ကြောင်အကြောင်းဘယ်လောက်နားလည်သလဲ????

weiweiOctober 30, 20105min30223

ကြောင်အကြောင်းနားလည်သူတွေ ဘယ်လောက်အထိနားလည်လဲ သိရအောင် စမ်းကြည့်ဖို့ပါ။ ကြောင်ပုံ ၂ဝ ပေးထားပါတယ်။ နံပါတ်လဲတပ်ထားတယ်။ အဲဒီကြောင်တွေကို အထီးလား အမလား ခွဲကြည့်ပါ။ အဖြေကို (၁) အထီး (၂) အမ စသဖြင့် ဖြေထားပေးပါ။ နောက်အပတ် စနေနေ့ကျရင် အဖြေမှန်ပြောပြမယ်။

မှတ်ချက်။

အားလုံးမှန်တယ့်သူကို မိုက်ကယ်ဂျော်နီအောင်ပု၏ ကြောင်သားပေါက်လုပ်ငန်းမှ ကြောင်တစ်ကောင် လက်ဆောင်ပေးပါမည်။

23 comments

  • leo

    October 30, 2010 at 6:41 am

    ဟိ နံပတ် ၁၉ တစ်ပုံပဲ မှန်းနိုင်တယ် …. နံပတ် ၁၉ အမ ……… 😛

  • bigcat

    October 30, 2010 at 6:51 am

    ၁၅၊ ၁၆။ ၂ဝ က အမတွေ၊ ဒါထက် မဝေဝေက ဘယ်လိုလုပ် အထီး၊အမ ဆုတာကို သက်သေပြမလဲ။ အကောင်းမေးတာနော်။ လောကကြီးမှပြောတိုင်း မှန်ကြေးသာဆို ဆရာဝန်တွေ ငတ်ကုန်တာကြာပြီ။

  • william hoe

    October 30, 2010 at 6:52 am

    အကောင် ၂ဝ ထဲမှာ ဘယ် အကောင်မှ အခြောက် မဟုတ်ဝူးဆိုတာ…. ဘာလို ့လဲဆိုတော ့ခုခေတ် က အခြောက်တွေ ခေတ်စားနေတာ မဟုတ်လား… 😛 😛 😛

  • moethidasoe

    October 30, 2010 at 6:54 am

    ကြောင်အကြောင်း သိသမှ သိပ်သိ (မှတ်ချက် ။ ။ ဖင်ပိုင်းချည်းပဲ ပြမှ မှန်နိုင်မှာ .. ဟီး ..)
    ဒါတောင် လီယိုက ၁၉ ကို အမလို့ မှန်းတာတောင် .. ကိုယ်ကတော့ အထီးထင်တယ်လို့ ဖြေကြည့်ချင်တယ် ..

  • weiwei

    October 30, 2010 at 6:55 am

    သက်သေရှိပါတယ်။ သက်သေကိုအခုပြလိုက်ရင် အဖြေကိုပြောလိုက်သလိုဖြစ်သွားမှာပေါ့။
    ကြောင်ပုံလေးတွေ ကြည့်ရင်း အပျော်ဖြေကြည့်စေချင်တယ့်စေတနာပါ။ ရွာထဲမှာ တိတ်ဆိတ်နေလို့ ကြောင်တွေလွှတ်ပေးလိုက်တာ။ ကြောင်ကြီးတစ်ကောင်ထဲ ပျင်းနေမှာစိုးလို့ …

  • ဆူး

    October 30, 2010 at 7:24 am

    ကြောင်ထီး သည် မျက်နှာ ပြဲပြဲ နဲ့ ရုပ်ပိုင်း အရပြောရင် ကြည့်ရဆိုးတတ်သည်။ မျက်နှာ အနေအထား လေးထောင့် ပုံမျိုးဖြစ်တတ်သည်။ ကိုယ်လုံး ကိုယ်ထည် တုတ်တုတ် ခိုင်ခိုင် ပုံစံမျိုး ဖြစ်သည်။
    ကြောင်မများသည် မျက်နှာသေးသည်။ မျက်နှာသွယ်သည်ဟု ပြောလို့ ရသည်။ ကိုယ် အချိုးအစားက ကြောင်ထီးများထက် ငယ်သည်။

    • bigcat

      October 30, 2010 at 7:30 am

      မှန်သယ်။ ဒါပေမဲ့ တချို့ကြောင်ပုံတွေက ကိုယ်လုံးအရွယ်အစားကို ခန့်မှန်းရတာ သိပ်မလွယ်။ ၁၂၊၁၃ ကလည်း အမ။

  • weiwei

    October 30, 2010 at 7:32 am

    bigcat ကတော့ ကြောင်မတော့ တော်တော်ကြည့်တတ်သား …

  • ဆူး

    October 30, 2010 at 7:41 am

    ဒါနဲ့ မဝေကကော ကြောင် ပုံတွေ ဘာစိတ်ကူးပေါက်ပြီး တင်တာလဲ..
    ဆူး ခုနက မတင်ရသေးဘဲ ရေးလက်စ ပိုစ်ကို မဝေ ဘယ်လို ဖတ်လိုက်တာလဲ.. ရေးနေရင်းနဲ့ တဝက်ဘဲ ပါတယ် ပြန်ဖတ်လိုက်တော့.. အခု အစက ပြန်ရေးနေရပြီ..

