ခရီးသွားအဖွဲ့ နဲ့ ဟောင်ကောင်ကို အလည် အပတ်သွားစဉ်က Disney land မှာ သွားပြီး ကစားဖို့ ခရီးသွားအဖွဲ့က လိုက်ပို့ပေးတယ်.. အဖွဲ့က ကား ၂စီး စုစုပေါင်း လူ ၁၂၀လောက်တော့ ရှိတယ်။ သင်္ကြန်း အချိန်အခါမို့ မြန်မာပြည် ခရီးသွား ဆူးသွားတဲ့ အဖွဲ့ မဟုတ်တဲ့ တခြား အဖွဲ့ တွေလည်း ကစားကွင်းမှာ လည်ပတ်ကစားနေကြတယ်။ မြင်မိတာကတော့ အနဲဆုံး ၃ဖွဲ့ က နေ ၅ဖွဲ့လောက် ရှိမည်ဟု ခန့်မှန်းရသည်။ အဖွဲ့တွေ အားလုံးကတော့ မနက်စာ စားပြီး စဖွင့်တယ် ဆိုတာနဲ့ ရောက်အောင် သွားပြီး ထိုနေ့ နေ့လည် ထမင်းမကျွေးဘဲ ကိုယ့်အစီ အစဉ်နဲ့ ကိုယ်ကစားရတယ်.. ညနေကိုတော့ ၅နာရီခွဲမှာ အားလုံး ထွက်ခွာပြီး ညစာ ထမင်းဆိုင်သွားစားကြပါတယ်။ ဆူး တို့ အဖွဲ့ကတော့.. ထူးထူးခြားခြား.. ညပိတ်ခါနီးမှာ လွတ်တဲ့ မီးပန်းကြည့်ပြီးမှ ပြန်မည်ဟု ဆုံးဖြတ်ပြီး ည ၉နာရီ မှ ပြန်လည်ဆုံဖို့ ချိန်းထားပါသည်။ ဆုံရပ်ချိန်းပြီး ထွက်ခွာသွားပြီး သွားလိုရာ ရောက် လည်ပတ်ကြရင်း ညနေစောင်းမှာတော့ မြင်မိနေတဲ့ မြန်မာတွေ အကုန်ပြန်ကုန်ကြပြီ.. ဆူးတို့ အဖွဲ့လောက်ဘဲ မြန်မာ ကျန်တော့သည်။ ကစားကွင်းထဲမှာလည်း လူတွေ ကျဲပါးသွားသည်။ ညနေမိုးချုပ်.. လည်ရင်းနဲ့ နှံလာသော အခါ ဟိုသွားရမလို ဒီသွားရမလို ဖြစ်နေပြီ.. ထို အချိန် မိုးကလည်း ရွာတာ အလွန်ကို သဲကြီး မဲကြီး ရွာလာတော့ ထီးတွေ အလုအယက်ဝယ်.. အမိုးအောက်တွေ မှာ ၀င်ခိုပြီး.. နေကြတာပေါ့.. မိုးက သဲတော့ ထီးနဲ့ မလုံလောက်တာနဲ့ လက်ဆောင်ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ကလေးတွေ ရှိတယ်.. ထို ဆိုင်များ ပုံမှန်အားဖြင့် ၀င်သူ သိပ်မရှိပေမဲ့ မိုးတွေ ရွာလွန်းတော့.. လူတွေက အပြည့် မိုးခိုရင်းနဲ့ လိုချင်တာ ၀ယ်နေကြသည်။ အဆင်ပြေတဲ့ အမိုးတခု အောက်မှာ ဆူးနဲ့ အဖွဲ့ ထဲမှ အမျိုးသမီး ၃ယောက် ပေါင်း ၄ယောက် အမိုး သေးသေးလေး