Annexes to the BSCI Code of Conduct into Myanmar Translation

mipukayNovember 17, 20091min980

Annexes to the BSCI Code of Conduct into Myanmar Translation
ပစ္စည်းပံ့ပိုးသူကုမ္ပဏီ၏ ကြေငြာချက် (နောက်ဆက်တွဲ-က) Declaration of the Supplier Company

ဘီအက်စီအိုင်၏ လူမှုရေးဆိုင်ရာကိစ္စရပ်များတွင်လေးစားကျင့်သုံးရမည့်စံညွှန်းများအပေါ်လုံးဝတာဝန်ယူကြောင်းကြေငြာချက်

ကျွန်ုပ်တို ့သည် အောက်ဖော်ပြပါတို ့အားသဘောတူကြောင်းလက်မှတ်ရေးထိုးပါသည်-
• နိုဝင်ဘာ ၂၀၀၆ တွင်အတည်ပြုခဲ ့သော ဘီအက်စီအိုင်၏လေးစားကျင့်သုံးရမည်စံချိန်စံညွှန်းများကို သိရှိနားလည်ပြီး ၎င်း၏ ကျင့်သုံးရမည့်စံနစ်ပါ စည်းမျဉ်းနှင့်လုပ်ငန်းဆောင်တာများ အပြင် စီမံအုပ်ချုပ်ရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကိုပါ လက်ခံလိုက်နာပါမည်။
• ကျွန်ုပ်တို ့သည် ကျွန်ုပ်တို ့၏ လုပ်ငန်း (သို ့) လုပ်ငန်းများလုပ်ကိုင်ရာ နိုင်ငံတစ်နိုင်ငံ (သို ့မဟုတ်) နိုင်ငံများတွင်ကျင့်သုံးနေသော သက်ဆိုင်ရာ ဥပဒေ နှင့်စည်းမျဉ်းစည်းကမ်းများအားလုံးကို သိရှိနားလည် သဘောပေါက်ပါသည်။
• ကျွန်ုပ်တို ့သည် အကယ်၍ ကျွန်ုပ်တို ့နိုင်ငံ၏ လိုက်နာရမည်ဖြစ်သော တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းများနှင့် ဘီအက်စီအိုင်၏စည်းကမ်းချမှတ်ချက်များနှင့်ပါတ်သက်သောကိစ္စများကြား ညှိနှိုင်းတွဲဘက်၍မရသော ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ ့ပါလျှင် ဘီအက်စီအိုင်အသင်းဝင် ( )သို ့ အကြောင်းကြားပါမည်။
• ဘီအက်စီအိုင်၏စံညွှန်းများသည် ဖွံ ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုံးစုံအပေါ်အခြေခံထားကြောင်း၊ ကိုက်ညီကြောင်းနှင့် ပြင်ဆင်ပြောင်းလဲမှု ၊ ပယ်ဖျက်မှုတို ့လုပ်ဆောင်ရန်မလိုကြောင်းတို ့ကို ကျွန်ုပ်တို ့လက်ခံသတိပြုမိပါသည်။
• ဘီအက်စီအိုင်၏ချမှတ်ထားသောစည်းမျဉ်းများအပေါ်တွင် လိုက်နာရန်လိုအပ်ကြောင်းကို ကျွန်ုပ်တို ့ထံမှလက်ခွဲ၍ တစ်ဆင့်ခံချုပ်ဆိုလုပ်ကိုင်သူ အားလုံးအား အသိပေးပါမည်။ သည့်အပြင် ကျွန်ုပ်တို ့သည် ၎င်းတို ့မှတာဝန်သိရှိစွာနှင့် တွဲဘက်ကာ ပူးပေါင်းပါဝင်ပါတ်သက်မှု ရှိစေရန်အထိပါ ကတိကဝတ်ပြုပါသည်။
• ဘီအက်စီအိုင်အသင်းဝင် ( )နှင့် မည်သည့်အဖွဲ ့အစည်းမဆို အသင်းကိုယ်စားစစ်ဆေးရေး လုပ်ငန်းများကို ကြိုတင်အကြောင်းကြား၍သော်၎င်း၊ ရှောင်တစ်ခင်သော်၎င်း အချိန်မရွေးဝင်ရောက်စစ်ဆေးခြင်း ကို ကျွန်ုပ်တို ့ ၏လုပ်ငန်းများတွင်လည်းကောင်း၊ တစ်ဆင့်ခံချုပ်ဆိုလုပ်ကိုင်သော မည်သည့်လုပ်ငန်းများတွင်သော် လည်းကောင်း စာရင်းစစ်ခွင့်ပေးအပ်ပါသည်။