  • meelay

    October 30, 2010 at 9:23 am

    ၁(ထီး)၊ ၂(ထီး)၊ ၃(မ)၊ ၄(ထီး)၊ ၅ (မ)၊ ၆(မ)၊ ၇(ထီး)၊ ၈(ထီး)၊ ၉(မ)၊ ၁၀(ထီး)၊ ၁၁(ထီး)၊ ၁၂(မ)၊ ၁၃(မ)၊ ၁၄(ထီး)၊ ၁၅(မ)၊ ၁၆(မ)၊ ၁၇(မ)၊ ၁၈(ထီး)၊ ၁၉(ထီး)၊ ၂၀(မ)
    ဟိ…… မှန် မမှန်တော့ သိဝူး။ ဖြေလိုက်ပြီ

  • ဆူး

    October 30, 2010 at 9:41 am

    ဆရာမ တပည့် မီးလေး က ပါးတဖက်ဖောင်းနေတယ်နော်.. ကွမ်းသီး ငုံထားတာလား ဟင်

  • weiwei

    October 30, 2010 at 9:51 am

    အဲဒါမီးလေးပုံမဟုတ်ဘူး .. မီးလေးက သူ့ထက်ချောတယ် ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 30, 2010 at 9:57 am

    အပွဲပွဲ နွဲလာတာတာ ဒီတစ်ပွဲတော့ အကြပ်တည်းနဲ ့ ဆုံရတာမို ့
    ကြောင်ကြီးရေ နိုင်ငံကြီးသားပီသစွာနဲ ့ ကိုယ့်အမျိုးတွေ ကိုယ်တာဝန်ယူပါဟ

  • ဆူး

    October 30, 2010 at 10:02 am

    ဘကြီးပု ရဲ့ ကြောင် ကို အဖော်ရှာပေးဖို့ မေးထားလို့.. မဝေက စေတနာနဲ့ ကြောင်တွေ တင်ပေးတာ.. ကြောင်မ တွေ ရွေး ပြီးသာ ရှာပေတော့.. အရွေးမှား ရင်တော့ ဘကြီးပုရဲ့ ကြောင် ခမျာ..

  • KoNyeinChan

    October 30, 2010 at 1:39 pm

    ပုံအားလုံးထဲက ကြောင်တွေကိုတော့ မခွဲခြားတတ်ဘူး။ သိတာ တစ်ခုရှိတယ်……….. အဲ့ဒါကတော့… bigcat ကတော့ “အထီး”။ ဟီး….

  • AuntiMoe

    October 30, 2010 at 2:01 pm

    2, 5, 6, 7, 8, 13, 15, 16, 18, 20 “အထီး”
    အမြီးဝှက်…စတယ်ကြီး။
    အိမ်ကအာနိုးနဲ့ ဆင်တာတွေ ရွေးလိုက်တယ်။

  • kopauk mandalay

    October 30, 2010 at 4:45 pm

    မဖြေဘူးဗျာ ၊
    ခုခေတ်ထဲမှာ လူတောင် မနည်းရှာစားနေရတာ။
    သူကအလကားပေးမှာ တစ်ခါထဲ ကျုပ်က မသေမခြင်းရှာကြွေးနေရမှာ။
    ဖြေဘူးဗျာ။

    • ဆူး

      October 31, 2010 at 4:14 am

      လေးပေါက်တော့ တော်တော် ဟတ်ထိထားပုံရတယ်

  • weiwei

    November 6, 2010 at 5:05 am

    ကြောင်မများကတော့ နံပါတ် (၄) (၅) (၁၀) (၁၂) (၁၃) (၁၄) (၁၆) (၁၇) (၂၀) ဖြစ်ပြီး ကျန်တာအားလုံးအထီးပါ …

  • bigcat

    November 6, 2010 at 5:13 am

    သက်သေပြလေ။ ဘယ်မှာလည်း အထောက်အထား။

  • ဆူး

    November 6, 2010 at 6:49 am

    တော်သေးတာပေါ့ မဝေရယ် သက်သေ မပြနိုင်ရင် ခေါင်းစုပ်ဖွားနဲ့ ကြောင်ကြီး ထ ခုပ်တာ ခံရအုန်းမယ်.. ဟူး.. တွေးရင်းနဲ့ လန့်လာပြီ.. ဘာမှ ပြောတော့ဘူး..

  • True Faith

    November 6, 2010 at 10:56 am

    ဂေဇက်မှာ ကြောင်ရေးရာ ကျွမ်းကျင်သူတွေ ဒီလောက်များမယ်လို့ တခါမှ မထင်မိဘူး။ ကျနော်လည်း ခန့်မှန်းမယ်ဗျာ။ ၁၉ ကတော့ အမပဲ။ ဥမပါလို့။

Leave a Reply