to those who live in foreign countries

fattyOctober 30, 20101min1019

dear all …….. kindly forgive me that i cannot write rather long posts.
I would like to know about lottery in your countries …. what is the highest amount for winner, the price for various kinds of lottery
and I observed that under 18 is not allowed to buy some kinds of lottery in Singapore , …etc ….
Kindly response me.

Thank you all.

9 comments

  • kopauk mandalay

    October 30, 2010 at 4:07 pm

    ဒီတစ်ပါ အပူးကောင်းတယ်လို့တော့ ပြောကြတာဘဲ ကိုဖက်တီးရေ

  • bigcat

    October 30, 2010 at 4:52 pm

    ယူအက်စ်မှာတော့ လော်ထရီရဲ့ ဆုတန်ဖိုးက ပထမဆု ပေါက်သူမရှိရင် တပတ်ပြီးတပတ် ကြေးမြင့်သွားတယ်။ မြန်မာပြည်မှာလို နံပတ်အသေမဟုတ်ဘူ။ ထိုးသူက ကြိုက်တဲ့နံပတ် ၁၆လုံးလားသိဘူး ကိုရွေးချင်ရွေး မဟုတ်ရင် စက်ကိုရွေးခိုင်းပြီး တခုကို တဒေါ်လာနှုန်းနဲ့ ထိုးလိုရတယ်။ အဲသလိုမျိုးထီတွေကလည်း နှစ်မျိုးသုံးမျိုးရှိတယ်ထင်တယ်။ သာမန်အားဖြင့် ပထမဆုက တပတ်ကို သန်းဆယ်ဂဏန်း ပတ်ဝန်းကျင်ရှိတတ်ပြီး ဒုတိယဆုက သိန်းဂဏန်း ရှိတတ်တယ်။ လူတိုင်းကြိုက်ရာ နံပတ်ကိုထိုးနိုင်လို့ တခါတလေလည်း ပေါက်ပေမဲ့ ခွဲယူရတယ်။ ပေါက်သူမရှိရင် ပထမဆုကြေးက ခဏခဏပဲ သန်းရာကျော်သွားတတ်တယ်။ အဲဒီလို အခါမျိုးဆိုရင် အရင်က ထိုးလေ့မရှိသူတွေလည်း ဝင်ဆွမ်းကြီးလောင်းကြလို့ ဆုကြေးကပို တက်တက်လာတယ်။ ဆုငွေကို တပေါင်းတစည်းထဲယူရင် ကြေငြာတဲ့ပမာဏရဲ့ တဝက်လောက်ရတယ်။ ဒါမှမဟုတ် အနှစ်၂ဝလိုမျိုး ခွဲယူရင် ပြောထားတဲ့အတိုင်းရတယ်။ အခွန်ကတော့ 3၀% လောက်ဆောင်ရမယ် ထင်တယ်။ ပြည်နယ်တွေ အလိုက်လည်း ဖွင့်တဲ့ထီတွေရှိသေးတယ်။ နောက်တမျိုးကတော့ ကတ်ပြားပေါ်ကနံပတ်ကို ခြစ်ပြီး ပြောထားတဲ့ နံပတ်တွေနဲ့ ကိုက်မကိုက် စစ်ရတာ။ သူကတော့ ဆုနံပတ်က အသေမိုလို့ ခွဲစရာမလို။ ဆုတွေကလည်း ၂ဒေါ်လာကနေ တသန်းလောက်ထိရှိတယ် ထင်တယ်။ တချိ့ဟာတွေကတော့ ပေါက်ရင် တပတ်ကို ဒေါ်လာ ၁၀၀ဝမျိုး အနှစ်၂၀၊ ၃ဝ ပေးမယ်ဆိုတာလည်းရှိတယ်။ ဈေးကတော့ ၁ ဒေါ်လာကနေ ၁ဝ ဒေါ်လာလောက်ထိ ရှိတတ်တယ်။ သိသလောက် ပြောတာပါ၊ သိသူများ ရှိသေးရင် ဖြည့်စွက်နိုင်ပါတယ်။ ကျနော်က ထီထိုးလေ့မရှိလို့ ကျန်နိုင် မှားနိုင်ပါတယ်။

