မြန်မာစကားဟာ မပြည့်စုံတာတွေနဲ့ ခေတ်နဲ့အမှီမလိုက်နိုင်ဖြစ်နေခဲ့တယ်ဆိုတာ ရေးခဲ့ဖူးတယ်..။ ဥပမာ နိုင်ငံရေးဆိုတာကိုပဲကြည့်။ပါတီနိုင်ငံရေး။ အမျိုးသားးနိုင်ငံရေး။ နိုင်ငံရေးသမား။ နိုင်ငံရေးလုပ်တယ်။ နိုင်ငံရေးလှုပ်ရှားတယ်..။ ဒီဟာတွေထဲ မပြည့်စုံတာနဲ့ပြည့်စုံနေခဲ့တယ်..။

ကမ္ဘာမှာတော့ Political Spectrum အစိတ်အပိုင်းတွေခွဲထားတာ အများကြီးရှိပါတယ်။ မြန်မာတွေရော မခွဲသင့်ကြဖူးလား။ မြန်မာပြည်ကိုအုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်နေတဲ့။ အုပ်ချုပ်မဲ့ခေါင်းဆောင်တွေက ဘယ်နေရာဘယ်အပိုင်းထဲရှိသလည်း မခွဲသင့်ဖူးလား။

သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်သိန်းဖေမြင့်၊ ဦးနေ၀င်း၊ ဦးကျော်ငြိမ်းတို့ … ဘယ်နေရာတွေလည်း မသိသင့်ဖူးလား.။

ဒေါ်အောင်ဆန်းစုကြည်၊မင်းကိုနိုင်၊
ဦးစိန်ဝင်း၊ ဦးမောင်မောင်၊
ဦးအောင်ကြီး၊ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးဌေးဦး၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ … အများကြီးပဲ..။

အောက်က ပုံစာတွေကိုးကားကြည့်ပြီး ..ဖြေကြည့်ပါလား..။
ကိုယ့်ကိုယ်ကိုယ်လည်း ဖြေကြည့်ပေါ့နော..။ဘယ်လိုခွဲကြည့်ရမလည်း မသေချာရင် ကိုယ့်ယုံကြည်ရာ ဘာသာရေးနဲ့အခြေခံခွဲချပေါ့။ ဘာသာေ၇းယုံကြည်ချက်တွေက အတွေးအခေါ်တွေကို အကြီးအကျယ်လွှမ်းမိုးပါတယ်.။  ဘာသာရေးအစွန်းရောက်တာကို အုပ်စုခွဲရင် ကွန်ဆာဗေးတစ် ယာဖက်ယိမ်းတယ်မှတ်ပါတယ်..။

ဥပမာ ဆယ်ရီဘရိတ်တီတွေ ၀တ်တာစားတာ၊လူနေမှုရိုက်၊ ဆက်ဆံရေးတွေ..စတဲ့ နေရာတကာ ကိုဘာသာေ၇းစံနဲ့ လိုက်တိုင်းတာနေတာကို ကွန်ဆာဗေးတစ်လို့ ခေါ်နိုင်တာပါ။

political_circle < PDF

political_spectrum

political_spectrum

political_spectrum

political_spectrum

Political Matrix

Political Matrix

European-political-spectrum

European-political-spectrum

kai

About kai

Kai has written 913 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.