internet line condition များ …. အခြေအနေမှန်သိလို

fattyOctober 29, 20101min15420

တနိုင်ငံလုံး condition များပြတ်တောက်မှုမှာ ပုဂံ ဆာဗာ အကိုက်ခံရရျ်ဟုသိရသည်။
နိုင်ငံတော် ဘဏ်များငွေလွဲပြောင်းမှု … နိုင်ငံခြားကုမ္ပဏီများတွင် အဆက်အသွယ်ပြတ်တောက်
ကုန်မှုတို့ကြောင့် အကြီးအကျယ်ဒုက္ခရောက်လျှက်ရှိသည်။ သက်ရှိသတ္တဝါကြက်ပေါက်များတင်သွင်းသည့် company များတွင် စာရွက်စာတမ်းများ မပို့နိုင် ..လက်ခံရျ်လည်းမရသဖြင့် အတော်ပင်အခက်အခဲဖြစ်နေကြသည်။

20 comments

  • winkyawaung

    October 29, 2010 at 4:44 pm

    အားလုံးတော့ ဒုက္ခရောက်ကုန်တာပေါ့ဗျာ..။ အများကတော့ ရွေးကောက်ပွဲ နီးလာလေ ပိုဆိုးလာလေပဲ ပြောနေကြတာပါပဲ..။

  • winkyawaung

    October 29, 2010 at 4:49 pm

    ပို့စ်တင်ဖို့ နေနေသာသာ မန္တလေးဂေဇက်ကို ဒီနေ့မှ ညအချိန်မှာ ဝင်ကြည့်လို့ ရတာဗျို့..။

  • ဆူး

    October 29, 2010 at 5:14 pm

    ဟုတ်ပါ့ ညဘက် မသုံးတာ အတော်ကြာပြီ အခုမှဘဲ.. ညဘက် ကို အားသွန်ခွန်စိုက် သုံးနေရတယ်.. အကြောတွေတောင် တက်နေပြီ.. ကိုယ်ဇွဲနဲ့ ကိုယ်ဆိုတော့.. ခံရမှာဘဲ.. အင်တာနက်မရခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ ကြန့်ကြာမှု ဖြစ်နေတယ်။
    အင်တာနက်လိုင်းများသည် နေ့ဘက်တွေ မနက် ၉နာရီမှ စ၍ တိကနဲ ပြတ်သွားပြီ နေ့လည်း ထမင်းစားချိန်တွင် နာရိဝက်ခန့်ရတတ်သည်..
    ည ၆နာရိ ကျော်ရင် ရတတ်ပေမဲ့ ဒီနေ့ မရပါ.. အခု ည ၁၂နာရိမှ ရပါသည်။ ဘယ်အချိန်အထိ ရမလဲတော့ မသိပါ

  • weiwei

    October 29, 2010 at 5:29 pm

    ညသန်းခေါင်ကျော်မှ ဆူးကိုမြင်လိုက်လို့ အံ့ဩသွားတယ် … အင်တာနက်အခြေအနေမှန်ကိုသိရတာ စိတ်မကောင်းပါဘူး …

    • ဆူး

      October 29, 2010 at 5:42 pm

      မအံဩနဲ့.. ဖြစ်ပျက်တွေ များနေလို့.. ညဘက် လာချောင်းတာ
      စာတွေ တင်ချင်တဲ့ စိတ်တောင် ကုန်တယ်..
      ရေးမလို့ တွေးထားတဲ့ စိတ်တွေလည်း မရှိတော့ဘူး ဖြစ်ပျက်တွေ ကြာလွန်းလို့..

  • bigcat

    October 30, 2010 at 12:17 am

    ဆရာဖက်ရေးတာ ဖတ်ရတော့လည်း တကယ်ဖြစ်နေသလို၊ ဒါပေမဲ့ ဆူးပြောတာကြတော့လည်း ရတဲ့အခါ ရတယ်ဆိုတော့ အင်း.. တယောက်ယောက်ကတော့ ထောက်လှမ်းရေးပဲဖြစ်ရမယ်။

  • ဆူး

    October 30, 2010 at 8:58 am

    ထောက်လှမ်းရေးက ဦးကြောင်ကြီးလား @_@

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 30, 2010 at 2:53 pm

    (သက်ရှိသတ္တဝါကြက်ပေါက်များတင်သွင်းသည့် company များတွင် စာရွက်စာတမ်းများ မပို့နိုင် ..လက်ခံ၍လည်းမရသဖြင့် အတော်ပင်အခက်အခဲဖြစ်နေကြသည်) အဲဒါလေးကို မသိလို ့ပါ ခင်ဗျ
    မွေးမြူရေး ကြက်သားသားလေးတွေ ကို ပြည်ပကနေ အင်ပို ့လုပ်တယ် အဲ့လိုလား ဘယ်နိုင်ငံကလည်းခင်ဗျား

