက်ခေတ် ဆဲလ်ဖုံးနဲ့ အင်တာနက်ကြေးတွေက တမင်လုပ်ယူထားသလိုပဲ။ သိတဲ့လူများ ကိုယ်ပိုင်အမြင်တွေကို ရှယ်ကြပါအုံး။

  • kai

    October 29, 2010 at 5:28 am

    ဈေးလည်းသက်သာတာမို ့မြန်မာပြည်မှာ လုပ်သင့်တယ်..။ သူတို့ဝက်ဆိုက်က http://www.xgtechnology.com/
    မြန်မာပြည်အစိုးရက အခွန်မလိုချင်ပါဘူးနော..။ ဓါတ်ငွေ့ကနေဘီလီယံချီရနေတာပဲဟာ..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 29, 2010 at 5:46 am

    ဖုန်းရဲ ့သဘောက ဂြိုလ်တု က ကြားခံပေါင်းကူးပေးတယ်ဟုတ်ဘူးလား
    အခုပြောတာက ဝေါ်ကီတော်ကီကို စွမ်းအားမြင့်ပြီးဖန်ရှင်များများနဲ ့သုံးနိုင်တဲ့သဘောလား
    ရေဒီယိုရဲ ့ဖရီကွမ်စီသဘောနဲ ့ဆိုရင် ရီစိပြီး ရီပလိုက်ပြန်လုပ်တဲ့သဘောလား
    အဲ့သည်နည်းကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရှိနေသရွေ ့ အရိပ်အရောင်လေးလောက်တောင်
    သုံးစွဲခွင့်ရမယ်ထင်ဝူး
    မြန်မာပြည်မှာပြောတာပါ

  • winkyawaung

    October 29, 2010 at 6:28 pm

    ကျွန်တော်တို့ မြန်မာပြည်မှာက လျှပ်စစ်မီးရယ် ရေရယ် ယခုတော့ အင်တာနက်ရယ်ပေါ့..( သူ့မလာ လာ.. လာ ကိုယ့်ကပေးရတာ..) ဖြစ်နေပြီး ဆရာတို့ရေ…။

Leave a Reply