ဘုန်းကြီးကျောင်းသား ရည်းစားစာ

ဆူးOctober 29, 20101min22818

ဟိုတနေ့က ဘုန်းကြီးကျောင်းသွားရင်းနဲ့.. ကြားခဲ့ရတဲ့ တကယ့် အဖြစ်အပျက်ဟာသလေးပါ..
ဘုန်းကြီးက မြို့မှာ ကျောင်းထိုင်ပေမဲ့ ဇာတိဖြစ်တဲ့ ရွာက ဒကာ ဒကာမတွေ လာပြီး ဘုန်းကြီးကျောင်းမှာ ကပ္ပိယ လုပ်နေကြတယ်။ ကပ္ပိယ လုပ်တဲ့ အထဲမှာ ကိုရဲလို့ ခေါ်တဲ့ လူငယ်လေး တယောက် ပါတယ်။ အမှန်တော့ ရွာမှာ ထားရင် အသုံးကမကျ ကျပ်မပြည့် ကျပ်မပြည့်ဘူး ပြောရအောင်လည်း သိပ်ပိန်းလွန်းတာ မဟုတ် သူ့အတွက်သူက ပြည့်ရှာပါတယ်။ ရွာက မိဘများ မရှိကြတော့ ဘုန်းကြီးကျောင်းပို့ထားတယ်။ ဦးကြီး ဒေါ်ကြီးတွေက ကျွှေးရသက်သာအောင် ကျောင်းအလုပ်လည်း ဖြစ်အောင် ဆိုပြီး ပို့ထားတယ်။
အရွယ်ကလေး တက်သစ်စဆိုတော့ သူများတွေ ရည်းစားထားတာ မြင်တော့ သူလည်း ထားချင် ရှာပုံရတယ်။ သူပေးတဲ့ ရည်းစားစာ ကောင်မလေးက ဖတ်ပြီး ဘာရေးထားမှန်း နားမလည်လို့ ဘုန်းကြီးကို သွားပြတော့မှ ကိုရဲ ဇတ်လမ်း လူမိတော့တယ်..
ရေးလိုက်ပုံက..
ဟဲ့.. မိအေး.. နင်လည်း ရုပ် နဲ့ နာမ်.. ငါလည်း ရုပ် နဲ့ နာမ်.. ဖြစ်ပျက်တွေ ရှိပြီး မမြဲပါဘူးဟယ်..
နင်လည်း ဖြစ်ပျက် ငါလည်း ဖြစ်ပျက်.. နင့်ဖြစ်ပျက်နဲ့ ငါ့ဖြစ်ပျက် မတူဘူး..
ဒါနဲ့.. အာရုံနဲ့ ဒွာရ တိုက်ရင် တခု ဖြစ်တယ်တဲ့.. ငါမှာ နင်ကို မြင်တိုင်း ဖြစ်နေတာ.. မရတော့ဘူး.. ဖြစ်ပျက် ဖြစ်ပျက်.. ဖြစ်ပြီး မပျက်နိုင်လို့ ဒုက္ခတွေ များနေပြီ..
ငါ့ အာရုံမှာ နင့်ဒွာရ တိုက်တိုက်နေလို့.. ငါ စိတ်ညစ်တယ်.. ငါသေနိုင်တယ်..
လောက သဘော မတည်မြဲလို့ အချိန်မရွေး သေနိုင်တယ်..
သေရင် နောင်တဖန် မွေးရသေရအုန်းမယ်.. မွေးလိုက် သေလိုက်ပေါ့ဟာ..
နင်မွေးပြီ ငါမရှိရင် နင်နဲ့ ငါနဲ့ လွဲကုန်တော့မယ်.. အခုဆုံတုန်း.. နင် သိစေချင်တယ်။ နင်မမေ့နဲ့နော်.. ငါ အမြဲ အားထုတ်နေတယ်။

ကိုရဲ..

ဖတ်ပြီး ဘာကိုပြောချင်မှန်း နားမလည် ချင်စရာဘဲ.. အခုရေးတဲ့ စာ.. မြန်မာစာ စာလုံး အထားအသို နေရာက အစ လွဲမှားနေလို့.. ဖတ်ရတာ ပိုရယ်ရတယ်.. အခု သူရေးသလိုတောင် မရေးတတ်ဘူး မှတ်မိသလို ရေးပေးလိုက်သည်။

18 comments

  • ဆူး

    October 29, 2010 at 6:08 pm

    စာမျက်နှာတွေမှာ အရင်လို ကပ်ရပ်ပိုစ်တွေ လင့်မရှိပါလား

  • bigcat

    October 29, 2010 at 11:59 pm

    ကိုရဲ
    နှစ်ကိုယ်ထဲ
    အပိုတွေချွဲလိုက်တာ
    မလိုသူတွေဆဲပါရော့လား။

  • Khaing Soe Linn

    October 30, 2010 at 1:50 am

    Hello! Have a auspiciousness!
    After I done perfectly in typing in Burmese font I will send my censored articles .Possible or probable?