ဆက်လက်၍
• ကျွန်ုပ်တို ့သည်လူမှုရေးဆိုင်ရာလုပ်ဆောင်ချက်များကို ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်ရန်သဘောတူပါသည်။ ၎င်းအပြင် ကျွန်ုပ်တို ့ ၏လက်ခွဲတစ်ဆင့်ခံလုပ်ကိုင်သူများကိုပါ ဘီအက်စီအိုင်အသင်းဝင် ( )မှ တောင်းဆိုပါက ၎င်းတို ့ ၏လုပ်ကိုင်ဆောင်ရွက်မှုအသေးစိတ်အချက်အလက်များကို ဘီအက်စီအိုင်အသင်းဝင် ( )မှ ချင့်တွက်နိုင်ရန် တင်ပြပေးပါမည်။ ဤသည်မှာ ဘီအက်စီအိုင်၏ မေးခွန်းများအားလုံးကို မိမိကိုယ်တိုင်ဖြေရှင်းမှုပုံစံဖြင့် ပေးပို ့ မည်ဖြစ်ပါသည်။
• ကျွန်ုပ်တို ့သည် ဘီအက်စီအိုင်အသင်းဝင် ( ) သို ့လုပ်ငန်းအားလုံး၏တည်နေရာနှင့် မည်သည့်ကုန်ပစ္စည်းများထုတ်လုပ်ကြောင်းအသိပေးတင်ပြပါမည်။ (သို ့မဟုတ်)့ ဘီအက်စီအိုင်အသင်းဝင်( ) သို ့ ဖော်ပြမထားသောနေရာများသို ့ ဝန်ဆောင်ပေးပို ့ခြင်း ပြုလုပ်မည်မဟုတ်ပါ။ အကယ်၍ဘီအက်စီအိုင်အသင်းဝင် ( )အတွက်ထုတ်လုပ်ပေးရသောပစ္စည်းများ၊ ဝန်ဆောင်မှုများကို မည်သည့်နေရာတွင်လုပ်ကိုင်ဆောင်ရွက်နေကြောင်းအကြောင်းကြားအသိပေးရန်ပျက်ကွက်ခဲ ့ပါက မည်သည့် အချိန်အခါမျိုး တွင်မဆို ချက်ချင်းအရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်းနှင့် မည်သည့်စီးပွားရေးလုပ်ငန်းများ ကိုမဆို အခြေအနေမရွေးရပ်ဆဲခံရမည်ဖြစ်ကြောင်း နှင့် စာချုပ်ချုပ်ဆိုသဘောတူထားမှုအားလုံးအား ဖျက်သိမ်းခံရမည် ဖြစ်ကြောင်း နားလည်သဘောပေါက်ပါသည်။
• ကျွန်ုပ်တို ့သည် ဘီအက်စီအိုင်၏ စီမံအုပ်ချုပ်ရေးလမ်းညွှန်ကိုလိုက်နာအကောင်အထည်ဖော်ရာတွင် ဘီအက်စီအိုင်အသင်းဝင်( )သို ့ စီးပွားရေးနှင့်နှီးနွယ်၍ဖြစ်စေ ဘီအက်စီအိုင်၏လုပ်ငန်းလှုပ်ရှားမှုများအားမြင်သာစေခြင်းတို ့၌ဖြစ်စေ ချွင်းချက်ဖြင့်ချန်ရစ်မည်မဟုတ်ပါ။ဘီအက်စီအိုင်နှင့်ပါတ်သက်ခြင်းမရှိသော မည်သည့် တတိယပါဝင်ဖက်ကိုမဆို ဘီအက်စီအိုင်နှင့်ပါတ်သက်သောကိစ္စကြီးငယ်နှင့်မြင်သာထင်သာဖြစ်ခြင်းကိစ္စများတွင်မှ ပါဝင်စွက်ဖက်ခွင့်ပြုမည် မဟုတ်ပါ။
ရက်စွဲ………………………………………………..… ကုမ္ပဏီအမည်…………………………………………………..
လက်မှတ်…………………………………..………… ကုမ္ပဏီတံဆိပ်တုံး………………………………………………
နာမည်…………………………………………………. လိပ်စာ………………………………..………………………
ကုမ္ပဏီ၏မှတ်ပုံတင်နံပါတ်………………………………………………………………………………………………………………………
ဤစာရွက်ကိုကုမ္ပဏီ၏တရားဝင်ကိုယ်စားလှယ်မှ လက်မှတ်ရေးထိုး၍ဘီအက်စီအိုင်အသင်းဝင်( )သို့ ပေးပို ့ရမည်။
ပြီးမြောက်အကောင်အထည်ဖော်ရန်သတ်မှတ်ချက်များ(နောက်ဆက်တွဲ-ခ) (Terms of Implementation)
ပစ္စည်းပံ့ပိုးသူများသည် အချိန်ကာလတစ်ခုအတွင်းဘီအက်စီအိုင်၏စည်းမျဉ်းများနှင့်ပါတ်သက်၍ မဖြစ်မနေပြီးမြောက်အောင် ဆောင်ရွက်ရမည့်အချက်များ –