  • kai

    October 30, 2010 at 10:24 pm

    http://www.calottery.com/default.htm
    http://en.wikipedia.org/wiki/California_State_Lottery
    အပေါ်ကလင့်တွေက ကယ်လီဖိုးနီးယားအတွက်ပါ။ ယူအက်စ်က ပြည်နယ်တွေမှာ ကိုယ်ပိုင် ထီစံနစ်တွေရှိတယ်ထင်ပါတယ်။ နယူးယောက်၊ ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယားတွေက ချမ်းသာတဲ့ပြည်နယ်တွေမို ့ကြေးတွေလည်း တော်တော်မြင့်ပါတယ်..။
    ကယ်လီဖိုးနီးယားမှာ ထီစံနစ် ၈ခုတွေ့မိတာပါပဲ..။
    ပြီးခဲ့တဲ့တပါတ်တင် ၅ဒေါ်လာနဲ့ မက်ဂါထီထိုးလိုက်တာ ပလုံပါတယ်..။ပေါက်ရင်လည်း ဒေါ်လာသန်း ဆယ်ဂဏန်းရတတ်တာပါ။
    များတဲ့အပါတ်ဆို သန်း ၂၀ဝလောက်အထိရောက်တတ်တယ်မှတ်မိပါတယ်..။
    အဲဒီအတွက်အရင်းက တဒေါ်လာပါပဲ..။
    မှတ်သားစရာတခုက ..ထီသမားပေါက်ရင် အခွန်(အမြတ်ခွန်)က ၃ပုံတပုံလောက် နှိပ်ထည့်တာပါပဲ..။ ဆိုတော့ ၁ဝသန်းပေါက်ရင် တကယ်ရမယ့်ငွေဖြူက ၆သန်းလောက်ပေါ့။

    မန္တလေးဂေဇက်ကနေ စပွန်ဆာလုပ်ပြီးတောင် ထီထိုးပေးမလို့စိတ်ကူးဖူးပါတယ်…။ ပေါက်ရင် တဝက်စီပေါ့။ 🙂
    ဆိုတော့ … ထိုးမဲ့သူက နံပါတ်တွေ စိတ်ကြိုက်ရွေးပေးရုံပါပဲ..။ ပြောတဲ့ဂဏန်းအတိုင်း အတိအကျထိုးလို့ရပါတယ်.။
    ကျန်တာအသေးစိတ်တော့ ဝိကိမှာဖတ်ပေတော့..။

    သေချာစဉ်းစားကြည့်ရင်.. ယိုးဒယား ၂လုံးထီတွေက ရင်းသလောက် ဘဝပြောင်းသွားလောက်အောင် ငွေမကျန်တာမို ့..ကျုပ်ကတော့ .. အဲဒီထီမျိုးထိုးနေသူတွေကို သိပ်နားမလည်နိုင်ဖြစ်မိတာပါပဲ..။ စိတ်ဝင်စားရင် ယူအက်စ်ထီထိုးကြည့်ပါလား။
    ဒေါ်လာ၁ဝသန်းဆိုတာ ဗမာငွေနဲ့ သိန်းပေါင်း သောင်းပေါင်း ၁ဝလောက်နော..။

    • ဆူး

      October 31, 2010 at 7:00 am

      ဆရာရေ.. ပေါက်ဂဏန်းလေး ရှာပြီး ထိုးပေးပါ.. ၂ဒေါ်လာဖိုး.. ပေါက်ရင် တဝက်ခွဲပေးမယ်နော်..