    With love
    Khaing Soe Linn(Mandtekatho)

  • Mie_Mie

    October 30, 2010 at 10:07 am

    (Mandtekatho) မန်းတက္ကသိုလ် လေ ဆူးရဲ ့
    ဟား ဟား

  • ဆူး

    October 30, 2010 at 10:24 am

    ဖြစ်မှ ဖြစ်ရလေ.. အပေါ်က စာတွေ အကုန် ဘိုလို မှုတ်ထားတာ.. အဲဒီ စာလေး ဘာလေးလဲလို့… ဒီလို တုံးတဲ့ အခါလည်း တုံးတာဘဲ..

  • doekalay

    October 30, 2010 at 10:27 am

    သူလည်းသူ ့အချစ်နဲ ့သူပါ

  • chitpyae

    June 24, 2011 at 7:52 am

    ဘုန်းကြီးကျောင်းသား ကိုရဲ ရုပ်နဲ့ နာမ်နဲ့ စစ် ဖြစ်နေတယ်နဲ့ တူတယ် 🙂

  • နွယ်ပင်

    June 24, 2011 at 8:10 am

    သူပြောတာလဲ ဟုတ်တာပဲ ဒါလဲ ဆန်းသစ်တဲ့ ရည်းစားရေးနည်းပဲ ထင်တယ် 😀

  • hmee

    June 24, 2011 at 9:57 am

    ဆူးရေ စာသိပ်မတတ်တဲ့ တောသားရီးစားစာကော ဖတ်ဖူးလား။ သတ်ပုံတွေက မှားနေလို့ စာကိုဖတ်ပြီး ဆိုလိုရင်း အဓိပ္ပါယ်ပေါ်အောင် မနည်းစဉ်းစားယူပြီး ရယ်လိုက်ရတာ မျက်ရည်တောင် ထွက်တယ်။ 🙂

  • ဆူး

    June 24, 2011 at 12:23 pm

    မမှီ ရဲ့ မျက်ရည်ထွက်အောင် ရယ်ရတဲ့ ပိုစ်လေး ကို စောင့်မျှော်နေမယ်နော်။

  • shweminthar

    June 24, 2011 at 1:13 pm

    မိအေး ဆိုတာ ဆူး ရဲ့ ငယ်နာမည် လားဟင်……

  • unclegyi1974

    June 24, 2011 at 2:59 pm

    ဒီရီးစားစာဖတ်ဖူးတယ်ဆူးရေ
    ဘယ်မှာလည်းမသိဖူး

    • ဆူး

      June 24, 2011 at 4:18 pm

      အန်ကယ်ကြီး ရည်းစားစာ ကို ဘုန်းကြီးကျောင်းမှာ နေတုန်းက ကောင်မလေး ပေးဖို့ ရေးထားတဲ့စာလေ.. အဲ.. မှားလို့.. မနှစ်က တင်ထားတဲ့ ပိုစ် အဟောင်းပဲဟာ.. ရွာထဲမှာ အမြဲ ကျင်လည်နေတဲ့ လူအဖို့ ဒုတိယ အကြိမ် လာဖတ်တာ ဖြစ်မှာပေါ့။

  • တညင်သား

    June 25, 2011 at 1:42 am

    ကျွန်တော်တောင် စာမရေးတက်သေးလို့ .. ဒီ ရီးစားစာကိုပဲ ကုန်ကြမ်းအနေနဲ့ လိုသလို ပြုပြင် ပြီးရေးဖို့ ကူးယူခွင့်ပြုပါ အန်တီဆူးရေ…….:)

    • ဆူး

      June 25, 2011 at 12:29 pm

      ကောင်မလေး တခါတည်း ချစ်ခွင့် ပြန်ကြားခြင်း ခံရလိမ့်မည် ထင်ပါတယ်။
      တကယ်လို့ ရေးပြီး ပေးလိုက်ရင် ဘယ်လို တုံ့ပြန်လဲ အကြောင်းထူးရင် ပြောနော်..

  • natthamee

    June 25, 2011 at 2:31 am

    မော်ဒန်ရည်းစားစာလေးပါ …. 😛

  • ရွှေဘိုသား

    June 25, 2011 at 3:32 pm

    ဘုန်းကြီးကျောင်းသား ရည်းစားစာဆိုလို.
    ကိုယ်များဖြစ်နေမလားလို. ဖတ်ကြည်.တာ မဟုတ်လို.တော်သေးတယ်

Leave a Reply