အားလုံးရေခဲတွေနဲ့တည်ဆောက်ထားတာ ….

weiweiOctober 30, 20106min16723

အားလုံးရေခဲတွေနဲ့တည်ဆောက်ထားတဲ့မီးထွန်းပွဲတော်ကတော့ တရုတ်ပြည်နယ်မြောက်ပိုင်း ဟေးလုံးကျန်းပြည်နယ် ဟာ့ပင်းမြို့မှဖြစ်ပါတယ်။ နှစ်စဉ် ဇန်နဝါရီလလယ်မှ ဖေဖော်ဝါရီလလယ်အထိ ပွဲတော်ကျင်းပလေ့ရှိပါတယ်။ ကျွန်မတို့သွားခဲ့တာက ၂၀၀၈ ဇန်နဝါရီလကဆိုတော့ ဓါတ်ပုံတွေက နဲနဲတော့ကြာနေပါပြီ။ အဲဒီအချိန်က အအေးဆုံးအချိန်ပါ အနှုတ် ၃ဝ လောက်အထိအေးပါတယ်။ ညဘက်မှာမှ အဲဒီနေရာက စည်ကားပါတယ်။ လူတွေအများကြီးလာကြည့်ကြတယ်။ နောက်ထပ် တစ်နေရာမှာတော့ နှင်းတွေနဲ့ထုထားတဲ့ နှင်းပန်းပုတွေပြတဲ့ ့နေရာတစ်ခုရှိပါသေးတယ်။ အဲဒီကလက်ရာတွေကတော့ အနုစိတ်လွန်းပြီး အရမ်းလှတယ်။ ရုရှားကပညာရှင်တွေနဲ့ပူးပေါင်းပြီး ပြုလုပ်တယ်လို့သိခဲ့ရပါတယ်။ နှင်းပန်းပုပုံတွေကို သီးသန့်ပို့စ်တစ်ခုနဲ့တင်ပေးပါ့မယ်။ သိပ်အေးလွန်းလို့ ဓါတ်ပုံရိုက်ရခက်တယ်။ လက်အိတ်တွေအထပ်ထပ်နဲ့ ကင်မရာကိုကိုင်ရတာ မလွယ်ပါဘူး။ နောက်ပြီး ကင်မရာထဲကဓါတ်ခဲက အဲဒီလောက်အအေးဒဏ်ကိုမခံနိုင်ပါဘူး။ ဘတ်ထရီချက်ခြင်းကျသွားတယ်။ ကင်မရာကိုပူအောင် ပြန်လုပ်လိုက်ရင် ခဏပြန်ရိုက်လို့ရတယ်။ လူတွေကလဲ အဲဒီလောက်အေးနေတာကို အကြာကြီးမခံနိုင်ဘူး။ ကော်ဖီဆိုင်လေးတွေရှိပါတယ်။ အဲဒီဆိုင်လေးတွေထဲကို ခဏခဏပြေးဝင်ပြီး တစ်ခွက် တစ်ယွမ် တန်တဲ ့ကော်ဖီကို ၁၅ ယွမ်ပေးပြီးသောက်ရပါတယ်။ ကျွန်မတစ်သက်မှာ အအေးဆုံးခရီးစဉ်လို့ မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။

23 comments

  • bigcat

    October 31, 2010 at 4:03 am

    ကြောင်ရုပ်လည်း တရုပ်မှမတွေ့ဘူး။ သပိတ်မှောက်တယ်ဗျို့။

  • weiwei

    October 31, 2010 at 4:06 am

    ကြောင်သည် အအေးကိုကြောက်၏ ….

  • ဆူး

    October 31, 2010 at 4:42 am

    ရေခဲတွေက လှတယ်.. အရင်တုန်းက အဲဒီလို ရေခဲတွေနဲ့ လုပ်ထားတဲ့ နေရာတွေကို သွားချင်တယ်.. အခုတော့ မသွားချင်တော့ဘူး အအေးကြောက်တယ်.. အနုတ် ၃ ၄ ၅ လောက် ဆိုရင်တောင် မနေနိုင်ဘူး.. ချမ်းတယ်.. အအေးကြောက်တတ်လာတယ်။ အပူပိုင်းဒေသမှာ နေတဲ့ သူမို့လားတော့ မသိဘူး.. အပူကြိုက်တော့ မကြိုက်ဘူး..

