အမြင်အေးပြီး အပန်းပြေစေတဲ့ Shangri-la

weiweiOctober 29, 20106min13711

ဒီနေ့ပြချင်တဲ့နေရာကတော့ အရင်နေ့ကပြခဲ့တဲ့ လီမြစ်တလျှောက် သင်္ဘောစီးခဲ့တဲ့ ကွေ့လင်ခရီးစဉ်ရဲ့ နောက်ဆက်တွဲပါ။ သင်္ဘောပေါ်ကနေဆင်းတော့ မြို့တစ်မြို့ကိုရောက်ပါတယ်။ အဲဒီမြို့ကလဲ တောင်တွေအများကြီးနဲ့ အရမ်းလှပပါတယ်။ ကားနဲ့ အခုဓါတ်ပုံထဲက ရှန်ဂလီလာလို့ခေါ်တယ့် ဥယျာဉ်ကိုသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ တောင်လေးတွေကို အဆက်မပြတ်မြင်တွေ့ခဲ့ရတယ်။ အဲဒီဥယျာဉ်ရဲ့ထူးခြားချက်ကတော့ ရေကန်နဲ့ တောင်တစ်ခုရယ် တိုင်းရင်းသားရိုးရာစတိုင်ပြခန်းနဲ့ လက်မှုပညာတွေပါ။ ရေကန်ထဲကို လှေကလေးစီးပြီးလျှောက်သွားရပါတယ်။ တောင်ကြီးတစ်တောင်ရဲ့အောက်ထဲကို လှေကလေးကဝင်သွားရတဲ့ ခံစားချက်က အဆန်းဖြစ်နေပါတယ်။ ရုပ်ရှင်ထဲကို လူကိုယ်တိုင်ရောက်သွားသလိုပေါ့။ သဘာဝကျောက်တောင်နဲ့ကျောက်ခက်ပန်းဆွဲတွေက အရမ်းလှပါတယ်။ မှောင်နေလို့ ဓါတ်ပုံထဲသေချာမမြင်ရတာနဲ့ မပြတော့ပါဘူး။ အဲဒီအချိန်က ညနေဘက်ဖြစ်နေလို့ အလင်းရောင်အားနည်းနေပါတယ်။ နောက်ဆုံးပုံကတော့ ဘယ်နေ့ဖြစ်ဖြစ် လဆန်းရက်လကဲ့သလို့ဖြစ်နေတယ့် လမျက်ခုံးပုံပေါ်နေတယ့်တောင်ပါ။ သဘာဝအလှတစ်ခုပါပဲ။ အဲဒီနေ့တစ်နေ့လုံးဓါတ်ပုံတွေက ကျွန်မသူငယ်ချင်းရိုက်ထားတာပါ။ အဲဒီနေ့တုန်းက နဲနဲထူးခြားတာကတော့ ရာသီဥတု ၃ မျိုးကို တစ်ရက်ထဲ ခံစားလိုက်ရပါတယ်။ မိုးလင်းပိုင်းမှာ မိုးနဲနဲရွာပြီး ဆောင်းတွင်းကဲ့သို့အေးပါတယ်။ နေ့ခင်းပိုင်းကျတော့ နေထွက်လာပြီး ဆောင်းဦးပိုင်းလိုအေးမြမြဖြစ်နေပါတယ်။ ညနေဘက် အခုပြထားတဲ့နေရာရောက်တော့ နွေရာသီကဲ့လို့ပူနေပါတယ်။ မျက်စိအေးချမ်းပြီး အပန်းပြေနိုင်ကြပါစေ ….

11 comments

  • weiwei

    October 29, 2010 at 3:15 pm

    ဓါတ်ပုံများ မည်သို့ဖြစ်သည်မသိ … wide screen ပေါ်ရမယ့်အစား tall screen ဖြစ်နေပါသည်။ admin ကိုမေးပြီး ပြန်ပြင်ပေးပါမည် ….

  • ်fatty

    October 29, 2010 at 3:32 pm

    ဓာတ်ပုံများ အားရပါးရကြည့်ရသည့်အတွက် ဗဟုသုတ အတော်ရပါတယ်။ တခုပါဘဲ နဲနဲများမှုံနေသလားလို့။
    မြူတွေကြောင့်လား …. စာရေးသူက မျက်မှန်နဲ့မို့လား စဉ်းစားနေရပါသည်။

  • weiwei

    October 29, 2010 at 3:44 pm

    ဖိုင်ဆိုဒ်သေးပြီး ပြန်တင်လိုက်တယ် .. ဒါတောင်မှ သိပ်မဆင်မပြေချင်သေးဘူး .. ညနေစောင်းနေဝင်နေချိန်ဖြစ်လို့မှုန်နေတာပါ … ကင်မရာကလဲ ရိုးရိုးမီနီတရုတ်လုပ် ကင်မရာနဲ့မို့ပါ … ကင်မရာ၏မှန်ဘီလူးမှုန်နေခြင်းဖြစ်မည်ထင်ပါသည် …

  • ဆူး

    October 29, 2010 at 5:10 pm

    ပုံတွေ လှတယ်.. တရုတ်ပြည်ကတော့ တကယ်လှတဲ့ နေရာ.. သဘာဝ ရှုခင်းကလည်း ကောင်း ရာသီဥတုကလည်း အေးအေးလေးနဲ့.. နေလို့ကောင်းတယ်.. ချွေးမထွက်ဘူး

  • bigcat

    October 30, 2010 at 12:22 am

    သူ့ရှန်ဂရီလာက အတုကြီး။ တကဲ့အစစ်က တိဘက်နဲ့အိန္ဒိယနယ်စပ် ဟိမဝန္တာတောထဲ တနေရာ မှာရှိသဗျ။ ဆရာမင်းသိင်္ခဝတ္ထုထဲမှာ ဖတ်ဖူးတာပဲယုံသဗျာ။

  • weiwei

    October 30, 2010 at 2:47 am

    အစစ်လို့လဲ မပြောထားပါဘူး … ဥယျာဉ်နံမည်က ရှန်ဂရီလာတယ့် …

  • ဆူး

    October 30, 2010 at 3:17 am

    လာမှ ဖုံးကွယ်ဖို့ မကြိုးစားနဲ့.. ဆားပုလင်း ကြောင်ကြီး ရောက်နေပြီ.. အပုအမှန် ပေါ်တော့မယ်..
    ဂျိမ်းစဘွန်း လေသံနဲ့.. (ကြီး.. ကြောင်ကြီး..) ညှောင်……………. ဒန်ဒန်.. တန်း..တန်းးးး ဟိုလှည့် ဒီလှည့် သေနပ် တချက်ပြစ်.. ဒိုင်း…

  • william hoe

    October 30, 2010 at 6:56 am

    ကျုပ်အိမ် မက်ထဲမှာ ရောက်တုန်းကလောက် လဲ မလှ ပါလားဗျ… 🙂 🙂 🙂

  • meelay

    October 30, 2010 at 10:31 am

    ချာမ – သွားချင်တယ်။ လိုက်ပို့ပေး

  • weiwei

    October 30, 2010 at 10:34 am

    ဘကြီးပု လိုက်ပို့ပေးလိုက်မယ်ကွယ့် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 30, 2010 at 2:00 pm

    ဟဲဟဲဟဲ
    အဲ့ဒါကြောင့် ချာမကို ….. ရတာ အလိုက်သိတတ်လို ့။

Leave a Reply