တခါတုန်းက အသိတယောက် ခွဲစိတ်မှု တခု ခံယူရန် ဆေးရုံတက်စဉ်က အဖော်အဖြစ် ညဘက် လိုက်စောင့်အိပ်ပေးဘူးတယ်။ ဆေးရုံကတော့ သိပ်မကြီးပါဘူး.. ခပ်သေးသေးဘဲ.. ကိုယ်ပိုင်အခန်းမှာ တက်တော့ နေ့နေ့ညည ဆေးရုံစောင့်ပေးရတာ သက်တောင့် သက်သာတော့ ရှိတယ်။ တီဗွီလည်း ရှိတော့ ရုပ်ရှင်တွေ အပျင်းပြေ တနေကုန်ကြည့်.. လူနာ အိပ်တဲ့ ကုတင်အပြင် နောက်ထပ် ကုတင် တစ်လုံး အပိုတောင်ပါသေးတယ်။ ဟော်တယ်မှာ တက်အိပ်သလိုဘဲ.. လူနာက လည်းအိပ် လူနာစောင့်လည်း အိပ်.. အဆင်တော့ ပြေနေတာဘဲ.. တညမှာတော့.. ခါတိုင်း ညတွေလို အေးချမ်းစွာ အိပ်စက်ဖို့ မဖြစ်နိုင်လောက်တဲ့ အသံတခု ဆူညံစွာ ကြားလိုက်ရသည်။ အသံကြားတဲ့ အချိန်ကတော့ ည ၁၂နာရိကျော်နေပြီ.. အမှတ်မထင် ကျယ်လောင်တဲ့ အသံဆိုတော့.. အိပ်ယာထဲမှာ ရုတ်တရက် လန့်နိုးခဲ့တယ်။ အသံကြားလို့ နိုးလာတဲ့ အချိန်မှာ.. ဘေးနားမှာ အိပ်နေတဲ့ လူနာကို လှမ်းကြည့်တော့ သူလည်း နိးနေပြီ သူ့ရဲ့ အကြည့်ကလည်း ကိုယ့်စီကို ရောက်နေသည်။ ဒါဆိုရင်တော့ သေချာတယ် အသံက တယောက်တည်း ကြားတာ မဟုတ်တော့ဘူး.. ထို အသံကတော့ လူတယောက်အသံပါ.. စကားသံ ပီပီသသ မဟုတ်.. ဆိုးဝါးစွာ ကြောက်လန့်တကြား အော်ဟစ်ပြီး အခန်းပေါက်ဝကနေ ဖြတ်သွားဖြတ်လာ ခေါက်တုန့် ခေါက်ပြန် လုပ်ရင်း အသံ ပြုနေတဲ့ အသံမျိုးပါ.. အသံက အခန်း ပေါက်ဝကနေ ဖြတ်သွားပြီး.. အသံက အဝေးကို ရောက်သွား နောက်တခါ အသံက အနားကို ပြန်ရောက်လာတဲ့ အသံမျိုး.. အသံ ကြားရာကို နားစွင့်ပြီး.. နားထောင်ရင်းနဲ့ အတွေးတွေ မျိုးစုံဝင်လာတဲ့ အခါမှာတော့ ကိုယ့်အတွေးနဲ့ ကိုယ်.. ကြက်သီးမွေးချင်း ထလာသလို ဖြစ်ပြီး.. ဘာများလည်းလို့.. သိချင်လာတယ်။.. အသံက လူသံ ဖြစ်ပြီး ဒုတ်ကောက်နဲ့ လျှောက်နေတာ သေချာပါသည်။ လမ်းလျှောက်သွားရာ လျှောက်လမ်းမှာ ဒုတ်ကောက်သံ ဒေါက်ဒေါက် ဒေါက် ဒေါက်.. နဲ့ တချက်စီ ကြားနေရတယ်။ အတွေးထဲမှာတော့.. ကဲ.. ဘာပဲ ဖြစ်ဖြစ်.. အခန်းပေါက်ဝ ခေါင်းထွက်ပြီး ကြည့်လိုက်မယ်လို့ ဆုံးဖြတ်ချက်ချပြီး.. တံခါးဂျက်ကို အသာအယာ ကိုင်ပြီး ညင်သာစွာ တံခါးချက်ကို အသာ လှပ်ပြီး ဟနေတဲ့ တံခါးကြားထဲက မျက်လုံးနဲ့ ချောင်းကြည့်လိုက်သည်.. ဘာမှတော့ မတွေ့ဘူး.. တံခါးကို ပိုပြီး ကျယ်အောင် ဖွင့်ပြီး.. ခေါင်းထွက်ကြည့်လိုက်သည်.. ထိုအချိန်မှာ….. မြင်လိုက်မိတာကတော့