  • weiwei

    October 31, 2010 at 4:49 am

    အကျီက ၅ ထပ် .. ဘောင်းဘီက ၄ ထပ် .. ခြေအိပ်က ၄ ခု .. ဖိနပ်က နှင်းထဲစီးတယ့်အထူ … လက်အိပ်က ၂ ထပ် .. ခေါင်းစွပ်က ၂ ထပ် .. မာဖလာတစ်ခုနဲ့ ပါးစပ်နဲ့နှာခေါင်းကိုလဲ စီးထားရတယ် .. ခရီးဆောင်အိပ်ထဲထည့်သွားသမျှ အကုန်ထုတ်ဝတ်ထားရတယ် …

    • မှော်ဆရာ

      November 18, 2011 at 8:40 am

      အဲဒီလေအာက် အင်္ကျီတွေ အထပ်ထပ်နဲ့ဆိုရင်တော့ မဝီဝီကို ကြည့်ရတာ ပွဲဈေးတန်းက လေမှုတ်ရုပ်နဲ့ တူမှာပဲနော် … ကျွန်တော်ကတော့ အအေးကြိုက်တယ်ဗျာ .. ပူတာသာမကြိုက်တာ …။အနွေးထည် လုံလုံလောက်လောက်နဲ့သာဆိုရင်တော့ နှင်းတောထဲ လျှောက်ဆော့ချင်တယ် …

  • ဆူး

    October 31, 2010 at 5:55 am

    အရှင်လတ်လတ် ရေခဲခံပြီး မသေရလေအောင်.. ဝတ်ရမှာပေါ့လေ.. အကျီအထူတွေနဲ့ သွားရတာ စိတ်ကုန်တယ်။
    သိပ်အေးလွန်းရင် ခေါင်းကိုက်တယ်..
    အေးလွန်းရင် ခဏခဏ ရူးရူးပေါက်ချင်တယ်.. အိမ်သာရှာရတာလည်း ဒုက္ခများတယ်.. ဟီးဟီး

    • bigcat

      October 31, 2010 at 6:05 am

      ရွာကြီးက ခြောက်ကပ်ကပ်နဲ့ ပျင်းဖို့ကောင်းလာပြီ။ ဘယ်လိုလုပ်ကြမီတုန်း။

      • weiwei

        October 31, 2010 at 6:09 am

        ပျင်းလာပြီ .. ဖိုးဖိုး ဖွားဖွားတွေဆီပဲ ပြန်သွားတော့မယ် … ရွာထဲမှာ မနေချင်တော့ဘူး …

        • မှော်ဆရာ

          November 18, 2011 at 8:46 am

          အဲတာ အင်တာနက် နှိတ်စက်တာ …. ကျွန်တော်တောင် အင်တာနက်ဆိုင်လေး ဖွင့်ထားလို့ သုံးနှိုင်နေတာ .. တကယ်ဆို ဝက်ဆိုက်ဝင်ကြည့်တယ်ဆို ဂျီတော့ ဖွင့်ထားပြီးမှ စကားပြောရင်း ကြည့်ကြတာလေ ..အခု .. လိုင်းကနှေးနေတော့ ဂျီတော့တောင် မနဲဖြစ်နေတာ ဝက်ဆိုက်ဘက် ဘယ်လှည့်နှိုင်မလဲ ….

  • weiwei

    October 31, 2010 at 6:05 am

    နှင်းလျှောစီးတဲ့တောင်ကိုသွားလည်ပြီးအပြန်တုံးကပေါ့ .. ကား ၂ နာရီလောက်စီးရတဲ့ခရီးမှာ လမ်းတစ်ဝက်နဲ့ကားပျက်တယ် … အကြာကြီးပျက်တာ … အရမ်းအေးတော့ ရူးရူးပေါက်ချင်လာတာပေါ့ … လမ်းဘေးဝဲယာကလဲ နှင်းတွေချည်းပဲ … ဗမာပြည်မှာလို ပေါက်တောလုပ်လိုက်ဖို့ မရှက်ပေမယ့် … အအေးပတ်မှာကြောက်လို့ မပေါက်တောရဲဘူး …

  • ဆူး

    October 31, 2010 at 8:52 am

    အေးတဲ့နေရာသွားရင် အခံရဆုံးက မျက်နှာ.. မျက်နှာကိုဖုံးသော်ငြား မျက်လုံးကတော့ ကွယ်လို့မဖြစ်တော့.. သူက အအေးခံရတယ်။

  • snique

    October 31, 2010 at 9:50 am

    ဟွန်း သူတို ့က ရေခဲနဲ ့ပဲ ဆောက်တာ ကျုပ်တို ့မြန်မာ ပြည်က လမ်းဆို ဘာနဲ ့ ဘယ်သူ က ဘယ်လိုဆောက်မှန်းမသိဘူး ဒီနေ ့ဖောက်ပြီးနောက် နေ ့ရေတင်တယ်။

    • ဆူး

      October 31, 2010 at 9:58 am

      ဒါဆို လမ်းသွားရင်း ရေတိမ် မနစ်အောင် သတိထား..