စီမံရေးအပိုင်းဆိုင်ရာမှ တာဝန်ရှိမှုများ
 ပစ္စည်းပံ့ပိုးသူများ နှင့် အုပ်ချုပ်ရေးပိုင်းနှင့်သက်ဆိုင်သူများအား ဘီအက်စီအိုင်၏စည်းမျဉ်းများကို သိရှိစေရန်အကြောင်းကြားခြင်း
 ကုမ္ပဏီအဖွဲ ့အစည်း၏ဖွဲ ့စည်းပုံတွင်ပါဝင်သောသူတိုင်းသည် ဘီအက်စီအိုင်၏စည်းမျဉ်းထုတ်ပြန်ချက်များအားလုံး အပေါ် တာဝန်ရှိကြောင်းကို တည်မြဲအခြေကျစေခြင်း
 တစ်ယောက်ထက်(သိုမဟုတ်)တစ်ယောက်ထည်ပိုမိုသောအုပ်ချုပ်ရေးဝန်ထမ်းများထားရှိ၍ ဘီအက်စီအိုင်၏စည်းမျဉ်း စည်းကမ်းများအားလုံး ပြီးမြောက်အောင်ဆောင်ရွက်ရန်အတွက် တာဝန်ခံအဖြစ်ခန် ့အပ်ထားရှိခြင်း
 ကုမ္ပဏီအဖွဲ ့အစည်းသည် ဘီအက်စီအိုင်၏စည်းမျဉ်းများအပေါ်တွင် လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပံ့ပိုးမှုကဏ္ဍများ၌လိုအပ်ချက်များရှိပါက ပြောင်းလဲမှုများပြုလုပ်ဆောင်ရွက်ပေးရမည်။
အလုပ်သမားများအား သိရှိစေခြင်း
 ဘီအက်စီအိုင်၏စည်းမျဉ်းဥပဒေသပါအကြောင်းအရာပါအချက်များအား အလုပ်သမားများသိရှိစေရန် ညွှန်ကြား ပြသအသိပေးခြင်း၊ ဆင့်ကဲချုပ်ဆိုလုပ်ကိုင်သူများ၏ အလုပ်သမားများအားလည်းအသိပေးခြင်း တို ့အပြင် အုပ်ချုပ်သူများမှပံ့ပိုးပေးရမည့် ဘီအက်စီအိုင်စည်းမျဉ်းပါကိစ္စရပ်များ ကိုအလုပ်သမားများသိရှိစေရန်ထုတ်ပြန်ပေးရပါမည်။ ကုမ္ပဏီသည် ဘီအက်စီအိုင်၏စည်းမျဉ်းများအားလုံးကို မိမိတို ့နိုင်ငံသုံးဘာသာစကားသို ့ဆီလျှော်အောင်ပြန်ဆိုပြီး အများမြင်သာစေမည့်နေရာများတွင်ချိတ်ဆွဲထားရမည့်အပြင် ရပိုင်ခွင့်နှင့် ကတိကဝတ်ပြုထားသည့်အချက်များပါ ၎င်းတွင်ဖော်ပြရမည်။ ၎င်းအပြင် ဘီအက်စီအိုင်၏စည်းမျဉ်းများအကြောင်းကို အလုပ်သမားများနားလည်လွယ်သောနေ့စဉ်သုံးဘာသာစကားအသုံးပြုကာ နှုတ်ဖြင့် ရှင်းလင်းပြောပြခြင်း၊ အကြောင်းကြားခြင်းပြုရမည်။
 အလုပ်သမားများ၏ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်ပုံမှန်သင်တန်းများပေးခြင်းဖြင့် ၎င်းတို ့ ၏လုပ်ငန်းပါတ်ဝန်းကျင်နှင့်လူမှု ပါတ်ဝန်းကျင်အတွင်း ထိထိရောက်ရောက်သိရှိစေရပါမည်။
မှတ်တမ်းများထားရှိခြင်း
 အလုပ်သမားတို ့၏ နာမည်၊ အသက်၊ အလုပ်ချိန်၊ လုပ်ခပေးငွေစာရင်းများ ကိုထိန်းသိမ်းထားရှိ၍ ဘီအက်စီအိုင်၏စာရင်းစစ်များမှလိုအပ်၍ တောင်းဆိုသောအခါ ရရှိနိုင်ရန်ပြုစုထားရမည်။
