ဗိုလ်ချူပ်မှူးကြီးသို ့ မိုက်ကယ်ဂျော်နီအောင်ပုမှ သံတော်ဦးတင်ခြင်း

should be

ဆင်ဖြူများရှင် ရေမြေ ့သခင် ဗိုလ်ချုပ်မှူးကြီး ခင်ဗျား
https://myanmargazette.net/31435/economic-news-international-news-news-industry-people-in-the-news-us-news-news
ထိုသတင်းကို ဖတ်ရှု ု့ပြီးသောခါဝယ်
အရှင်၏ ကျွန်တော်မျိုး ကျေးကျွန် မိုက်ကယ်ဂျော်နီအောင်ပု
မှ အရှင့်အရေးတွက် ခြေတော်ဦးခိုက်၍ သံတော်ဦးတင်ရပါသည်။
နိုင်ငံတော်အလံအား ဤ ပြထားသည့် လိုဂိုအတိုင်း လွှင့်ထူသမှု
ပြုပါမူ သင့်လျှော်ပါမည် လားဟု လျှောက်တင်အပ်ပါသည်
ဆင်ဖြူများရှင် ရေမြေ ့သခင် ဗိုလ်ချုပ်မှူး မင်းတြား ကြီး ဘုရား။
ထပ်လောင်း၍ မယ်တော်ကြီး အန်တီကြိုင်နှင့် တစ်ကွသော ဆွေတော်မျိုးတော်အပေါင်း
(မိမိတို ့၏ စိတ်ကို မိမိတို ့ကောင်းစွာ ဆောက်တည်ခြင်းဖြင့်) ကောင်းမြတ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို တရားသဖြင့် စောင့်ရှောက်နိုင်ကြပါစေကုန်သတည်း။

14 comments

  • bigcat

    November 1, 2010 at 5:57 am

    အိမ်းတော်ပေစွ မောင်မင်း၊ သို့ပေမဲ့ တိုင်းပြည်အသဲနှလုံးပွတ် ငါ၏မဟေသီ သခင်မကြီး ဒေါ်ကွိုင်ကွိုင်နဲ့ မျောက်မူးလဲ အိမ်ရှေ့စံမြေးတော်လေး ဖိုးလပြည့် ပုံကိုချန်ထားဖို့မသင့်ပေဘူး။ အလံဒီဆိုင်းအသစ်ကို နေမဝင်ခင် ချက်ချင်းပြင်စေ မောင်မင်း။

    • etone

      November 1, 2010 at 6:43 am

      သင့်မြတ်လှကြောင်းပါ .. 😀

    • ဆူး

      November 1, 2010 at 7:05 am

      နေမဝင်ခင် ပြင်လို့ မပြီးရင် ဘယ်လို စီရင်သင့်ပါသလဲ အရှင်မြတ်ကြီး..

  • blackdemon

    November 1, 2010 at 7:08 am

    ူုုဒါဆိုအလံ မဟုတ်တော့ဘူး…
    မိသားစုဓါတ်ပုံဖြစ်နေပြီ…..

  • narziparty2009

    November 1, 2010 at 8:04 am

    အဲဒီအလံကိုသူတို.မိသားစုစုံစုံလင်လင်လုပ်ပြီးတရိစ္ဆာန်ရုံသွားပြသင်.ပါကြောင်း

  • char too lan

    November 1, 2010 at 8:09 am

    hahaa!!
    kokopu ka a kyan pay mat gyi toung pyit nay p pop lay!

  • narziparty2009

    November 1, 2010 at 8:19 am

    အဲဒီလူကြီးတွေကမကောင်းဘူးနော်
    ငါတို.ရဲ.ခေါင်းဆောင်ကောင်းကြီးဗိုလ်ချုပ်အောင်ဆန်းက
    မစားပဲစွန်.ထားခဲ.တာတွေကိုသူတို.က မစွန်.ပဲစားနေကြတယ်။

