မြန်မာနိုင်ငံအတွက် မဲဆန္ဒပေးပွဲတွင် ခမောက်ပါတီ နဲ့  ၈၈မျိုးဆက်ကျောင်းသားဟောင်းပါတီ တွေကိုပါဝင်ခွင့်ပေးလိုက်တယ်တဲ့ စာဖတ်ပရိတ်သက်တို့ရေ။ဒီလောက်ဆိုရင်တော့  သိလောက်ပြီထင်ပါတယ်။

ဘယ်သူ့ကိုမဲပေးမလည်း။ ???????????????????????? (T) (or) (F)

ကြံ့ခိုင်ရေးတွေကလည်း သူတို့ဘက်ကို မဲထည့်ပေးမယ်ဆိုရင် (ရင်းနည်းသူတွေ၊ဆိုင်သူ၊ပိုင်သူ၊မိတ်ဆွေ၊ငြင်းဆိုသူ) ရန်ကုန်တွင် 5000 ကျပ် ၊ နယ်ဝေးဒေသများတွင် ကြံ့ခိုင်ရေးကို မဲပေးလျှင် 40,000 ကျပ် ပေးမယ်လို့သိရပါတယ်။ဒါဟာလည်း တတ်နိုင်တဲ့ မဲယူနည်းပါပဲ။

စပါးနှံတံဆိပ် ကလည်း မဲတွေကို အလူးအလည်းရအောင်လုပ်နေကြပါပြီ။အားသာချက်ကတော့ စပါးနှံအဖွဲ့မှာကြံ့ဖွံ့နဲ့မတူ ပညာရှင်တွေတာ ဖွဲ့စည်းထားကြောင်း တွေ့နေရပါတယ်။သူတို့ရဲ့ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံတွေပါပဲ။

မြန်မာ့မဲပေးပွဲကို မဲမပေးလည်းနေနိုင်တယ်ဆိုတာကိုလည်း အန်တီစုရဲ့ ပြောကြားချက်အရ ဒီမိုကရေစီ ဥပဒေလမ်းစဉ်နှင့် မဲဆန္ဒခံယူပွဲ ဥပဒေများတွင် အခိုင်အမာတွေ့ရှိရသည်။သို့သော်လည်း မြန်မာတွင်မဟုတ်ဖြစ်နေ၏။ဘယ်သူ့ကိုမှ မဲမထည့်လျှင် ကြံ့ခိုင်ရေးအဖြစ် Auto သတ်မှတ်မည်မှာအမှန်ဖြစ်၏။လူတိုင်းအသိ။

သို့သော် ဘယ်သူ့ကိုမှလည်းမဲမပေးချင်၊မည်သူ့ကို ဘယ်လိုမဲပေးရမယ်မှန်းလည်းမသိပါက မဲရုံသို့သွားပြီး သေသေချာချာ ရှင်းပြခိုင်းပါ။မိမိမဲပေးချင်သော ပါတီမတွေ့ပါက မည်သို့သော စာရွက်စာတမ်းကိုမှ ဘောပင်နှင့်မရေးခဲ့ပါနဲ့။လုပ်ဇာတ်များ နှင့် ရုပ်ရှင်မင်းသား၊ရုပ်ရှင်မင်းသမီးဖြစ်ရလိမ့်မည်။

မှတ်ချက် ။ ။ သင့်ဘက်က မဲမပေးချင်တာကို ဘယ်သူမှအတင်းလုပ်ပိုင်ခွင့်မရှိပါ။သင်သည် မဲရုံရောက်ပြီးမှ သင်မဲပေးမဲ့ ပါတီမပါခဲ့လျှင် မဲရုံအတွင်းမှ

ချက်ချင်းပြန်ထွက်သွားနိုင်သည်။သင့်အား မည်သူမှ တားပိုင်ခွင့်မရှိ။

အထူးသတိပြုရန် ။ ။ သင်မဲမပေးချင်သည့်အချိန်  နှင့် မည်သို့သော အကြောင်းကြောင့်ပင်ဖြစ်ပါစေ။သင်သည် မည်သို့သော စာရွက်၊စာတမ်းများတွင် ဆိုင်းထိုးခြင်း၊မှတ်တမ်းရေးခြင်း

အစရှိသဖြင့် လုံးဝမပြုလုပ်ပါနှင့်။

ရှင်းပြပါ ။ ။ သင်ဟာ မဲရုံအတွင်းမှ မဲမပေးပဲ ပြင်ပသို့ထွက်ခွာမည်ဆိုပါက မဲရုံလုံခြုံရေးအရ သူတို့က မေးမြန်လာပါက အမှန်အတိုင်းတာပြောပြလိုက်ပါ။ဥပမာ – မဲပေးလိုသော

ပါတီမပါလို့…စသည်ဖြင့်ပြောနိုင်သည်။

ယခုအချိန်သည် သင်သာလျှင် သင့်နိုင်ငံအတွက် မျှော်လင့်ချက် မီးတပွင့်ဖြစ်၏။

နိုင်ငံအရေးသင့်အရေး ၊ နိုင်ငံလုပ်ရပ် သင့်လုပ်ရပ် ၊ နိုင်ငံရဲ့ရပ်တည်မှု သင့်ရွေးချယ်မှု။

About mG

M & has written 28 post in this Website..

I am very interesting this website program.