 အန္တရာယ်ရှိသော ပစ္စည်းများထားသိုသည့်နေရာများ၊ အခြားသော အဆိပ်သင့်ဘေးအန္တရာယ်ရှိစေသည့် ပစ္စည်းများနှင့် ဘေးဒုက္ခကျရောက်နိုင်သောနေရာများကို စာဖြင့်သတိပေးထုတ်ပြန်မှုများထားရှိရပါမည်။
 ဘေးအန္တရာယ်ကာကွယ်ရေးကိရိယာများ နှင့် ဆက်စပ်ပစ္စည်းများထားရှိရာနေရာကို စာဖြင့်မြင်သာအောင်ထုတ်ပြန်ပါမည်။
 သက်ဆိုင်ရာစာရွက်စာတမ်းများအား လိုအပ်သလို အခါအားလျှော်စွာ ပြင်ဆင်မွမ်းမံ၍ ပြဌာန်းချက်နှင့်ကိုက်ညီအောင် ထိန်းသိမ်းထားရမည်။
တိုင်ကြားချက်များအပေါ်မှန်ကန်စွာအရေးယူဆောင်ရွက်ခြင်း
 ဘီအက်စီအိုင်စည်းမျဉ်းများနှင့်ပါတ်သက်၍ တိုင်ကြားချက်များကို ကိုင်တွယ်ဆောင်ရွက်ရန်တာဝန်ခံ ဝန်ထမ်းခန် ့အပ် ထားရမည်။
 အလုပ်သမားများ မှသော်လည်းကောင်း၊ အလုပ်သမားနှင့်ဆက်စပ်သော တတိယပါဝင်သက်ဆိုင်သူများမှသော်လည်းကောင်း ဘီအက်စီအိုင်စည်းမျဉ်းများနှင့်ပါတ်သက်၍တိုင်ကြားချက်များရှိပါက မှတ်တမ်းတင်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းများပြုလုပ်ခြင်း တို ့အပြင် သက်သေအထောက်အထားနှင့်တကွ လိုအပ်သမျှသော မှန်ကန်ရာမှန်ကန်ကြောင်းအတွက် ဖော်ထုတ်ပေး ရမည်။
 မှန်ကန်သောအတိုင်းအတာသို ့ရောက်ရှိပြီးမြောက်ရန်လို အပ်သည့်အရင်းအမြစ်ရရှိစေရေးကိစ္စများကိုပါပြုလုပ်ပေးရမည်။
 အလုပ်မှရပ်စဲခံရပြီးဝန်ထမ်းများ (သို ့) အခြားစည်းကမ်းဖောက်ဖျက်သည့်မည်သည့်ဝန်ထမ်းကိုမဆို ဘီအက်စီအိုင်၏ စည်းမျဉ်းများနှင့်ဆောင်ရွက်ပေးချက်များကိုနားလည်သိရှိစေရန် ထပ်မံအသိပေးရပါမည်။
ပစ္စည်းပေးသွင်းသူများ နှင့် ၎င်းတို ့၏တစ်ဆင့်ခံချုပ်ဆိုသူများ
 မည်သည့်စာချုပ်ချုပ်ဆိုလုပ်ကိုင်မှုတိုင်း၌မဆိုပစ္စည်းပေးသွင်းသူသည် ဘီအက်စီအိုင်စည်းမျဉ်းများနှင့် လူမှုရေးအဆင့်အတန်း ဆိုင်ရာများ အတွက် လိုက်နာဆောင်ရွက်နေကြောင်း အသိပေးမှုပြုလုပ်ရမည်။
 ပစ္စည်းပံ့ပိုးသူအားဘီအက်စီအိုင်၏စည်းမျဉ်းများအားပြီးမြောက်အောင်လိုက်နာဆောင်ရွက်ရန်အတွက် လုပ်ငန်းစဉ်များချမှတ်၍ လုပ်ဆောင်နေသောအကြောင်းများကို ပုံမှန်သတင်းပို ့ပေးခိုင်းရမည်။

