ကဗျာက တစ်ကြောင်းပဲစရသေးတယ်

ဘ၀က အဝေးကိုမောင်းနှင်သွားပြီ

အနာဂတ်ကို ကြိုးနဲ့သီထားတဲ့

ဒူးပေါ်ပေါင်ပေါ်ယဉ်ကျေးမှုဟာ

မှော်ပညာဆန်စွာနဲ့ ယောက်မမြင်းစီးထွက်သွားတယ်

လာရာလမ်းကို စွေစောင်းကြည့်တော့

အမေ့ရဲ့မျှော်လင့်ချက်တွေ ဖွဲမီးလိုတငွေ့ငွေ့

ဟောဒီအကောင်က

အကင်းမသေတဲ့အနာတချို့နဲ့

တဏှာနွံထဲမှာ မြုပ်ချည် ပေါ်ချည်…..

သင်္ဘောတွေ တစ်စင်းပြီးတစ်စင်းတိုက်ခတ်သွားတယ်

ကိုလံဘတ်ကယ်ပါ…. ဗာစကိုဒဂါးမားကယ်ပါ…..

ဒုက္ခကို ဘယ်သူမှမသိဘူး

ဒါ… ကဗျာဆရာရဲ့ အနုပညာပြကွက်ဆန်း…တဲ့

ကြည့်ကြပါ

အားရပါးရ ကြည့်ကြပါ

အခု ကျင်းပနေတာ

ငါ့အသုဘဖြစ်ရဲ့ ။ ။

ဥက္ကာကိုကို(သံတွဲ)

About ဥက္ကာကိုကို(သံတွဲ)

ဥက္ကာကိုကို(သံတွဲ) has written 30 post in this Website..