  • အာဖျံ ကွီး

    November 1, 2010 at 8:41 am

    တယ်လေ … ဒီမောင်မင်း … ငါလခွီးတဲ့မှကွာ …
    မိုက်လဲမိုက် … ဂျော်နီဝါးကားလဲ သောက်တဲ့ မောင်မင်း အောင်ပု …
    မောင်မင်းရဲ.သခင်ကြီး … ဆင်ဖြူများရှင် ရေမြေ ့သခင် ဗိုလ်ချုပ်မှူး မင်းတြား ကြီးရဲ.ပုံကိုလဲ သေချာပြန်ကြည့်ပါအုံးကွဲ.
    ခွေးအိုကြီးရုပ်နဲ. အသားအရောင်ကလဲ သပိတ်ရောင်ထနေပါလား မောင်မင်း … အရှိကိုအရှိအတိုင်းမပြရဘူးလေ … Photo Shop နဲ.သေချာပြန်ပြင်စေ … အမိန်.တော် …………..
    ပီးတော့ ငါ့ရဲ.မဟေသီ၊ ဆရာဆိုရင်လဲမမှားတဲ့ စိန်ကြိုင်လေးကိုလဲ မတွေ.ပါလား မောင်မင်း … သူကတိုင်းပြည်အုပ်ချုပ်နေတဲ့သူ ဆိုတာ မောင်မင်း မေ့နေပီလား ငယ်ကျွန်ကြီး လမိုက်ညအောင်ပုရဲ.
    သူ.ကိုအဓိက ထည့်စေ (နေရာမရှိရင် ခေါင်းပေါ်မှာ) … အမိန်.တော် ………….. (သူများအကြောင်းလဲ မပြောတတ်ပါ … စပ်မိစပ်ရာ ကွိစိကွစ :P)

  • moesat

    November 1, 2010 at 10:49 am

    ငါ့ ၏ ပိုင်နက် တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံ အတွင်းနေထိုင်ကြသော သူတိုင်း
    ဒုက္ခပေါင်းများစွာနှင့် စိတ်ဆင်းရဲစွာနေနိုင်ကြသည်မှာ ငါ၏ ဘုန်းတော်ကြောင့်မဟုတ်ပေလားမင်းကြီးတို့

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 1, 2010 at 11:54 am

    ရဲမက်တို ့
    မင်းတြားကြီးကို စော်စော်ကားကား
    ကားကားစော်စော်
    ပြောင်ပြန်ကြီးဝိုင်းလုပ်ကြတဲ့ လူတစ်စုကို
    ဟုမ်းပေ့မှာချက် လိပ်စာအတိကျ ရတဲ့အခါကြ
    အိမ်တံခါးခေါက်၍ ခဏလောက်ခေါ်ခဲ့စေ
    ငါကျွန်ုပ်မောင်ပုကတော့
    အင်စိန်ထောင်းထဲ အပိုင်စားရမဲ့ အခန်းလေးကို ချက်ကင်ဝင်လိုက်ဦးမယ်

  • အုန်းမှုတ်ခွက်

    November 1, 2010 at 12:37 pm

    အမိန့်တော်မြတ်အတိုင်း အလံကို ချုပ်လုပ်ပြီးစီးပါသော်လည်း မိုးကြိုးစက်ကွင်းမလွတ်မည်ကို စိုးရိမ်သောကြောင့် မည်သူမျှ အလံတိုင်ပေါ်တက်မတင်ရဲကြောင်းပါဘုရား…

  • winkyawaung

    November 1, 2010 at 1:00 pm

    နေမဝင်မှီ အလံပြင်ခိုင်းလို့ တော်သေးတာပေါ့ကွယ်..။ နေဝင်သွားရင် ဘာဖြစ်ကြတော့မှာလဲ ဆရာမိုက်ကယ်အောင်ပု ရယ်….။

  • ဆူး

    November 1, 2010 at 1:05 pm

    နေဝင်သွားရင် အရှင်မင်းမြတ်ကြီး အမိန့် အတိုင်း စီရင်ဖို့ အသင့်ပါ

  • mG

    November 1, 2010 at 4:07 pm

    မောင်မင်းတို့……….။မိန့်ချက်လေးတွေ အရမ်းနားဝင်ချို၏။ငါဘုရင် သန်းဟာ မိသားစုအားလုံးနှင့်အတူ တူလေးလပြည့်ပါ အပါ ဆင်ဖြူ ကိုယ်စားပြု ကြယ်နေရာတွင် သုံးယောက်ထည့်စေ။ဒါမှ ငါကိုယ်တော်မြတ်၏ အိမ်တွင်း တရိစ္ဆန်တွေကို တတိုင်းပြည်လုံးတာမက မြန်မာကို ကမ္ဘာက တရိစ္ဆန် အုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်ကြောင်း သိသွားသော်
    မူပေလိမ့်မည်။ငါ၏အမိန့်တော် ငမိုက်သားဂျော်နီ သင်၏မိန့်ဆိုမှုကို ငါကြိုက်လေ၏ သင်ငါလိုချင်တာကို ဘာမှမပြောပဲ လုပ်စေ။မလုပ်က သင်ပြောသလို ငါကိုယ်တော်မြတ်လုပ်ရလိမ့်မည်။
    မှတ်ချက် ။ ။ မောင်မင်းအောင်ပု ငါကိုယ်တော်မြတ်လို လိုက်ပြီ အာဏာမယူလေနဲ့ ငါကိုယ်တော်မကြိုက်ပေ။အမိန့်။
    ဘာမှမရှင်းပြနဲ့ တိတ်စေ။

Leave a Reply