  • Cuper

    November 12, 2010 at 9:26 am

    အရည်ပျော်တဲ့ပုံလဲ ကြည့်ချင်လိုက်တာ ဟီဟီ တော်တော်လှမှာနော်။ သွားချင်တယ်။ ဒါပေမယ့် သွားချင်တဲ့နေရာက များနေတယ်လေ…..

  • nyeinwailwin

    November 12, 2010 at 10:27 am

    လှလိုက်တာ အရမ်းပဲ .. ရေခဲနဲ့လုပ်ထားတယ်တောင်မထင်ရဘူးနော် …

  • XinMon

    November 12, 2010 at 10:35 am

    snique ပြောသလိုဆို…..
    နောက်ဆိုလမ်းသွားရင်း
    သက်ကယ်ဝတ်စုံ ဖြစ်ဖြစ် လှော်တတ်ဖြစ်ဖြစ်ယူသွားမှ

  • char too lan

    November 12, 2010 at 11:01 am

    လှလိုက်တာ ကွန်မကောင်းတဲ့အချိန်မှတင်လိုက်တယ်ထင်တယ် လုံးဝမတွေ ့လိုက်ရဘူး ခုမှပဲကြည့်မိတယ်

  • weiwei

    November 17, 2011 at 9:02 pm

    နေရာဒေသဆန်းတာလေးတွေ ပြချင်လို့ လင့်ပြန်ရှာပြီး မန့်လိုက်ပါတယ် …

  • windtalker

    November 17, 2011 at 9:20 pm

    ဟာ လှလိုက်တာဗျာ….
    တို ့ရွာထဲမှာ ဒီလို အရမ်းလန်းတဲ့ ပုံလေးတွေ ရှိနေခဲ့တာ
    မသိရဘူးဗျာ
    တင့်ခရုပါ

  • သော်ကြီး

    November 17, 2011 at 10:33 pm

    တအားလှတာပဲဗျာ။ ကျွန်တော်တို့တော့ ရောက်ဖူးဘို့တောင် စိတ်မကူးရဲပါဘူး။ လျှပ်စစ်မီး တွေကို အဲ့ဒီလိုလျှေက်သုံးထားတော့ ဘယ်လောက်ပါ့မလဲနော့။ ကျွန်တော်တို့ဆီမှာ လျှပ်စစ်မီးတွေ အရမ်း ပိုနေတယ်ဆိုပဲ။ကျွန်တောက အသစ်စက်စက်ကလေးပါ။နောက်တစ်ခေါက်သွားရင် ကျွန်တော်လဲ လိုက်ချင်တယ်။ စရိတ်တော့ မျှခံပေးပါနော်။ Thank You!

  • koaung

    November 18, 2011 at 1:15 am

    ဓတ်ပုံတွေကြည့်ရင်းချမ်းသလိုလိုဖြစ်လာတယ်

  • small cat

    November 18, 2011 at 6:42 am

    ကြည့်တဲ့သူတွေတောင် ဒီလောက်အေးနေရင်
    ဆောက်တဲ့သူတွေဘယ်လိုလုပ်ဆောက်သွားကြပါလိမ့်
    စက်ရုပ်တွေများသုံးပြီးဆောက်သွားကြလေသလား

    ဆူးနဲ့ဝေဝေ အောင့်မထားနဲ့ အဝတ်တွေ အထပ်ထပ်ဝတ်ထားတာ
    အပြင်ကိုထွက်လာမှာမဟုတ်ဘူး အဝတ်ထဲတင်ပျောက်သွားလိမ့်မယ်
    ပေါက်ချလိုက်။

    • မှော်ဆရာ

      November 18, 2011 at 8:49 am

      ဟာ မဖြစ်လောက်ဘူး တော်ကြာ ရှူးရှူးက အဝတ်ထဲတင် ခဲသွားပြီး အချပ်လိုက်ကြီး ဖြစ်နေရင် ဘယ့်နှယ့်လုပ်မလဲ …

Leave a Reply