စောင့်ကြည့်ခြင်း
 ဘီအက်စီအိုင်အသင်းဝင်များသို ့၎င်းတို ့၏လှုပ်ရှားမှုများနှင့် ထုတ်လုပ်ရေးလုပ်ငန်းခွင်များနှင့်သက်ဆိုင်သော သတင်းအချက်အလက်များပံ့ပိုးပေးရမည်။
 မည်သည့်အဖွဲ ့အစည်းမှမဆို ဘီအက်စီအိုင်အသင်းဝင်၏ကိုယ်စားလှယ်အဖြစ် ပစ္စည်းပေးသွင်းသူအပြင် တစ်ဆင့်ခံချုပ်ဆို လုပ်ကိုင်သူတို ့၏စီးပွားရေးဆိုင်ရာအဆောက်အဦ နှင့်လုပ်ဆောင်နေမှုများအား ဝင်ရောက်စစ်ဆေးခြင်း ကို ကြိုတင်အကြောင်းကြားသည်ဖြစ်စေ၊ အကြောင်းမကြားသည်ဖြစ်စေ စစ်ဆေးခွင့်ပြုရပါမည်။

လေးစားလိုက်နာမှုရှိခြင်း နှင့် မရှိခြင်း၏အကျိုးဆက်များ(နောက်ဆက်တွဲ-ဂ)(Consequences of Non-Compliance)
အကယ်၍ပံ့ပိုးသူသည် ဘီအက်စီအိုင်၏စည်းမျဉ်းများ နှင့်လိုအပ်ချက်များကို ကိုက်ညီအောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက (သို ့မဟုတ်) သင့်တင့်လျှောက်ပါတ်သော အချိန်အတွင်းလုံလောက်သည် ့ဖြေရှင်းချက် မရရှိခြင်း၊ အထမြောက်ခြင်းမရှိ ပါက ဘီအက်စီဘိုင်အသင်းဝင်သည် လက်ရှိထုတ်လုပ်မှုမှရပ်ဆဲခြင်း၊ ထုတ်လုပ်ရန် ချုပ်ဆိုခဲ့ပြီး စာချုပ်များအား ဖျက်သိမ်းခြင်း၊ အနာဂါတ်အတွက်ချုပ်ဆိုထားသော လုပ်ငန်းစာချုပ်များအားလုံးကို ယာယီရပ်ဆိုင်းခြင်း နှင့် သဘောထားကိုက်ညီခြင်းမရှိသော စီးပွားဆက်သွယ်ဆောင်ရွက်ခြင်းများမှလုံးဝရပ်ဆဲခြင်း အကျိုးဆက်နှစ်ခုအနက်မှ တစ်ခုကိုရွေးချယ်ရန်သဘောတူရမည်ဖြစ်သည်။
အကယ်၍ စုံစမ်းစစ်ဆေးသူမှ ဘီအက်စီအိုင်၏ စည်းမျဉ်းများကို လိုက်နာမှုနည်းပါးခြင်း၊ အပြည့်အဝလိုက်နာမှု မရှိခြင်းကို တွေ ့ ရှိပါက ပစ္စည်းပံ့ပိုးသူသည် မှတ်ကန်သောပြုပြင်မှုများကိုရရှိအောင် မဆိုင်းမငံ့ချက်ချင်းဆောင်ရွက်ရပါမည်။
စာရင်းစစ်သူမှပေးအပ်သောအချိန်အတိုင်းအတာတစ်ခုအတွင်းတွင်ပစ္စည်းပံ့ပိုးသူမှမှန်ကန်သောပြုပြင်မှုများကိုအထမြောက် အောင် မြင် အောင် လုပ်ဆောင်ရပါမည်။ သို ့ရာတွင် အဆိုပါကာလသည် ၁၂ လ ထက် မကျော်လွန်ရပါ။ အကယ်၍ ပစ္စည်း ပံ့ပိုးသူသည် ပြီးခဲ့သောအတိတ်ကာလတစ်ခုတွင် ဘီအက်စီအိုင်မူများကိုအခြေခံတစ်ကျမလိုက်နာခြင်းကို မျက်မှောက်တွင် တွေ ့ရှိခဲ့ပါက အချိန် မရွေး အကြောင်းပြချက်မရှိဘဲ စီးပွားဆက်သွယ်လုပ်ဆောင်ချက်များျပြန်လည်ဆက်သွယ်ခွင့်ရမည်မဟုတ်ပါ။

ဘာသာပြန်ဆိုသူ
မိပူးကေ