  • kopauk mandalay

    October 31, 2010 at 8:47 am

    ိကျနော်ကတော့ ကော်နက်ရှင်းကောင်းမကောင်း အုံးအစား မခံတော့ဘူး။
    ည9း30 အင်တာနက်ဆိုင်လာမယ် လိုင်းပွင့်ရင် ဖွင့်မယ်။
    မပွင့်ရယ် ရေးချင်တာကို ရေး ကိုယ်ပိုင် စတစ်လေးထဲမှာသိမ်း 11း30ဆိုရင် ပိုက်ဆံပေးပြီးအိမ်ပြန်လိုက်တာပဲ။
    တစ်ခုတော့ ရှိတယ် ဆိုက်ထဲမှာ တခါတည်းရေးပြီးတင်တာက လူသက်သာတယ်။
    သိမ်းပြီးပြန်တာတာက စာလုံးတွေမညီတော့ ပြန်ပြင်ရတာပင်ပန်းတယ်။
    ဖြစ်ချင်တာမဖြစ်တဲ့ဘဝကြီးမှာ ဖြစ်သလို ဖြစ်အောင်နေလာတာ အသားကျနေပါပြီဗျာ။
    ဦးနှောက်ခြောက်ခံပြီး အဖြေရှာမနေတော့ပါဘူး။

    • ဆူး

      October 31, 2010 at 9:38 am

      ပြည်တွင်း ဆိုက်တွေရတယ်.. .com.mm အဲဒီဆိုက်တွေမှာ ဝင်ရေးတာဘဲ.. စာတွေ ရေးပြီး သိမ်းရတာ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်
      တခါတည်း ရေး တခါတည်း တင်.. ပိုအရသာ ရှိတယ်။

  • april

    October 31, 2010 at 1:49 pm

    connectionမကောင်းတာ တော်တော်လေးကို ဆိုးပါတယ်.. အထူးသဖြင့် mandalay gazetteဖတ်လို့မရတော့ ဘာသတင်းမှ မသိရတော့ဘူး..ရတဲ့ အချိန်လေးမနည်း loadingလုပ်နေရတယ် ။

  • april

    October 31, 2010 at 1:57 pm

    ခုလည်း commentရေးရင်း connectionကျသွားပါသည်။ တော်တော်လေးကို စိတ်ညစ်တယ် 🙁

  • ်fatty

    October 31, 2010 at 2:33 pm

    ဂျော်နီအောင်ပုသို့ အစီရင်ခံပါသည်။ လူကြီးမင်၏ပုံမှာ တဦးဦးနှင့်တူသလိုလိုဖြစ်နေသဖြင့် စာရိုက်ရတာတောင်လက်တုန်ချင်သလိုဖြစ်နေပါသည်။ ကြက်ပေါက်လေးများကို Australia , Thai တို့မှ အများဆုံးတင်ပါသည်။ အဲဒီမှာ အကောင်ပေါက်ပြီးတာနဲ့ ဆေးထိုးပြီးတချိန်ထဲ လေယာဉ်ပေါ်တင်ရပါသည်။
    ွှThai မှာ transit လုပ်ပါသည်။ မြန်မာပြည်ရောက်တော့ ရေ ဆာနေပါပြီ။ ဘူးတွေထဲထည့်လာရသဖြင့် အချိန်လွန်ပါက
    ခံနိုင်ရည်မရှိပါ။ ဒီရောက်တော့ custom မှာရွေးဘို့လဲလုပ်ရော ဟိုဘက်နိုင်ငံ့များက စာရွက်စာတမ်းများ မဝင်ပါကရွေးယူရာမှာပြဿနာပါ။

    • ဆူး

      November 1, 2010 at 7:34 am

      သနားစရာ ကြက် သတ္တဝါ ပါလား.. ကာစတန်က တော့ ဒီလိုဘဲ.. အေးရှားဝေါထဲ တခါ သူငယ်ချင်း တယောက်နဲ့ လမ်းကြုံလို့ လိုက်ဝင်သွားတာ ကားကြီးတွေ ကောင်းလိုက်တာ အရမ်းဘဲ.. အဲဒါ စာရွက် နောက်ကျလို့.. ဆုံးသွားတဲ့ ကားတွေတဲ့.. လေလံပစ်မှာတဲ့..