  • Aunti Moe

    October 31, 2010 at 9:39 am

    ဂျပန်မှာ ထီကို Takara Kuji လို့ခေါ်တယ်။ ITခေတ်မှာတော့ ထီချစ်သူများ စိတ်တိုင်းကျစေဖို့ အမျိုးမျိုးကြိုးစားနေကြတာ တနှစ်နဲ့ တနှစ်ကို မတူပါဘူး။ အကြမ်းအားဖြင့် ဂျမ်ဘို၊ ခဲခြစ်၊ Loto-၆၊ မီနီ- Loto ၊ Numbers-၃၊ Numbers-၄ လို့ ခွဲထားတယ်။
    ဂျမ်ဘို ကတော့ တနှစ်ကို ၃ကြိမ်ဖွင့်ပါတယ်။ Dream-ဂျမ်ဘို၊ Summer-ဂျမ်ဘိုနဲ့ နှစ်ကုန်ဂျမ်ဘိုရယ်လို့ ရာသီအလိုက် ဖွင့်ပါတယ်။ အမြင့်ဆုံး ယမ်းသန်း၂၀၀။ ကပ်လျက် အရှေ့နဲ့ အနောက်၂လုံးပါပေါက်ရင်တော့ သန်း၃၀ဝရမှာပါ။ ကျပ်ငွေနဲ့တွက်ရင် သိန်း၃၀၀၀ဝကျော်…။
    အခုဝယ် ၊အခုစစ်ပြီး ငွေလက်ငင်းရနိုင်တာကတော့ ခဲခြစ်ပေါ့။ ပြီးတော့ ကြိုက်ဂဏန်းရွေးထိုးနိုင်တာကတော့ Loto-၆၊ မီနီ-Loto၊ Numbers-၃၊ Numbers-၄ ပေါ့။ အားလုံးပေါင်းရင်တော့ တနှစ်ကို ၄၈ဝ ကြိမ်လောက်ဖွင့်တယ်။ အဲဒီအထဲက ၃၆ဝကြိမ်ခန့်ကိုတော့ တိုကျိုရှိ Takara Kuji Dream Hall မှာကျင်းပပြီး ကျန်တာတွေကိုတော့ နိုင်ငံရဲ့ နေရာအနှံ့မှာကျင်းပလေ့ရှိတယ်။

    ထီတစ်စောင် ယမ်း ၃၀ဝပါ။ လူတယောက်ကို ပျမ်းမျှ ၅.၃စောင်ဝယ်နှုန်းရှိပြီး၊ ရောင်းရငွေရဲ့၄၅.၇%ကို ဆုကြေးငွေ၊ ၄၀.၁% ကို နိုင်ငံတော်ပြုပြင်တည်ဆောက်ရေး၊ ၁၄.၂% ကိုတော့ ကုန်ကျစားရိတ်အဖြစ် ခွဲဝေသတ်မှတ်ထားပါတယ်။ နိုင်ငံတော်အတွက် နှုတ်ပြီးသားဖြစ်လို့ အခွန်ပေးစရာမလိုပါ။
    အသက်၂ဝပြည့်ပြီး MIZUHO ဘဏ်မှာ Account ဖွင့်ပါက Online ထီထိုးလို့ရပါတယ်။

    http://www.takarakuji.mizuhobank.co.jp/

  • weiwei

    October 31, 2010 at 9:43 am

    ဦးဖက်တီးက ဘယ်သူတွေဘယ်နိုင်ငံကလဲဆိုတာသိရအောင် တစ်ဖက်လှဲ့နဲ့ စစ်တမ်းကောက်နေတာဖြစ်နိုင်တယ် … ဟိုတစ်ခါကလဲ ဘယ်သူတွေမိန်းကလေးလဲဆိုတာသိရအောင်လုပ်ပြီးပြီလေ …

  • fatty

    October 31, 2010 at 11:18 am

    မဟုတ်ကဟုတ်က ဒေါ်လေးရယ် …. ထွက်ပေါက်ရှာချင်လို့ပါ။

  • weiwei

    October 31, 2010 at 11:54 am

    ထီကထွက်ပေါက်မဟုတ်ပါဘူး ဦးလေးဖက်ရယ် …

  • fatty

    October 31, 2010 at 3:10 pm

    ကျနော့အတွက်တော့ထွက်ပေါက်ပါ။
    ကျနော့ရဲ့ … သားကြီးသို့ပေးစာပို့စ်လေးကိုဖတ်ကြည့်ပေးပါ။ ကျနော့ပုံပါထည့်ထားပါတယ်။
    သဘောပေါက်ပါလိမ့်မယ်။

Leave a Reply