တခုအောက်မှာ ခိုပြီးနေတယ်။ ထိုအချိန်မှာ အမိုးအောက်ကို ၀င်ခိုလာတဲ့ လူတွေ ထပ်ရောက်လာတယ်.. အမိုးအောက်က နေရာက ၃ပေ ၀န်းကျင်လောက်ရှိပါတယ်။ ပထမ ၄ယောက် ရပ်နေတုန်းကတော့ ချောင်ချောင်ချိချိ ရပ်လို့ရတယ်.. နောက်ထပ်ရောက်လာတော့ တယောက်နဲ့ တယောက် ကပ်၍ရပ်ပြီး နောက်လာတဲ့ လူအဆင်ပြေဖို့ နေရာပေးလိုက်တယ်.. နောက်ရောက်လာတဲ့ လူတွေ ထဲမှာ လူဖြူ မိသားစု ကလေးတွေနဲ့ မိန်းမ ကတော့ အမိုးအောက်မှာ ရပ်နေပြီး လူကြီးကတော့ သူတို့ မျက်နှာချင်းဆိုင်မှာ ထီးကလေးဆောင်းပြီး အမိုးနဲ့ ခပ်လွတ်လွတ်မှာ ဆေးလိပ်သောက်နေတယ်။ နောက်ထပ်ရောက်လာတဲ့ လူတယောက်ကတော့ ကျောဘက်က ဘဲ မြင်တယ်.. အဲဒီ လူက ကျောပိုးအိတ်လွယ်ထားပြီး အပေါ်က မိုးကာ အကျီ အရှည်ကြီး ၀တ်ထားပြီး ခေါင်းပါ မိုးကာ မှာပါတဲ့ ဦးထုတ် ဆောင်းထားပေမဲ့.. အမိုးအောက်မှာ လာပြီး ရပ်နေတယ်.. ပြီးတော့ ဆေးလိပ်ထုတ်သောက်တယ်.. ဆူး အထင်ကတော့ သူသောက်တဲ့ ဆေးလိပ် မိုးရေထိရင် မီးငြိမ်းမှာ စိုးလို့ ဆေးလိပ်လာသောက်ဟန် တူပါသည်။ ထိုအချိန်မှာ ရပ်နေတဲ့ လူတွေ စကားပြော မပြောဘဲ မိုးသံကြားမှာ တိတ်ဆိတ်နေပေမဲ့ ဆူး တို့ ကတော့ ဒီအချိန် တခြားအဖွဲ့တွေ ပြန်သွားကြပြီ ဘာညာနဲ့ မြန်မာ အချင်းချင်း တခြားအဖွဲ့က လူတွေ မြင်မိတဲ့ အကြောင်း စကားစမြည် လွတ်လပ်စွာ ပြောနေကြပါတယ်။ ထို အချိန်မှာ ကျောပိုးအိတ်လွယ် မိုးကာထပ်ဝတ်ထားပြီး ခေါင်းပါ ခြုံထားတဲ့ လူ သောက်တဲ့ ဆေးလိပ်ငွေ့ကြောင့် ၃ပေ ပတ်လည်လောက်သာ မိုးခိုစရာ နေရာမှာ ရပ်နေတဲ့ လူတွေ ကြားထဲ အငွေ့တွေ အလုံးလိုက် လိမ့်တက်လာတော့တယ်။ နှာခေါင်းထဲ မီးခိုးတွေ ၀င်တော့ ဒေါသစိတ်ကလည်း အငွေ့နဲ့ အတူ မွန်ထူလာကြတယ်။ တခြား လူဖြူ မိသားစုက ကလေးတွေနဲ့ မိန်းမကတော့ ဘယ်လိုမှ မနေသလိုပါဘဲ.. ဆူးတို့ ၄ယောက်ကတော့ အငွေ့မွန်တာ မခံနိုင်ဖြစ်ပြီး.. အနောက်ကနေ အတင်းတုတ်တော့တာဘဲ..