  • kai

    November 1, 2010 at 8:54 am

    internet line condition များအကြောင်းကနေ လိုင်းတော့ကြောင်နေပါပြီ။ ဒါပေမဲ့ တော်တော်ဦးနှောက်ခြောက်သွားလို့..။
    မြန်မာပြည်က ကြက်ပေါက်လေးများကို Australia , Thai တို့မှ အများဆုံးတင်ပါသည်ဆိုတော့.. မြန်မာပြည်မှာ ကြက်က မပေါက်လို့လား..။
    ဘာဖြစ်လို့ ..မြန်မာပြည်တွင်းမှာ သားမဖေါက်တာလည်း. သိချင်လို့ပါ။
    ဘာသာရေးအယူအဆကြောင့်လား..။
    ဆေးဝါးမစုံလင်လို့လား..။
    တခြားနိုင်ငံကမှာတာက ဈေးသက်သာလို့လား..။

    အဆင်ပြေရင် မြန်မာကြက်များအကြောင်းဆိုပြီး ခေါင်းစဉ်တောင် ခွဲလို့ရနေပြီ..။

  • intro

    November 1, 2010 at 12:17 pm

    ဒီနေ့တော့ တော်တော်လေး လိုင်းက အဆင်ပြေတယ်ဗျ… voice တောင် တော်တော်လေး OK တယ်… ခုတောင် လိုင်းကောင်းနေတုန်း အားရပါးရ ဒေါင်းလုတ် ချနေတာ… 🙂

  • char too lan

    November 1, 2010 at 12:30 pm

    thu myarr ko lwal cha chin nay tal
    con lone: wa pyat tought te`. a chain mhar
    (e departure form of myanmar- Online D-Form)ka tot lone wa ya nay tal
    10 ku louth sat tite Apply lite tal ya nay tal
    ta charr har tway pe ma ya tar sinn sarr kyae. tot

  • fatty

    November 1, 2010 at 12:34 pm

    မြန်မာပြည်မှာ ကြက် ၂ မျိုးရှိပါသည်။ မွေးမြူရေးကြက်နှင့် မြန်မာကြက် ဟူရျ်ဖြစ်ပါသည်။မွေးမြူရေးကြက်များမှာ နိင်ငံခြားမှသွင်းပါသည်။ နိုင်ငံ့ခြားမျိုးပေါ့ခင်ဗျား။ မတူကွဲပြားမှုအကြောင်းကိုတော့ နောက်များမှ post သပ်သပ်
    တင်ပါအုံးမည် ခင်ဗျား။ဘာသာရေးကြောင့်မဟုတ်ပါ။ စားရတဲ့အရသာမတူရျ်ဖြစ်ပါသည်။

  • ဆူး

    November 1, 2010 at 12:45 pm

    မွေးမြူရေးကြက် ၄၅ရက်ဆို စားလို့ရပြီ.. အသားကြီးဘဲ.. အဆီတွေ ပေါမှပေါ..
    မြန်မာကြက် အရိုးကြီးဘဲ.. အသားကျစ်တယ်.. စားကောင်းတယ်.. ဈေးကြီးတယ်.. အသက်က တော့ ၃ ၄ နှစ်လောက်ထားကြတယ်.. အိမ်မှာ ချစ်လို့မွေးရင် ၁ဝနှစ်လောက် အသက်ရှည်တဲ့ ကြက်တွေ မြင်ဘူးတယ်။
    တိုက်ကြက်ဆို ပွဲကောင်း တွေမှာ နာမည်ရှိရင် ၁၃သိန်းလောက် ပေါက်တယ်။ ဟီးဟီး.. ကြားဘူး နားဝ.. လျောက်ရေးလိုက်သည်။

  • naywoonni

    November 1, 2010 at 4:08 pm

    မွေးမြူရေးကြက်ကလဲဥစားကြက်နနဲကအသားစားကြက်နှစ်မျိုးရှိသေးတယ်ဆူးရဲ့
    နယ်တွေမှာတော့ဥစားကြက်ကိုမွေးတာများပါတယ်။သူကခြောက်လသားလောက်မှဥစဥတယ်လေ……
    18ဘသားလောက်အထိဥတတ်ပါတယ်…………..နယ်တွေကမွေးမြူရေးကြက်သားမစားတတ်ဘူးလေ

Leave a Reply