ရုပ်ရှင်အစ … အလောင်းအစားက

fattyOctober 29, 20101min1107

အချိန်ကား …. ၁၉၈၂ ခု အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း ( ဘုရင်ခံ )စီးပွါးရေးလုပ်ငန်းရှင် LELAND STANFORD ဆိုသူသည်
မိတ်ဆွေတစ်ဦးနှင့် စကားစပ်မိရင်း မြင်းများကဆုန်ပေါက်ပြေးရာတွင်မြင်းခွါခြေလက်လေးဖက်စလုံး မြေပြင်နှင့်လွတ်မလွတ် အလောင်းအစားလုပ်ကြခြင်းဖြစ်သည်။

ထိုငြင်းခုံချက်မှန်မမှန် သက်သေသာဓကပြုကြရန်အတွက် EADWEARD MUYBRIDGE ဆိုသူ ဓါတ်ပုံဆရာတဦးကိုခေါ်ဆောင်ကာဓါတ်ပုံရိုက်ကြည့်ကြရာ …
ကျေနပ်မှုမရှိပြန်သောကြောင့် JOHN .D ISSAC ဆိုသူ အင်ဂျင်နီယာတဦးကို ထပ်မံခေါ်ယူပြီး ထူးထူးခြားခြား အစီအစဉ်တခုကိုပြုလုပ်ကြပြန်တော့သည်။

မြင်းပြေးလာမည့်လမ်းတလျှောက် တဖက်တွင် ကင်မရာ ၂၄ လုံး ထောင်ထားပြီး အခြားတဖက်တွင်ငုတ်တိုင် ၂၄ ချောင်းထောင်ကာ ကြိုးဖြင့်သွယ်ထားသည်။
မြင်းကဆုန်ပေါက်ပြေးသောအခါ မြင်းခွါများနှင့်ငြိပြီး ကြိုးများပြတ်ကာ ကင်မရာခလုပ်များ ရိုက်ပြီးသားဖြစ်သွားတော့၏။ ရိုက်ပြီးဓာတ်ပုံများကြည့်ရာတွင် ၂၄ ပုံအနက်
၂ ပုံမှာ မြင်းခွါလေးချောင်းစလုံး မြေပြင်နှင့်မထိဘဲလွတ်နေသည်ကိုတွေ့ရသဖြင့်စတင်းဖို့ဒ် အနိုင်ရသွားတော့သည်။

ထိုအဖြစ်အပျက်မှ လှုပ်ရှားမှုဖြစ်စဉ်များကို တဆက်ထဲဓာတ်ပုံရိုက်နိုင်ပြီး လှုပ်ရှားမှုအစဉ်အတိုင်းပြနိုင်သည့်စက်ကို ဆက်လက်တီထွင်နိုင်လာကြသဖြင့် ..ရုပ်ရှင်ဟူရျ်ပေါ်လာရပါတော့သည်။

7 comments

  • Learner

    October 29, 2010 at 7:42 pm

    I think it should be 1882.

  • kai

    October 29, 2010 at 9:23 pm

    အင်းလေ..
    ၁၉၈၂ – E.T.ကားထဲ စက်ဘီးတွေတောင် မြေနဲ့လွတ်ပြီး မိုးပျံနေပြီ။
    ဦးဖက်တီး အသက်ငယ်ချင်ဇောနဲ့ နှစ်၁၀ဝ သက်ကရာဇ်ဖြို လိုက်တာထင်တယ်။

  • fatty

    October 30, 2010 at 11:07 am

    condition ကောင်းတုန်း ကဗျာကယာ ဘိုသီဖတ်သီ ရိုက်လိုက်ရလို့ ခုနှစ်မှားနှိပ်လိုက်မိပါတယ် ခွင့်လွှတ်တော်မူကြပါ။

    • kai

      October 30, 2010 at 10:45 pm

      သိပါတယ်ဗျ..။နားလည်ပါတယ်ခင်ဗျ။ ခွင့်လွတ်ပါတယ်ခင်ဗျ။
      တမင်တကာကို ဟိုက်လိုက်လုပ်ပြောတော့ ..ဖတ်တဲ့သူတွေစိတ်ထဲ သတိထားမိတာပေါ့.။
      အဲဒီလိုမျိုုး.. အငြင်းပွားဖွယ်ဖြစ်အောင် မြန်မာ့ရွေးကောက်ပွဲကို.. လုပ်ရမလားစဉ်းစားနေပါသေးသဗျ..။

  • kopauk mandalay

    October 30, 2010 at 4:06 pm

    မှန်လိုက်တာဗျာ နိုင်ငံခြားရုပ်ရှင်အစ မြင်းပြေးတာက
    ဆက်ပြောလိုက်ပါအုံးမယ်
    မြန်မာပြည် ရုပ်ရှင်အစ အသုဘ က ဟုတ်လားတော့မသိဘူးနော်။

  • naywoonni

    October 31, 2010 at 2:02 pm

    kai…ကလျင်တယ်နော်
    မျက်စေ့ပြောပါတယ်
    ကျွန်တော်တော့သတိတောင်မထားမိလို့ပြန်ဖတ်ကြည့်ရတယ်
    အင်းမျက်မှန်နဲ့ဆိုတော့လည်း……………..
    ကွန်နက်ရှင်လေးရတုန်းအပြောအလွှားဖတ်ရတာလဲပါတာပေါ့

  • fatty

    November 3, 2010 at 11:02 am

    ခုနှစ်အမှန်မှာ …. ၁၈၇၂ ခုနှစ်ဖြစ်ပါကြောင်း ….။
    ကိုးကား ….. မြန်မာ့ရုပ်ရှင်သမိုင်စဉ် ငွေရတုကာလ (၁၉၂ဝ – ၁၉၄၅ )

Leave a Reply