ငါ နဲ့ အတူ လိုက်တော်မူ

winkyawaungOctober 30, 20101min1206

ဓာတ်ပုံ paephuhlwarmagazine.asia မှ ဖြစ်၏။

ငါ..အရာရာကို
ဘာကိုမျှ မကျေနပ်
ဘာကိုမျှ အလိုမပြည့်
ဟိုနေရာစပ်စပ်
ဒီနေရာစပ်စပ်
ငါသိ ငါတတ် ဆရာကြီး..။

ဒါပေမဲ့
အသိပညာတွေကိုလည်း
ထဲထဲဝင်ဝင် မရှိ…
အတတ်ပညာတွေကိုလည်း
ဇဝေ ဇဝါ.ဝိုးတိုးဝါးတား
ဗေဒင်ဆရာရဲ့ ပါးစပ်မှာ လမ်းဆုံးထား..။

နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ..
ဘာသာရေး အသိုင်းအဝိုင်းမှာ..
လူမူရေးနယ်ပယ်မှာ..
သတင်း၊နည်းပညာကွန်ယက်မှာ..
အနုပညာအစုံ ရေလျင်ကြောမှာ..
ဆရာကြီး၊ ဆရာကြီးပါ….။

ဪ..ငါ..ငါ..
လူတွေက မသိကြလို့သာ..
ယခု သေခင်း သေဝရောက်တော့မှ
ငါ..စဉ်းစားမိပါတယ်..
အမှန်တကယ် ထဲထဲဝင်ဝင်
မြင်နေရတာ..အပါယ်ငရဲပါ..တကား။

(သူများ အရေးထက် ကိုယ့်အရေးကိုယ်သာ အားထုတ်နိုင်ကြပါစေ…)

ကိုယ်တိုင်ရေး ကဗျာ (နောင်တ)

6 comments

  • winkyawaung

    October 30, 2010 at 5:16 pm

    ကိုယ့် ကိုယ် ကိုသနားလို့ ရေးလိုက်မိပါတယ်..။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 30, 2010 at 10:05 pm

    (သူများ အရေးထက် ကိုယ့်အရေးကိုယ်သာ အားထုတ်နိုင်ကြပါစေ…)

    မိမိကိုယ်တိုင် ရေနစ်နေပါလျှက်နဲ ့ သူတစ်ပါးရေနစ်နေတာကိုု ကူညီဘို ့ ရာ အခက်ခဲရှိလိမ့်မယ်လို ့
    အဆုံးမ ရှိပါတယ်။

  • kopauk mandalay

    October 31, 2010 at 9:08 am

    ငရဲပြည်ရောက်နေတာကို ငရဲပြည်မှန်းသိရင်တော်သေးတာပေါ့။
    တစ်ချို့များငရဲပြည်ရောက်နေတာကို နတ်ပြည်ထင်နေတာဗျ။
    ခင်ဗျားက ငရဲပြည်ရောက်နေတယ်ဆိုမှတော့ ဘာလို့အတူလိုက်ရမှာလိုက်
    ကိုယ့်ဖာသာကိုယ်သွားလိုက်ပါ ဘော်ဘော်ရေ
    ဒို့များကတော့နောက်မှာ ……………………လာမယ် ဘိုင်ဘိုင်

  • kai

    October 31, 2010 at 10:27 am

    ငါ နဲ့ အတူ လိုက်တော်မူဆိုတော့ ..ဘယ်များလည်းလို့..
    ငရဲတဲ့..။
    မလိုက်ရေးချ..မလိုက်..မလိုက်..။

  • winkyawaung

    October 31, 2010 at 12:09 pm

    စာရေးသူ လောကြီးပြီး ကဗျာ ခေါင်းစဉ်ပေးတာ မှား သွားပါတယ်..။ ငါ ဆိုတဲ့ အတ္တကြီးသူ တွေရော ကျွန်တော်ပါ ရည်ရွယ်ပြီး တစ်သီကြီးကို ခေါ်လို်က်မိတာပါ။
    အမှန်က( လောဘ..ဒေါသ..မောဟ သမားများ၏ လမ်းဆုံးသို့..) ပေးရမှာပါ.။
    (သူများ အရေးထက် ကိုယ့်အရေးကိုယ်သာ အားထုတ်နိုင်ကြပါစေ…) ဆိုတာကလည်း ဗုဒ္ဓဘုရားရှင် ဟောကြားတဲ့ သံသယာ မှ ထွက်ရာလမ်းဖြစ်တဲ့ ဝိပဿနာ တရား အားထုတ်ဖို့ကို ဆိုလိုတာပါ..။
    ရေးသူရဲ့ အားနည်းချက်ကို ထောက်ပြပေးကြတာကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ..။

  • naywoonni

    October 31, 2010 at 1:36 pm

    လိုက်တော့လိုက်ချင်သား
    တားတားကငယ်သေးလို့နော်ဦးဦး
    မိန်းမယူပြီးကလေးနှစ်ဒါဇင်လောက်မွေးပါရစေဦး
    နော်……………

Leave a Reply