ဘယ်လိုလူလဲ မသိဘူး ဦးနှောက် လုံးဝ မရှိတဲ့ လူ.. ဟိုက လူ (ထီးဆောင်း ပြီး ဆေးလိပ်သောက်နေတဲ့ လူဖြူ ယောကျား) က ဆေးလိပ်ကို ဘယ်လို နေရာ သောက်ရမယ်သိတယ်။
အေးလေ.. ဒီလူကိုက အသိတရား မရှိတာ..
ဟုတ်ပါ့.. တော်တော် ဦးနှောက်နဲတဲ့လူ
အင်းလေ.. ဒီလူက ဦးနှောက်မရှိ အသိတရား ခေါင်းပါးတယ် ဒီလောက် ကျဉ်းကျပ်နေတဲ့ အမိုးအောက်မှာ မိန်းမတွေကြီးဘဲ ရပ်နေတာ သူမို့လို့ အတင်းကြီး တိုးပြီး လာရပ်တယ် ပြီးတော့ သူ့မှာ မိုးကာကြီး ၀တ်ထားတာ မိုးလည်း စိုစရာ အကြောင်းမရှိဘူး.. လူမှုရေးခေါင်းပါးပြီး လူအသိစိတ်မရှိတဲ့ လူစားမျိုး.. ဒီလောက် ကျဉ်းတဲ့ နေရာမှာ အတင်းတိုးရပ်ပြီးရင်လည်း အေးအေး ဆေးဆေး မနေဘူး ဆေးလိပ်ကသောက်လိုက်သေးတယ်။
ဟုတ်တယ်.. အသိတရားမရှိတာမှ တကယ်ကို လူ့အသိစိတ်ကို မရှိတာ.. သူကြောင့် ဒီမှာ ဘယ်လောက် သူများ မွန်ထူနေမှန်း သူမသိဘူး သူလုပ်ချင်တာ လုပ်နေတယ်။
ဟဲ့.. ဒီလူကြည့်ရတာ.. စာတွေ ပေတွေ မဖတ်ဘူးလား မသိဘူး ဆေးလိပ်သောက် တဲ့ လူနဲ့ ဆေးလိပ်မသောက်ပေမဲ့ ဆေးလိပ် သောက်တဲ့ လူ ဘေးက လူတွေက မသောက်ဘဲနဲ့ ရောဂါဖြစ်ရတာ.. တူတူဘဲ.. သူကြောင့် အနားက လူတွေ မဆီမဆိုင် ရောဂါ ဖြစ်ရအုန်းမယ်.. ငါတို့ကသာ ပြောနေတာ.. သူကတော့ နားလည်မှာ မဟုတ်ပါဘူး..
စကားလမ်းကြောင်း ပြောင်းပြီး တခြားကို အကြောင်းတွေ ပြောကြတယ်.. ငါတို့ လာတဲ့ လမ်းမှာလေ.. ဖြတ်သွားတဲ့ လမ်းတခုက ဆိုင်တဆိုင်မှာ နင်တွေ့မိလား.. အကျီလေးတွေ အရမ်းလှတာဘဲ..
စသဖြင့်.. ပြောရင်းနဲ့ သတိရလို့ လှမ်းကြည့်လိုက်တော့.. ထိုလူလက်ထဲ ဆေးလိပ် မရှိတော့ဘူး..
ထိုအချိန်မှာ.. တယောက်က.. ဟဲ့.. ငါတို့ ပြောလိုက်တာ သိသွားလို့နဲ့ တူတယ်.. ဆေးလိပ်ကို ဘယ်အချိန်တုန်းက ပြစ်လိုက်တာလဲ မသိဘူး.. ဟီးဟီး..
နားတော့ လည်မှာ မဟုတ်ပါဘူး.. သူ့ဟာသူ ကုန်လို့ ပြစ်လိုက်တာ နေမှာပေါ့..