တရုတ်အဘိုးကြီးတယောက် အရပ်ရှည်ရှည် ကိုယ်လုံး တောင့်တောင့်.. တခေါင်းလုံး စွပ်စွပ်ဖြူအောင် ဖွေးနေတဲ့ အဘိုးကြီး တယောက် ဖြစ်နေတယ်။ သေချာမျက်စိနဲ့ တပ်အပ်မြင်လိုက်ပါသည် မျက်စိနဲ့ မြင်တာ သေမှ သေချာရဲ့လား ဆိုတဲ့ အတွေးနဲ့ အဘိုးကြီးကို ကြည့်နေတဲ့ အချိန်မှာ အဘိုးကြီးက ကြည့်နေတဲ့ ဘက်ကို ကျောပေးလျောက်နေပါတယ်။ လျောက်လမ်း ဆုံးလို့ အဘိုးကြီး ပြန်လှည့်လာသည်။ စိတ်ထဲမှာတော့ နဲနဲ တမျိုးလေး ခံစားမိသည်။ အဘိုးကြီး မျက်နှာ အလှည့်မှာတော့.. သေချာပါသည် လူသားစင်စစ် ဖြစ်နေပါသည်။ တခုခု အကူ အညီများ လိုအပ်လေမလားလို့..အဘိုးကြီး ဆီ လျောက်သွားသည် လျှောက်လမ်း တွင် ပွင့်နေသော အခန်း တခု တွေ့ခဲ့သည်။ အဘိုးကြီးနားသွားပြီ ယိုင်တိုင်တိုင်နဲ့ ဒုတ်ကောက်ကို အားပြု လျောက်နေတဲ့ အဘိုးကြိး လက်ကို ဖမ်းဆွဲပြီး တွဲလိုက်သည်။ အဘိုး ဘာဖြစ်လို့လဲ.. အဘိုးကြီး၏ အကြည့်များ ရောက်လာပြီး သူက တခုခု သိချင်လို့ မေးဟန်တူသည်။ သူအားမေးသော စကားများကို သူစိတ်အာရုံ မ၀င်စားလို့လား.. သူမေးတာကတော့..

အားလျှန်.. တွေ့တွေ့.. ဘယ်မှာ… မြင်မြင်လား.. အားလျှန်.. အားလျှန် မေးငေါ့ မေးသည်။

ဘာမှန်းတော့ မသိပါ.. အဘိုးကြီး သူ့ ကို စောင့်တဲ့ လူနာစောင့် ပျောက်လို့ ရှာနေတယ် ထင်ပါသည်။ အဘိုးကြီး အဆင်ပြေအောင် အိမ်ပြန်သွားတယ်နဲ့ တူတယ်.. မနက်မှ လာလိမ့်မယ်.. အဘိုးအခန်း ဟိုအခန်းလား ဆိုပြီး ပြောပြီး တွဲခေါ်ကာ အခန်းဘက်ကို လျောက်သွားလိုက်သည်။

အခန်းအတွင်း သို့ အ၀င်မှာတော့ ဆင်အော်မနိုး အိပ်ပျော်နေတဲ့ သူနာပြု အမျိုးသား တယောက်နဲ့ အကူကောင်လေး တယောက် နှစ်ယောက် အတုန်းအရုန်း စစ်ပွဲကျသည့် လူသေကောင်ပမာ အိပ်ပျော်နေကြသည် ကိုမြင်တွေ့ရသည်။

အခန်းအတွင်းသို့ ၀င်သွားသည့် အချိန်မှာ အသံပြုလိုက်သဖြင့် အိပ်ပျော်နေတဲ့ သူနာပြု အမျိုးသားက ငေါက်ကနဲ ခေါင်းထောင်ကြည့်ပြီး အဘိုးကြီးကို တွဲရန် ထလာသည်။ သူနာပြုကတော့ အိပ်ပျော်နေလို့ အဘိုးကြီး လျောက်သွားသည့် အတွက် ရှက်သွားဟန်တူသည်။

သူနာပြုက အဘိုးကြီးကို လှမ်းတွဲရင်း သူက မြန်မာလို နားမလည်ဘူး သူပြောတာ နားလည်ဖို့ အကူ ကောင်လေး သူအိမ်က ထားသွားတာ.. သူကို အိပ်ဆေး တိုက်ထားလို့.. ကောင်းကောင်း အိပ်ပျော်နေမယ် ထင်နေတာ.. ဟုပြောသည်။

အကူကောင်လေးကို လှမ်းမေးလိုက်သည်။ အဘိုးက အားလျှန် လို့မေးနေတယ်.. အဲဒါ သူ့မိန်းမ သေတာ ၁၀နှစ်ကျော်နေပြီ သေသွားတာ မေ့နေလို့ မေးနေတာ.. သူက မျက်စိလည်း မြင်တာ မဟုတ်ဘူး ဘာမှ မဖြစ်ဘူး..နောက်နေ့ကျရင် သူခေါင်းခွဲရအုန်းမှာ ဆိုပြီး စကားစ ဖြတ်လိုက်သည်။

ဒီလိုနဲ့ အခန်းထဲက ထွက်လာပြီး ခဏ အကြာမှာတော့ ဆူညံသံတွေ ကြားရသည်။ အဘိုးကြီး အော်ဟစ် ရုန်းကန်နေလို့များလား မသိပါဘူး.. အသံကြားပြီးသည်နှင့် တာဝန်ကျ သူနာပြု ၂ယောက်နဲ့ ဆရာဝန်တယောက် အပြေးရောက်လာကြတယ်။ ထိုညတော့ ဆရာဝန် သူနာပြု ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေကြသည် အခန်းအတွင်းကို ၀င်ထွက်နေသည်များ ကြားနေရသည်။

အတွေးပေါင်းများစွာနဲ့ အဘိုးကြီး အစား တွေးနေမိသည်.. အဘိုးကြီး မိန်းမ မကျွှတ်လို့များ အဘိုးကြီးကို အရိပ်အယောင်ပြတာလား.. တုန်တုန်ရီရီ ဖြစ်နေလျက်နဲ့.. အခန်းထဲက တယောက်ထဲ ထွက်လာရတယ်လို့.. အတွေးမျိုးစုံ တွေးရင်းနဲ့ပင်..

နောက်တနေ့ မနက်မှာတော့ အဘိုးကြီး အိမ်က မိသားစုဝင်များ ရောက်လာပြီး ဆေးရုံပြောင်းသွားကြသည်။ အဘိုးကြီး ဘာရောဂါ ဖြစ်လဲတော့ မသိပါ.. စိတ်မကောင်းတော့ ဖြစ်ပါသည်။

About ဆူး

has written 398 post in this Website..