စိတ်ညစ်ပါတယ်.. မိုးကလည်း ရွာ.. ရာသီဥတုကလည်း အေးလိုက်တာ.. ကြံကြံဖန်ဖန်.. တဖွဲ့လုံး မီးပန်းကြည့်ချင်တယ် ဆိုတော့.. ငါတို့လည်း မိုးအေးအေးနဲ့ စောင့်နေရပြီပေါ့..
အေးလေ.. မီးပန်းကလည်း ၈နာရီခွဲကျော်မှ လွတ်မှာ.. ဒီလို မိုးရွာနေရင် မီးပန်းတွေကော လွတ်ပါ့မလား မသိဘူး..
မလွတ်ရင်တော့ ငါတို့ မိုးမိပြီး အေးတာဘဲ အဖတ်တင်မှာဟ.. စောင့်ရကျိုးနပ်အောင်.. မီးပန်းလွတ်ပါစေ..

ပြောရင်းဆိုရင်းနဲ့.. စကားစ မပြတ်ခင်မှာ.. အဒေါ်ကြီး တယောက် ရောက်လာပြီး လှမ်းစကား ပြောတာကြားလိုက်တယ်.. သားရေ… နင့်သားက တော်တော် လည်တဲ့ အကောင် ငါကို တွေ့ကရာ အလုပ်တွေ အတင်းပူစာနေတယ်.. တွေ့တာ သူအကုန် လိုချင်တာဘဲ.. ငါဝယ်ပေးလိုက်ရတယ်..

ထိုအသံကြားတော့ ဆူးတို့ ၄ယောက် အံ့သြစွာ တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြသည်။ ပြီးတော့ အဒေါ်ကြီး ဘယ်သူ့ကို စကားလှမ်းပြောသလဲ စူးစမ်း လေ့လာနေစဉ်မှာ.. မိုးကာအကျီဝတ်ထားတဲ့ လူက အမိုးအောက်ကနေပြီးတော့.. အမေ ပြီးပြီလား.. ဒါဆို သားတို့ သွားတော့မယ်လေ.. ဆိုတဲ့ စကားတခွန်း ကြားလိုက်တော့…
၎ယောက် စကားစမြည် လွတ်လပ်စွာ ပြောခဲ့ကြတဲ့ စကားသံများ နားထဲ ပြန်ကြားယောင်မိပြီး.. ရီချင်လိုက်တာ.. အသံထွက်ပြီးလည်း မရီရဲဘူး.. ရီချင်စိတ်ကို အောင့်ပြီး ခပ်တည်တည်နဲ့ ထို လူနဲ့ အဒေါ်ကြီး သားအမိ ထွက်ခွာသွားတဲ့ အထိ အသံတိတ်စွာ..နေလိုက်ကြတယ်။

ထို့နောက်တွင် မီးပန်းလွတ်တာကို ကြည့်ပြီး ဆုံရပ်မှာ ပြန်လူစုပြီး အဖွဲ့နဲ့ အတူ ထွက်ခွာလာခဲ့တယ်။

ဆူး အထင်ပြောရရင်တော့ ထိုလူနဲ့ မိသားစု ဆွေမျိုးတွေ ရှိတဲ့ နေရာကို အလည်လာရင်း လည်ပတ် ကြဟန်တူပါသည်။ အဖွဲ့လိုက်တာကြသူများ မဟုတ်ကြပါ။ အမှန်တော့ မြန်မာလို ပြောတာ နားလည်မဲ့ လူဆိုရင် ဒီလောက် တော့ပြောဖြစ်မှာ မဟုတ်ပါဘူး.. အမှတ်မထင် နားမလည် နိုင်ပါဘူးလေ ဆိုတဲ့ စိတ်နဲ့ ပြောလိုက်တာ.. သူနားလည်မှန်းသိတော့.. စိတ်ထဲမှာ အားနာ မိသွားတာတော့ အမှန်ဘဲ..

About ဆူး

has written 398 post in this Website..